စင်္ကာပူနိုင်ငံမှ အသက်(၃၈)နှစ်အရွယ် စုံစမ်းစစ်ဆေးရေးဌာနမှ
ရဲအရာရှိတစ်ဦးဟာ ရဲအစောင့်အရှောက်များရှိနေသော
ရဲဝင်းအတွင်းမှာ သေနတ်ဒဏ်ရာဖြင့် သေနေတာကို
ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ ရဲအရာရှိသည် ၁၉၉၁ ခုနှစ်ကတည်းက စင်္ကာပူရဲဌာနသို့ ဆက်သွယ်၍
တာဝန်ထမ်းဆောင်ခဲ့ပြီး လုပ်သက်(၁၄)နှစ်ရှိတဲ့
စီနီယာရဲအရာရှိတစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။
၎င်းသေဆုံးချိန်ဟာ ၎င်း၏တာဝန်ကျချိန်မဟုတ်ကြောင်းလည်း သိရသည်။
၎င်းသေဆုံးမည့်နေ့ရဲ့ မနက်ပိုင်း လေးနာရီ လေးဆယ့်တစ်မိနစ်အချိန်က
သူ့အကူအညီလိုတယ်လို့ ၎င်း၏မိသားစုထံမှ ဖုန်းဝင်လာခဲ့ပြီး စိတ်ဖိစီး
ခံစားနေရပုံရှိနေခဲ့တယ်လို့ ရဲများက ပြောဆိုခဲ့ပါတယ်။
Source : Straitstimes
No comments:
Post a Comment