ဧဒင်အချစ်ပုံပြင်: တရုတ်နိုင်ငံ အရှေ့တောင်ဘက်တွင် ကားတိုက်မှုကြောင့် (၆) ဦး သေဆုံး

Saturday 14 July 2012

တရုတ်နိုင်ငံ အရှေ့တောင်ဘက်တွင် ကားတိုက်မှုကြောင့် (၆) ဦး သေဆုံး

ဇူလိုင်လ (၁၄) ရက်။    ။ တရုတ်နိုင်ငံ အရှေ့တောင်ဘက် ဖူဂျီယမ်ပြည်နယ်တွင် သောကြာနေ့က ဘန်ကားတစ်စီးနဲ့ ကုန်တင်ကားတစ်စီး တိုက်ခဲ့မှုကြောင့် (၆) ဦး သေဆုံးခဲ့တယ်လို့ ပြည်တွင်းအာဏာပိုင်များက ပြောကြားပါတယ်။ အဆိုပါ ကားတိုက်မှု့ဟာ (No.316) အမျိုးသား အဝေးပြေးလမ်းတွင် ည (၄း၃၀) နာရီအချိန်က တိုက်ခဲ့တာ ဖြစ်ပြီး ဘန်ကားမောင်းသူ အပါအဝင် ခရီးသည် (၆) ဦး သေဆုံးခဲ့တယ်လို့ ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။
ခရီးသည်အားလုံးက အထက်တန်းကျောင်းမှ ဆရာများ ဖြစ်တယ်လို့ဆိုပြီး Shaowu မြို့မှာ တာဝန်ထမ်းဆောင်ပြီး အိမ်ပြန်လာကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ ကားတိုက်မှုနဲ့ ပက်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။
@YTNP

1 comment:

  1. ဖြစ်ကြပြန်ပြီနော်...
    ဒီယာဉ်တိုက်မှုတွေ ဘယ်တော့မှ ပျောက်တော့မလဲ မသိဘူး...

    ReplyDelete

Related Posts Plugin for WordPress, Blogger...