ဧဒင်အချစ်ပုံပြင်: “ငါးထပ်တိုက်မှ ပစ်ချ သေဆုံးသည့် မြန်မာအလုပ်သမ အား မြန်မာသံရုံးနှင့် BAT တို့သဂြိုဟ်ပြီးစီး”

Thursday, 9 August 2012

“ငါးထပ်တိုက်မှ ပစ်ချ သေဆုံးသည့် မြန်မာအလုပ်သမ အား မြန်မာသံရုံးနှင့် BAT တို့သဂြိုဟ်ပြီးစီး”





အဓမ္မပြုကျင့်ခံရပြီးနောက် ငါးထပ်တိုက်ပေါ်မှ ပစ်ချခံခဲ့ရပြီး သေဆုံးသွားခဲ့ရသည့် မြန်မာ အလုပ် သမား အလောင်းအား ဘန်ကောက်မြို့မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေးအသင်း၊ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ BAT   နှင့် မြန်မာအလုပ်သမားများ ယမန်နေ့က ကောင်း မွန်စွာ သဂြိုဟ်နိုင်ခဲ့ပြီးဖြစ်သည်။

         သြဂုတ်လ၂ ရက်နေ့ မွန်းလွဲ ၂နာရီကျော်က ညဘက် အလုပ်လုပ်ထားသဖြင့် အိမ်မောကျနေသည့် အသက် ၃၇ နှစ်အရွယ် မစန်းစမ်းဝင်း အား အမည် မသိ အသက် ၂၀ ခန့် အရွယ် ထိုင်းအလှူခံ တစ်ဦး ကအခန်းတွင်းသို့ ၀င်ရောက်ပြီး စုဗူးကိုဖေါက်ယူ၊ လူကိုအဓမ္မပြုကျင့်ပြီး ငါးထပ်အမြင့် တိုက်ပေါ်မှ ပစ်ချ ခဲ့ သဖြင့်မဟာချိုင်အမှတ် ၂ ဆေးရုံတွင် ဆေးဝါးကုသခံရင်း သေဆုံးသွားခဲ့သည်။

         မစန်းစန်းဝင်း အလောင်းအား မိသားစုဝင်များ ရှာမရပဲဖြစ်နေသဖြင့် မြန်မာသံရုံး အလုပ်သမား ကူညီရေးအသင်းက လိုက်လံစုံစမ်းပေးခဲ့သဖြင့် ဘန်ကောက်မြို့ဘုရင်ဆေးရုံတွင် သွားရောက် ထုတ်ယူခဲ့ကြ ရသည်။  မြန်မာသံရုံး အလုပ်သမားအရာရှိ ဦးကျော်ကျော်လွင် က “ ကျနော်  ကထုန်ဘန် မကာဆာခွန်ရုံး
(အာမခံရုံး)ကိုသွားပြီးတော့ အရာရှိနဲ့ တွေ့ ခဲ့တယ်။ သေဆုံးသူမှာ အသက်အာမခံမလုပ်ရသေးဘူး။ ဒါပေမယ့် ကျနော်ဒီနေ့ အလုပ်သအား အခွင့်အရေးကာကွယ်ရေးရုံးကိုသွားမယ်။ အလုပ်သမားတစ်ယောက် အလဟသ သေဆုံးမှုတော့မဖြစ်စေရဘူး။ ထိုင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေကို မြန်မာအစိုးရ အနေနဲ့  အတတ်နိုင်ဆုံး ကူညီသွားပါမယ်” ဟုပြောဆိုသွားသည်။

      အဓမ္မပြုကျင့်ခံရသည့် အလုပ်သမ အခန်းသို့ မိသားစုဝင်များနှင့် အတူ ရောက်ရှိခဲ့သော BAT တာဝန်ခံ ဦးကျော်သောင်း က  “ အခင်းဖြစ်ပွားပုံနဲ့ အ၀တ်အထည်တချို့ကို သေသေချာချာ ထုတ်ပိုးပြီး ကျနော်သိမ်း ဆည်းနိုင်လိုက်တယ်။ ပြစ်မှုကျူးလွန်သူ လို့ ယူဆရသူကို မြန်မာအလုပ်သမားတွေ မြင်တွေ့လိုက်ကြပေမယ့်ဖုန်းကယ်မရာနဲ့ တစ်ယောက်မှ မရိုက်ထားနိုင်လိုက်ဘူး။ အလုပ်သမားတွေ ဟာမိမိလက်ဝယ်မှာရှိတဲ့ဖုန်းကို
အဓိပ္ပါယ်ရှိရှိ သုံးတတ်အောင် လေ့လာထားဖို့ လေ့ကျင့်ထားကြဖို့ လိုပါတယ်။ အစိုးရ တစ်ရပ် ကျနော် တို့ နောက်က မားမားရပ်ပေးတာ အလုပ်သမားတွေ အတွက် အကြီးမားဆုံး အင်အားပါပဲ” ဟုပြောသည်။

             BAT  မဟာချိုင် တာဝန်ခံ ကိုခိုင်ကြီး က  “ အခင်ဖြစ်ပွားတဲ့နေရာနဲ့ ဆေးရုံကို  နယ်မြေခံ ရဲတွေ လာမကြည့်ကြဘူး။ အလောင်းရှာမရလို့ ကျနော်တို့ မြန်မာသံရုံးကိုအကူ ညီသွားတောင်းလို့   မြန်မာသံရုံးက ဖုန်းဆက်မှသြဂုတ်လ ၇ ရက်နေ့ က မှ အမှုဖွင့်တာကို လက်ခံတယ်။ အလုပ်သမားတွေ   နေထိုင်တဲ့ တိုက်က လုံခြုံရေး လည်းမရှိသလို သန့်ရှင်းရေးလည်း မရှိဘူး။ လူတစ်ယောက်လုံး အဓမ္မပြုကျင့်ခံရပြီး ငါးထပ်တိုက်ပေါ်ကပစ်ချ တာ ကိုအမှုဖွင့်တာကို လက်မခံတာ၊ အတော်မိုက်ရိုင်းတဲ့လုပ်ရပ်ပဲ” ဟုပြောသည်။

          သေဆုံးသူ မစန်းစန်းဝင်း သည် ဧရာဝတီတိုင်း ရေကြည်မြို့နယ် နုံးကနိုင်ရွာမှဖြစ်သည်။ အလုပ် လုပ်သည့် နေရာတွင် ခင်ပွန်း ကိုအောင် နှင့် သမီးကြီး တစ်ဦးတို့ ရှိနေကြပြီး၊ နေရပ်ရင်းတွင် သမီးအ လတ်နှင့် တစ်နှစ် ကျော် အရွယ် သားငယ်တစ်ဦးမှာ ကျန်ရစ်ခဲ့သည်။ မစန်းစန်းဝင်း ဈာပနအား ဦးဆောင်စီစဉ်ပေးသည့် ၀ပ်တလုံးကျောင်းမှ မြန်မာသံဃာတော် ဦးဇောတိကက ထိုင်းဘုန်းတော်ကြီး ၂၉ပါး အတွက် ဆက်ကပ်မည့် ၀ထ္တုငွေများ၊ သင်္ကန်း၃ဆူနှင့် ဗြောက်အိုးကုန်ကျ ငွေ စုစုပေါင်း ဘတ်ငွေ (၁၀၀၀၀) နှင့် ကျန်ရစ်သူ မိသားစုအား ဘတ် ငွေ ၁၀၀၀၀၊ မြန်မာသံမှူး ဦးနိုင်ထွန်း က ဘတ်ငွေ ၈၀၀၀၊ မြန်မာအလုပ်သမားအရာရှိ ဦးကျော်ကျော် လွင် ကဘတ်ငွေ ၅၀၀၀၊ အားကစား စက်ရုံ အလုပ်သမားခေါင်း ဆောင် ကိုဝင်းနိုင် ကောက်ခံရရှိငွေ ဘတ် ၁၀၇၀၀၊ ကိုစိုင်းခွန်မင်း  ကောက်ခံရရှိငွေ ဘတ်၅၀၀၀၊ ၆ထပ်တိုက် အလုပ်သမားများ ဘတ် ၁၃၀၀၀၊ မစန်းစန်းဝင်း အလုပ် လုပ်ကိုင်ခဲ့သည့်  ကြက်သား အလုပ်ရုံ မှ ၇၄၀၀ ဘတ် နှင့် မန်နေဂျာက ဘတ် ၂၀၀၀၊ စန်းစန်းဝင်း နေထိုင်ခဲ့သည့် တိုက်ပိုင်ရှင်က ဘတ် ၂၀၀၀  ထောက်ပံ့ ကူညီ ပေးခဲ့ကြသည်။

      မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း ဘန်ကောက်မြို့   မြန်မာ သံရုံးကထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အရေးကိစ္စရပ်များအားကူညီဆောင်ရွက်မှုများ အနက် မြန်မာအလုပ်သမား တစ်ဦး အလောင်း သဂြိုဟ်ပြီးစီးသည်အထိ မထမဦးဆုံး ကူညီပေးသည့် နာရေးကိစ္စဖြစ်ကြောင်းသိရသည်။


@ရွှေလုပ်သား

1 comment:

Related Posts Plugin for WordPress, Blogger...