"နောင်မွန်းက ပူတာအိုကို ခြေကျင် လျှောက်လာတာ သုံးရက် ကြာ တယ်။"
ကချင်ပြည်နယ်
နောင်မွန်းမှ ပူတာအိုသို့ ၇၄ မိုင် ခရီးကို ၃ ရက်ကြာ ခြေလျင်ခရီးနှင်လာခဲ့
သည့် အသက်(၇၂)နှစ်အရွယ် လီဆူး တိုင်းရင်းသားကြီး ဦးထုံဖူးရင်က တုန်ယင်နေသော
အသံဖြင့် ဖွင့်ဟ ပြောဆိုခြင်းဖြစ်သည်။ သီတဂူ အပြည်ပြည်ဆိုင်ရာ သာသနာပြု
အဖွဲ့ နှင့် ထူးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မျက်စိဝေ ဒနာရှင်များကို
အခမဲ့ ဆေးကုသ ပေးမည့် သတင်းကို ကြားသဖြင့် အခမဲ့ မျက်စိစမ်း သပ်ခွင့် ရရေး
အရွယ်နှင့်မမျှ ခရီးရှည်နှင်လာရ ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ မြောက်ဘက် အစွန်ဆုံး ခရိုင်ရုံးစိုက်ရာဖြစ် သော
ပူတာအိုဒေသမှာ လမ်း ပန်းဆက်သွယ်ရေး ခက်ခဲလှပြီး မြစ်ကြီးနားလမ်းကိုသာ
အားထား နေရသည်။ သူတို့ဒေသ၏ တစ်ခု တည်းသော ကုန်းလမ်းထွက် ပေါက်ဖြစ်သည့်
မြစ်ကြီးနားလမ်း မှာ အစိုးရနှင့် ကေအိုင်အေကြား ဖြစ်ပွားသည့်
တိုက်ပွဲများကြောင့် လွန်ခဲ့သော ခြောက်လခန့်မှစ၍
ပိတ်ထားခဲ့ရသည့်အတွက် လေ
ကြောင်းဆက်သွယ်ရေးသည်သာ အသက်ဆက်ရာ ဖြစ်လာတော့ သည်။ နောက်ဆက်တွဲအကျိုးဆက်
အဖြစ်ပူတာအိုဒေသတွင် မကြုံ စဖူး ကုန်ဈေးနှုန်းများ မြင့်တက်လာ ရသည်ဟု
ဒေသခံများက ပြော သည်။
"ထမင်းက အမြဲမစားနိုင် ဘူး။ တောထဲဝင်ပြီး ပိန်းဥတို့၊ သစ် မြစ်တို့
ရှာပြီးပြုတ်စားတယ်" ဟု မချမ်းဘောမြို့နယ်မှ ရဝမ် တိုင်းရင်းသားကိုနောမင်
ကပြောသည်။ ပူတာအို မြစ်ကြီးနားလမ်း ကို ပိတ်ထားခဲ့ရသည့်နောက်ပိုင်း
ကုန်စည်များကို လေယာဉ်ဖြင့် သာ သယ်ယူရခြင်း၊ ဒေသတွင်း စိုက်ပျိုးနိုင်သည့်
မြေလွတ်မြေရိုင်း နည်းပါးခြင်းတို့အပြင် ရာသီဥတု ကြောင့်လည်း ယခုကဲ့သို့
အဆိုး ဝါးဆုံး အခြေအနေကို ကြုံတွေ့ရ ခြင်း ဖြစ်ကြောင်း သိရသည်။ "မနှစ်က
နေအရမ်းပူတယ်။ ဒီနှစ်ကျ မိုးအရမ်းများတယ်။ ထွက် နှုန်းမကောင်းဘူး" ဟု မူလာ
ရှီးဒီ၊ ရွာသားတစ်ဦးကပြော သည်။ ခန္တီးလွင်ပြင်ဟု ထင်ရှား သော ပူတာအိုဒေသတွင်
လက်ရှိ ကုန်ဈေးနှုန်းများမှာ ပြည်မထက် ငါးဆခန့်မြင့်တက်နေသည်ဟု
အစိုးရဝန်ထမ်းများက ပြောသည်။
"ဒေသဆန်တစ်ဘူးကို ငါးရာ၊ မုန့် ညင်းဆီ တစ်ပိဿာငါးထောင်၊ ရေသန့်တစ်ဘူး
တစ်ထောင်" ဟု ပညာရေး ဝန်ထမ်းတစ်ဦးက ဆိုသည်။ နောက် ဆက်တွဲအကျိုးဆက် အဖြစ်
ပူတာအိုဒေသတွင် မကြုံစဖူး ကုန်ဈေးနှုန်းများ မြင့်တက်လာ ရသည်ဟု ဒေသခံများက
ပြော သည်။ ပူတာအို ခရိုင် သည် မြို့နယ် ပေါင်းငါးမြို့နယ်ရှိပြီး လူဦးရေ
ကိုး သောင်းနှင့် တစ်သိန်းကြား ရှိသည်။ စားဝတ်နေရေး အခက်အ ခဲများ၊
လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် ဒေသခံ များ၏ စီးပွားရေး၊ ပညာရေး အ
စစ အရာရာ နိမ့်ကျနေသော ပူ တာအိုဒေသမှာ တကယ်တမ်းဆို ရလျှင်
ခရီးသွားလုပ်ငန်းအတွက် အကောင်းဆုံး အခြေအနေများကို ပိုင်ဆိုင်ထားရာ
ဒေသဖြစ်သည်။ ကမ္ဘာကျော် ရေခဲတောင်များ တည်ရှိခြင်း၊ ရဝမ်၊ လီဆူး၊ ခန္တီး
ရှမ်း၊ ကချင်စသော တိုင်းရင်းသား တို့၏ ရိုးရာဓလေ့များကို လေ့လာ
နိုင်ခြင်းတို့ကြောင့် ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင်စားမှုများ ရာ
ဒေသဖြစ်သည်ဟု ဧည့်လမ်း ညွှန်များက ပြောသည်။
"မြန်မာနိုင်ငံမှာ Nature အရ အကောင်းဆုံးက ပူတာအို ဒေသပဲ"ဟု မလိခ Lodge
မှ ဧည့် လမ်းညွှန်ကိုသော မတ်စ်က ပြောသည်။ သယ်ယူ ပို့ဆောင်ရေး အကန့်
အသတ်ကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းထား သလို ဖြစ်ပြီး
ကမ္ဘာလှည့်ခရီးသွား များမှာ ပူတာအိုဒေသကို စိတ်ဝင် စားမှု
တစ်နေ့တခြားမြင့်တက်လာ ရခြင်းဖြစ်သည်။ "ပူတာအိုကို လာရင် ကက (ကြည်း)ရဲ့
ခွင့်ပြုချက်လိုတယ်။ နောက်ပြီး လေကြောင်းက ပဲ လာတာများတယ်"ဟု အထက်ပါ ဧည့်
လမ်းညွှန်ကဆိုသည်။ ပူတာအိုဒေသ၏ ခရီးသွား ရာသီမှာ အောက်တိုဘာလမှ
မေလအထိဖြစ်ပြီး တစ်ရာသီလျှင် ကမ္ဘာလှည့်ခရီးသည် ခြောက်ရာခန့်
ဝင်ရောက်ကြောင်း သိရသည်။ အဆိုပါ ကာလများတွင် ဒေသခံများမှာ အလုပ်အကိုင်
အခွင့်အလမ်းများ ပိုမိုပေါများလာ ခြင်းကြောင့် စီးပွားရေးချောင် လည်မှုကို
အထိုက်အလျောက် ရကြောင်း ဧည့်လမ်းညွှန်များနှင့် ဒေသခံများက 7Day News သို့
ပြောကြသည်။
အနိမ့်ဆုံး ၁၁ ရက် တက်ရ သော ရေခဲတောင် ခရီးကြမ်းများ၊ ကမ္ဘာပေါ်တွင်
ဒုတိယရေစီးအကြမ်းဆုံး မေခမြစ်တွင် Rafting စီးနိုင်ခြင်းတို့ကြောင့်
ယခုခရီးသွား ရာသီတွင် ကမ္ဘာလှည့်ခရီးသည် များ ပိုမိုဝင်ရောက်လာမည်ဟု ခန့်
မှန်းထားကြသည်။ ဒေသခံများမှာ သူတို့ကို မုန့်ဖိုးများ ရက်ရောစွာ
ပေးတတ်ကြသော ကမ္ဘာလှည့် များကို စောင့်မျှော်နေကြသည်။ အောက်တိုဘာ ပထမပတ်
တွင် သူတို့၏ မျှော်လင့်ချက်များ မှာ ဝေ၀ါးသွားခဲ့သည်။ "ကက (ကြည်း) က
လုံခြုံရေး အရခွင့်ပြုချက် ပိတ်လိုက်တယ်လို့ ရန်ကုန်အေဂျင်စီတွေ ကအကြောင်း
ကြားတယ်။ ဒီက အာဏာပိုင်တွေ ကို မေးတော့ သူတို့လည်း မသိကြ ဘူး" ဟု
ကိုသောမတ်စ်က ပြော သည်။ မူလကပင် စားဝတ်နေရေး ကျပ်တည်းနေကြသော ဒေသခံ
တိုင်းရင်းသား များမှာ ယခုခရီး သွားရာသီတွင် ဧည့်သည် မဝင်ရောက်ပါက ယခုထက်
ပိုမိုဆိုးဝါး လာမည်ဖြစ်သည်။ "ဧည့်သည်များရင် အိမ်ငှား ထားလို့ရတယ်။
အထမ်းလိုက်နိုင် တယ်။ ဒါကြောင့် သူတို့ကို မျှော် တာ" ဟု
မူလာရှီးဒီရွာသားတစ်ဦး က ဆိုသည်။
ကျေးလက်နေ အခြေခံလူ တန်းစားတစ်ဦး၏ တစ်နှစ်ပျမ်းမျှ ဝင်ငွေမှာ
တစ်သိန်းဝန်းကျင်သာ ရှိသော ပူတာအိုဒေသဖွံ့ဖြိုးရန် လိုအပ်ချက်များစွာ
ရှိနေသည်။ မြစ်ကြီးနားလမ်း ပြန်ဖွင့်ပါက ကုန် ဈေးနှုန်းများ ကျဆင်းနိုင်ပြီး
ခရီးသွားများ ဝင်ရောက်လာပါက အလုပ်အကိုင်များ ပေါများလာမည် ဟု ဒေသခံများက
ပြောကြသည်။ လက်ရှိ အခြေအနေတွင်မူ အလုပ်အကိုင် ရှားပါးခြင်းနှင့်
မြင့်မားသော ကုန်ဈေးနှုန်းများကြောင့် ဒေသခံ တိုင်းရင်းသား များမှာ ၄င်းတို့
နေရပ်များကို စွန့်ခွာမှုများ ပြားလာကြပြီး မျိုးနွယ်စုကွယ်
ပျောက်လာနိုင်သည်အရေး ရင်ဆိုင်နေရသည်။ "လုပ်စရာ၊ စားစရာမရှိတော့ ရေကြည်ရာ
မြက်နုရာ ထွက်သွား ကြတယ်။ ကြာရင် လူမျိုးပျောက် သွားနိုင်တယ"ဟု လူမှုရေးလုပ်
ငန်းဆောင်ရွက်သူ ပူတာအိုမြို့ မမေ့နိုင် စားသောက်ဆိုင်မှ ကို
အောင်ဇော်မိုးကဆိုသည်။ သဘာဝသယံဇာတများ ပေါ များရာ ကချင်ပြည်နယ်၏ မြောက်
ဖက်အစွန်ဆုံး ပူတာအိုဒေသတွင် လူဦးရေ၏ ရှစ်ဆယ်ရာခိုင်နှုန်းမှာ
အခြေခံလူတန်းစားများ ဖြစ်ကြ သည်။ အလုပ်အကိုင်ရှားပါးခြင်း၊
လမ်းပန်းဆက်သွယ်ရေး ဆိုးဝါးမှု တို့ကြောင့် ဒေသခံအများစု၏ တစ်နေ့ဝင်ငွေမှာ
သုံးရာကျပ်ခန့် သာရှိသည်။
"ဒီမှာက အရမ်းဆင်းရဲကြပါတယ်။ လူတစ်ယောက်ဝင်ငွေ က တစ်နှစ်လုံးမှ
တစ်သိန်းလောက် ပဲဝင်တယ်ဆိုတာမှန်တယ်"ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပူ
တာအိုခရိုင် တာဝန်ခံ ဦးယောစီ ကပြောသည်။ ဝင်ငွေနည်းပါးပြီး ကုန်ဈေး
နှုန်းများက မြင့်တက်လာသဖြင့် ရောင်းရန် ကုန်စည် ရှိသည့်တိုင် ဝယ်နိုင်သူ
ရှားပါးနေသည်။ "ရောင်းစရာ ဆန်ရှိတောင် ဝယ်တဲ့သူကမှ မရှိတာ" ဟု
ဒုတ္တန်ရပ်ကွက်မှ ကုန် စုံဆိုင်ရှင်တစ်ဦးကဆိုသည်။ ပူတာအိုဒေသရှိ တိုင်းရင်း
သားမျိုးနွယ်စုများမှာ ရိုးသားပြီး ချစ်ခင်ဖွယ်ဓလေ့ကို ပိုင်ဆိုင်ကြသည်။
သို့ရာတွင် ယခုကဲ့သို့ အခြေအနေ၌ စားစရာ ကုန်ပစ္စည်း များ မကြာခဏဆိုသလို
ပျောက် ဆုံးလျက်ရှိသည်။"ညဖက်ဆို စား စရာကိုပဲ ရွေးဦးတဲ့ ကလေးတွေ
အများကြီးရှိတယ်" ဟု ကိုအောင် ဇော်မိုးကဆိုသည်။ လက်ရှိ အခက်အခဲများ ပြေ
လည်ရန် လမ်းပန်းဆက်သွယ် ရေးကောင်းမွန်မှုမှာ အဓိကဖြစ် ကြောင်း 7Day News က
တွေ့ ဆုံမေးမြန်းခဲ့သော ဒေသခံနှင့် ဝန် ထမ်း ၂၅ ဦးတွင် ကိုးဆယ်ရာခိုင်
နှုန်းက ဖြေကြားခဲ့သည်။
"ဒေသဖွံ့ဖြိုးဖို့က လမ်းပန်း ဆက်သွယ်ရေး အဓိကကျ တယ်" ဟု ပူတာအို
ခရိုင်ဆေးရုံ မှ ဒုတိယ ဆေးရုံအုပ်ကြီးနှင့် အရိုး အကြော အထူးကု ဆရာဝန်ကြီး
ဒေါက်တာ လဘမ်ဂွန်ဂျက်က ဆို သည်။ ထို့ပြင် အခြားသော နည်းလမ်းများဖြင့်
စားဝတ်နေရေးအ ခက်အခဲကို ဖြေရှင်းသင့်ကြောင်း နိုင်ငံရေး ပါတီများက
သုံးသပ်ကြ သည်။ "စိုက်ပျိုးရေးနည်းပညာတွေ၊ စပါးမျိုးကောင်းတွေနဲ့
အထွက်တိုးအောင် လုပ်နိုင်ရင် အဆင်ပြေ နိုင်တယ်" ဟု ပူတာအိုခရိုင် ပြည်
ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတာဝန်ခံ ဦးဖုန်ရီမင်က ဒေသတွင်း
စပါးအထွက်နည်းခြင်းကို သုံးသပ်ပြောကြား ခဲ့သည်။ ခရီးသွားလုပ်ငန်း ကောင်း
မွန်ခဲ့ပြီး အဓိကဆက်သွယ်ရေး လမ်းကြောင်းဖြစ်သော မြစ်ကြီး နားလမ်း
မပိတ်မီနှစ်များနှင့် နှိုင်း ယှဉ်ပါက ယခုနှစ်သည် အဆိုးဆုံး အခြေအနေနှင့်
ရင်ဆိုင်နေရ ခြင်း ဖြစ်သည်။
"၂၀ဝ၄ တုန်း က တစ်ထောင်ဖိုး ဆန် ၁၂ခွက်(ဘူး) ရတယ်။ အဲဒီ အခြေအနေတွေ
ပြန်ရောက်နိုင် ပါမလား" ဟု ဒုတ္တန်ရပ်ကွက်မှ ဒေသခံတစ်ဦး ကဆိုသည်။
ယင်းဒေသတွင် နေဝင်လာ သည်နှင့် ရာသီဥတုမှာ အေးမြလာ သည်။
မျက်စိစမ်းသပ်မှုခံယူပြီးပြီ ဖြစ်သော လီဆူးတိုင်းရင်းသားကြီး ထုံဖူးရင်
တစ်ယောက် ၇၂ နာရီ ကြာမြင့်မည်ဖြစ်သော ခြေကျင် အိမ်အပြန်လမ်းခရီးကို စတင်
လိုက်သည်။ ရှည်လျားလှသော သူ့ ခြေလျင်ခရီးကို တအံ့တဩမေးမြန်း နေသော
သတင်းထောက်အား ထုံဖူးရင်က ရယ်မောလျက် ယခုကဲ့သို့ပြောလိုက်သည်။
"ငါတို့အတွက်တော့ ရိုးနေပြီ။ မွေး ကတည်းက လျှောက်နေ ရတာ"။
အောင်ခိုင်
No comments:
Post a Comment