ဧဒင်အချစ်ပုံပြင်: နော်ဝေမီဒီယာအထိ သတင်းကြီးတဲ့ ရွှေမင်းသမီး

Tuesday 11 September 2012

နော်ဝေမီဒီယာအထိ သတင်းကြီးတဲ့ ရွှေမင်းသမီး



သြဂုတ်လ (၁၃) ရက်နေ့ ရန်ကုန် ပညာရေးတက်္ကသိုလ်လေ့ကျင့်ရေးအထက် တန်းကျောင်း (TTC)  မှ အထက်တန်းပြ ဆရာမ(၂)ဦးဖြစ်သည့် ဒေါ်အေးအေး သိန်းနှင့် ဒေါ်မာလာကြိုင်ဆိုသူတို့အား  စီမံခန့်ခွဲမှုလိုအပ်ချက်အရအခြားကျောင်း သို့ ပြောင်းခန့်ထားလိုက်သည့် ကျောင်း ပြောင်းအမိန့်စာကို  အမှတ်(၃) အခြေခံ ပညာဦးစီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပါ သည်။ ၎င်းကျောင်းပြောင်း အမိန့်စာနှင့် ပတ်သက်ပြီး လက်ရှိ ပညာသင်ကြား နေသောကျောင်းသားများက ကျောင်း တွင်းဆန္ဒပြကြသည့်အပြင် သမ္မတကြီး နှင့် ပညာရေးဝန်ကြီးထံသို့ အသနားခံစာ ပါတင်ထားကြကြောင်း၊ ကျောင်းသူ၊ ကျောင်းသားများသာမက အုပ်ထိန်းသူ မိဘများကပါ ၀ိုင်းဝန်းပါဝင်လက်မှတ်ရေး ထိုးခဲ့ကြကြောင်း သိရှိရသည်။
ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ ကျင့်ရေးကျောင်းတွင် လက်ရှိပညာသင် ကြားနေသူ ကျောင်းသား၊ ကျောင်းသူ ပေါင်း ၈၂၀၃ ဦးရှိပြီး ၎င်းတို့အနက် အထက်တန်းတွင် ပညာသင်ကြားနေ သော ကျောင်းသား၊ ကျောင်းသူ ၁၄၄၅ ဦးတို့သည် ခန်းလုံးကျွတ်
အတန်းမတက် ခြင်း၊ကျောင်းချိန်ပြောင်းလဲတက်ခြင်းများ ကို လုပ်ဆောင် ဆန္ဒပြခဲ့ကြသည်။
ကျောင်းသား မိဘများမှလည်း ယင်းသို့ ကျောင်းပြောင်းခြင်းကို ၀န်ကြီး ဌာနအနေဖြင့် လုပ်ပိုင်ခွင့်ရှိကြောင်း၊ သို့သော် ထိုဆရာမနှစ်ဦး ပြောင်းရွှေ့ရ ခြင်းမှာမည်သည့်အတွက်ကြောင့်ဖြစ်သည် ကို ကျောင်းရော၊ ၀န်ကြီးဌာနကပါ  ပွင့် လင်းမြင်သာသော ဖြေရှင်းချက်ပေးထား ခြင်းမရှိသည့်အတွက်လက်ရှိ ကျောင်းသူ၊ ကျောင်းသားများနှင့် မိဘများ၊ ကျောင်း သားဟောင်းများမှ ကျောင်းပြောင်းရွှေ့ အမိန့်အပေါ် ယခုကဲ့သို့ စုပေါင်းလက် မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
အထက်ပါကိစ္စနှင့် ပတ်သက်ပြီး ပြောင်းရွှေ့ခြင်းခံရသော ဆရာမနှစ်ဦးမှ လည်း နိုင်ငံတော်  သမ္မတကြီးထံသို့ ကျောင်းအုပ်ဆရာမကြီးက လုပ်ကြံစွပ်စွဲ တိုင်ကြားသဖြင့် ပြောင်းရွှေ့ခံရခြင်းဖြစ် ကြောင်းကို သိရှိနိုင်ရန် စာပို့တင်ပြ ထားကြောင်း သိရသည်။
ဆရာမ ဒေါ်အေးအေးသိန်းနှင့် ဒေါ်မာလာကြိုင်တို့သည် ၎င်းတို့ တပည့် များအပေါ် သင်ပြမှု အကောင်းဆုံးနှင့် စေတနာ၊အနစ်နာခံကာကျောင်းသားများ အပေါ် စံပြုလေးစား လောက်အောင် အကောင်းဆုံး ဆုံးမပဲ့ပြင်နိုင်သော စံပြ ဆရာမများဖြစ်ကြောင်း၊ မလို လားသော တစ်ဖက်အုပ်စု တစ်စုရှိရာ ထိုအုပ်စုမှ မတရား ပူးပေါင်းကြံစည်ကျောင်းပြောင်း ရွှေ့စေခဲ့သဖြင့် အမှုမှန်ပေါ်ပေါက်ရန် သမ္မတကြီးကဖြစ်စဉ်ကို ပြန်လည်သုံးသပ် ပေးစေလိုကြောင်း၊ ဆရာမများ နစ်နာမှု မရှိရအောင်ဝိုင်းဝန်း လုပ်ဆောင်ကြခြင်း ဖြစ်သည်။
သမ္မတထံသို့ တင်ပြပေးပို့ရာတွင် ဆရာမနှစ်ဦးဘက်မှ သက်သေပြု ရပ် တည်ခဲ့ကြသည့်စာများကို ရေးသားပေး ပို့ကြသော စာများလည်း ပါဝင်သည်ကို တွေ့ရသည်။ ပညာရေး လောကမှ ဂုဏ် သရေရှိဝန်ထမ်းများဖြစ်ကြသောပါမောက္ခ ဒေါ်ချိုဝင်းကျော် (စီးပွားရေး တက္ကသိုလ် ဌာနမှူး)၊ ဦးတင်လှိုင်(ရန်ကုန် တက္ကသိုလ်  မော်ကွန်းထိန်း-၁)၊ ဒေါက်တာဒေါ် ၀င်း ကြည်၊(သင်္ချာဌာနအဝေးသင်တက္ကသိုလ်)  တို့မှ ပြောင်းရွှေ့ခံရသောဆရာမနှစ်ဦး သည် အရည်အချင်း ပြည့်ဝ၍ ကောင်း သတင်းရှိ ပြီးဖြစ်သောအထက်တန်းပြ ဆရာမများဖြစ်ပါကြောင်းနှင့် လုပ်ငန်း တာဝန်ပေးအပ်မှုအပေါ်အရည်အချင်းနှင့် ပြည့်စုံစွာစွမ်းဆောင်နိုင်သောဝန်ထမ်း ကောင်းများဖြစ်ကြောင်း ထောက်ခံ စာများ ပါရှိသည်ကို တွေ့ရသည်။
ရန်ကုန် ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း(TTC) တွင် ကျောင်းအုပ်ကြီးတာဝန်ကို ထမ်း ဆောင်ခဲ့သော ယခင်ကျောင်းအုပ် ဆရာ ကြီး ဒေါက်တာ နန္ဒာထွန်းထံမှလည်း ““ကျွန်တော် ရှိစဉ်အခါက ကျောင်း လုပ်ငန်းနဲ့ ပတ်သက်ရင်တော့ စီမံခန့် ခွဲမှုကိစ္စတွေ၊ ကျောင်းရဲ့ စည်းကမ်း ပိုင်း တွေ၊ ကျောင်းရဲ့ မူဝါဒတွေနဲ့ ပတ် သက်ပြီး စိတ်ချရတဲ့ဆရာမကြီးတွေပါ။  ဆရာမနှစ်ဦးစလုံးတာဝန်ပျက်ကွက်မှု ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး”” ဟု အဆိုပါ ဆရာမနှစ်ဦးနှင့် ပတ်သက်၍ Hot News Journal  သို့ အံ့သြတကြီး ပြောဆို ခဲ့ပါသည်။


(TTC) ကျောင်းအုပ်  ဆရာမကြီး ဒေါက်တာ  ဒေါ်မြင့်မြင့်စန်းထံ The Voice Weekly  က သွားရောက်မေးမြန်း ရာ ယင်းကိစ္စအတွက် ၎င်းအနေဖြင့် ဖြေ ကြားလိုခြင်း မရှိကြောင်း ပြန်လည်ဖြေ ကြားကြောင်းကိုလည်း The Voice Weekly  ဂျာနယ်၏ သတင်း ထုတ်ဖော် ရေးသားမှုများမှ သိရှိရသည်။
အဆိုပါ ဆရာမနှစ်ဦးပြောင်းရွှေ့ ခံရခြင်းနှင့်ပတ်သက်၍ အတည်ပြုနိုင်ရန် ယခုလ ၂၂ ရက်နှင့် ၂၁ ရက်နေ့တို့တွင် အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန် မာပြည်)သို့လည်းကောင်း၊ နေပြည်တော် ပညာရေးဝန်ကြီးဌာနရှိ ပြောခွင့်ရ ညွှန် ကြားရေးမှူးချုပ်ထံသို့လည်းကောင်း ဖုန်း ဖြင့်ဆက်သွယ်မေးမြန်းသော်လည်းအလုပ် မအားသေးကြောင်းအစည်းအဝေး လုပ် နေကြောင်းသာပြန်လည်ပြောဆိုသည်ဟု The Voice Weekly ဂျာနယ်သတင်း ထုတ်ပြန်မှုများအရ အတိအလင်းတွေ့ရှိ ရသည်။
ထိုအတောအတွင်း(TTC) ကျောင်း အုပ်ဆရာမကြီးဒေါက်တာဒေါ်မြင့်မြင့်စန်း၊ ဆရာမ ဒေါ်အေးအေးသိန်း၊ ဆရာမ ဒေါ်မာလာကြိုင်တို့နှင့်  ပတ်သက်ပြီး ရေးသား ဖော်ပြမှုများအပေါ်တွင်ဖြစ်စဉ် အမှန်အတိုင်း သိရှိလိုသူများ တဖြည်း ဖြည်းများပြားလာသည်ကို တွေ့ရသည်။
(TTC) ကျောင်းဆင်းချိန်များတွင် ကျောင်းပရ၀ုဏ်အနီး၌ကျောင်းသားမိဘ များ၊ ပြည်သူအများတို့၏ အတည်မပြု နိုင်သောကောလာဟလသတင်းများ၊ထင် မြင်ယူဆချက် စကားသံများမှာအမျိုးမျိုး ထွက်ပေါ်ပျံ့နှံ့ ဆူညံနေကြောင်း တွေ့ရ သည်။(TTC) ကျောင်းနှင့်ပတ်သက်သည့် အကြောင်းအရာများမှာလည်းအောက်ပါ ဂျာနယ်တို့၏ စာမျက်နှာများပေါ်တွင် ဖတ်ရှုတွေ့မြင်နေကြရမည်ဖြစ်သည်။
(၁) ရဲရင့်တင်ဆွေ၏ ““မိုင်ရှစ်ပ်၊ မိုင် အော်ဒါနှင့် ကျောင်းထွက်လက်မှတ်”” (မော်နီတာ Vol(2)No(13) )
(၂) မာဂျေ၏““ဒေါက်တာဘွဲ့၊ ရာထူးတိုး မြှင့်ရေးနှင့် ကျောင်းအုပ်ပြဿနာ ”” (မြန်မာတိုင်းဂျာနယ် ၃၁-၈-၂၀၁၂)
(၃) ““(TTC) ဆရာမနှစ်ဦးကျောင်း ပြောင်းရွှေ့မှု သမ္မတကြီးနှင့် ၀န်ကြီးထံ ကျောင်းသားဟောင်းများ စာတင်မည် ”” (The Voice Weekly ၂၇-၈-၂၀၁၂)
(၄)စိမ်းစုစံ၏ ““သမ္မတဆီ မေတ္တာရပ် ခံစာပို့ မတဲ့လား”” (7 Days Journal   ၃၁-၈-၂၀၁၂)
အထက်ဖော်ပြပါ ဂျာနယ် (၄) စောင်တွင် ပါဝင်သော သတင်းများနှင့် သတင်းဆောင်းပါးများ၏ အကြောင်း အရာများကို စာဖတ်ပရိသတ်အများ ပြည်သူမှ စိတ်ပါဝင်စားစွာ စောင့်မျှော် ဖတ်ရှုနေကြကြောင်းကို တွေ့ရသည်။
ကျောင်းအုပ်ဆရာမကြီးဒေါက်တာ မြင့်မြင့်စန်းသည်  အ.ထ.က (၁၁) နေပြည်တော်တွင် တာဝန်ထမ်းဆောင်ခဲ့ စဉ်ကလည်း အထက်တန်း ကျောင်းသား (၁၆)ဦးအားဆော့လွန်းသည်ဟုအကြောင်း ပြကာ တန်းစီ၍ ပါးရိုက်ခဲ့ကြောင်း၊ ပါး ရိုက်ခံရသော ကျောင်းသားမိဘများက ကျေနပ်မှု မရှိသော်လည်း ဆရာမဖြစ်နေ သည်ကတစ်ကြောင်း ၎င်းင်းက နောက်တစ် နေ့တွင် ကျောင်းသားများအား ပြန်လည် ချော့မော့ခဲ့ပြီး မေတ္တာဖြင့် ရိုက်တာဖြစ် ကြောင်း၊ လူကို ပါးရိုက်တာ မဟုတ်ပါ ကြောင်း၊ စိတ်ကို ရိုက်တာပါဟု ကျောင်း သားများကို ခေါ်ယူတွေ့ဆုံ ချော့မော့ ခဲ့သည့်အတွက် မိဘများမှ အထက်ဌာန သို့တရားဝင်တိုင်တန်းမှုများမပေါ်ပေါက် ခဲ့ပါ။ ထိုသို့ပေါ်ပေါက်ခြင်း မရှိခဲ့သော် လည်းနော်ဝေ (DVB) သတင်းဌာနမှ အ.ထ.က(၁၁) နေပြည်တော်မှ ဆရာ မကြီး ကျောင်းသား ခြောက်ယောက်ကို ပါးရိုက်ခဲ့ပါသည်ဟု သတင်းထုတ်ပြန်ခဲ့ သည်။ ထိုစဉ်က ပါးရိုက်ခံခဲ့ရသည့် ကျောင်းသား အရေအတွက်မှာ (၁၆) ယောက်နှင့် (၆)ယောက် ကွဲလွဲထုတ်ပြန် ခဲ့သဖြင့်စိတ်ကျေနပ်မှုမရှိသော မိဘများ နှင့် အခြား ဆရာမများအတွင်း ငြင်းခုံ ပြောဆိုမှုများလည်း  ဖြစ်ပေါ်ခဲ့သည်။ စုံစမ်းသိရှိမှုအရ ထို (၁၆)ယောက်အနက်
(၁) ဟိန်းမင်းသူ
(၂) ရဲမင်းထက်
(၃) ဝေယံမင်းဦး
(၄) ဇေယျာထွန်း
(၅) အေးချမ်း
(၆) သီဟခန့်မင်းနိုင်
(၇) ချစ်မင်းကိုကို
(၈) ဟိန်းကျော်
(၉) မင်းမင်းတိုး
(၁၀) မျိုးသူထွန်း
(၁၁) ကျော်ထွန်းမင်း
(၁၂) နေဖြိုးမောင်
(၁၃) ခန့်မောင်ခန့် တို့ ပါဝင်ကြောင်း အခိုင်အမာသိရှိရသည်။
ထိုကိစ္စနှင့် ပတ်သက်၍ ထိုစဉ်က ဆရာမများ  လစာ  ထုတ်ရက်တွင် မြို့နယ်ပညာရေးမှူးဦးစိုးလှိုင်မှ (DVB)မှာ သတင်းပါလာသည့်အတွက် ဆရာမ နာမည်ကြီးနေပြီဖြစ်၍ သတိထားနေပါ ရန်ဆူပူပြောဆို သတိပေးခဲ့သည်။ ပညာ ရေးမှူးမှဆူပူသတိပေးခဲ့သည်ကို သိရှိ ရသည့်အတွက် မိဘများဘက်မှလည်း စိတ်မကျေနပ်မှုများ ပြေလျော့ခဲ့ကြသည် ဟု အ.ထ.က (၁၁) နေပြည်တော်တွင် ဆရာမကြီး ဒေါ်မြင့်မြင့်စန်း၏ ပါးရိုက် ခြင်းကိုခံခဲ့ရသော ကျောင်းသားမိဘ တစ်ဦးမှ သတင်းပေးပို့လာပါသည်။
နော်ဝေ သတင်းဌာနမှ သတင်း ထုတ်ပြန်မှုအပေါ်““နော်ဝေအထိသတင်း ကြီးတဲ့ ရွှေမင်းသမီး””ဟု လည်းကောင်း၊ ““ဂျပန်မ””ဟူ၍ လည်းကောင်း ကျောင်း သားမိဘများ၏ ပါးစပ်ဖျားတွင် ရေပန်း စားခဲ့သည်။
ယခုအကြိမ်တွင်လည်းနော်ဝေ(DVB) သတင်းဌာနမှ ဆရာမနှစ်ဦး ပြောင်းရွှေ့မှု အပေါ် တွင် ကျောင်းသား မိဘများ၏ အမြင်ကို မေးမြန်း၍ သတင်းထုတ်ပြန်ခဲ့ သည်။ကျောင်းအုပ်ဆရာမကြီးဒေါက်တာ မြင့်မြင့်စန်း၏ ကျောင်းအုပ်သက်တမ်း (၃) နှစ်အတွင်း ယခု ဂုဏ်သတင်းမှာ ““နော်ဝေ  မီဒီယာ၏  ဒုတိယအကြိမ် သတင်းကြီးတဲ့ ရွှေမင်းသမီး”” အဖြစ် ထပ်မံသတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယခုအကြိမ်တွင် နော်ဝေမီဒီယာတွင်သာ မက ပြည်တွင်းဂျာနယ်(၄)စောင်တွင်ပါ သတင်းကြီးလာခြင်းဖြစ်သည်။
ယခုကဲ့သို့ ပွင့်လင်း မြင်သာသော ဒီမိုကရေစီစနစ်ကို နိုင်ငံတော်တစ်ဝန်းလုံး ၌ အစွမ်းကုန် ပီပြင်အောင် ဆောင်ရွက် နေချိန်တွင် ဂျာနယ်စာမျက်နှာများပေါ် မှ ဖော်ပြချက်အကြောင်းအရာများကို ပညာရေးနှင့် သက်ဆိုင်သည့် ပညာရေး ၀န်ကြီးဌာန တာဝန်ရှိသူများ ယခုကဲ့သို့ ရေငုံနှုတ်ပိတ်နေရန် မသင့်ဟု ထင်မြင် ယူဆပါကြောင်း၊ ယခုဖြစ်ပေါ်နေသော အကြောင်းရပ်နှင့် စပ်လျဉ်း၍ ပညာရေး ၀န်ကြီးဌာနမှမှန်ကန်စွာ စိစစ်၍ သတင်း မှန်ကိုပြည်သူအကြားသို့ ပွင့်လင်းမြင်သာ မှုအပြည့်ဖြင့် ထုတ်ပြန်ကြေညာသင့်ပါ ကြောင်း၊ မီဒီယာများ အနေဖြင့် သိရှိရ သော အကြောင်းအရာများမှ ယခုကဲ့သို့ ရေးသားတင်ပြရခြင်းမှာ နိုင်ငံတော်နှင့် ပညာရေးဝန်ကြီးဌာနတို့၏ ဂုဏ်သိက္ခာ ကိုသော်လည်းကောင်း၊ ပြောင်းလဲပြုပြင် နေသည့်အစိုးရသစ်၏မူဝါဒကိုယုံကြည်စွာ ဖြင့် ဒီမိုကရေစီအမှန်အကန် ပီသရေးသို့ ရှေးရှု၍ ရေးသားတင်ပြရခြင်း ဖြစ်သည်။
မိမိတို့အနေဖြင့်ကောင်းမွန်မှန်ကန် သည့် အပြုသဘောကို ရှေးရှုကာ ရေးသားတင်ပြ လိုက်ရခြင်းဖြစ်ပါသည်။ မိမိသည် ပဉ္စမမြောက် ရေးသားတင်ပြ လိုက်သော စတုတ္ထမဏ္ဍိုင်ဖြစ်ပါကြောင်း မီဒီယာတို့၏ အမုန်းခံရေးသားတင်ပြမှု များအပေါ် တန်ဖိုးထား အားနာသော အားဖြင့် ပြည်သူ့အကျိုးကို ရှေးရှုကာ တာဝန်ရှိသူတို့သည် မလွှဲဧကန်အဖြစ် မှန်ကိုကျောင်းသားမိဘ ပြည်သူများအား အသိပေးထုတ်ပြန်မည်ဟု မိမိယုံကြည် မိပါသည်။

1 comment:

Related Posts Plugin for WordPress, Blogger...