ဧဒင်အချစ်ပုံပြင်: ရာဇ၀င်ကား အနုပညာရပ်ဝန်း နိုင်ငံခြားကား သီချင်း မှုခင်း သတင်းများပေးပို့ ရန် thithtoolwin9@gmail.com Start Sep 6,2012 အသစ်တင်သမျှသတင်းများ အလိုအလျှောက်ပို့  ပေးပါမည် Followers ရှာဖွေရန် နေ့ စဉ် သတင်းများ ရှာဖွေရန် ပြည်တွင်းပြည်ပသတင်း ဌာနများ President-office ပြန်ကြားရေးဝန်ကြီးဌာန The Voice Weekly ရန်ကုန်တိုင်းမ် Eleven Media Group ပေါ်ပြူလာ မြစ်မခ ရွှေအမြုတေ နေရဉ္ဖရာ မဇ္ဈိမ ဒီမိုကရက်တစ် မြန်မာ့အသံ Hot News လွတ်လပ်တဲ့ အာရှအသံ ဗွီအိုအေ မြန်မာပိုင်း ဘီဘီစီ မြန်မာပိုင်း နည်းပညာဖြင့်အလှည့်စားခံနေရသော ရဲတပ်ဖွဲ့နှင့်ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့များ

Thursday, 22 November 2012

ရာဇ၀င်ကား အနုပညာရပ်ဝန်း နိုင်ငံခြားကား သီချင်း မှုခင်း သတင်းများပေးပို့ ရန် thithtoolwin9@gmail.com Start Sep 6,2012 အသစ်တင်သမျှသတင်းများ အလိုအလျှောက်ပို့  ပေးပါမည် Followers ရှာဖွေရန် နေ့ စဉ် သတင်းများ ရှာဖွေရန် ပြည်တွင်းပြည်ပသတင်း ဌာနများ President-office ပြန်ကြားရေးဝန်ကြီးဌာန The Voice Weekly ရန်ကုန်တိုင်းမ် Eleven Media Group ပေါ်ပြူလာ မြစ်မခ ရွှေအမြုတေ နေရဉ္ဖရာ မဇ္ဈိမ ဒီမိုကရက်တစ် မြန်မာ့အသံ Hot News လွတ်လပ်တဲ့ အာရှအသံ ဗွီအိုအေ မြန်မာပိုင်း ဘီဘီစီ မြန်မာပိုင်း နည်းပညာဖြင့်အလှည့်စားခံနေရသော ရဲတပ်ဖွဲ့နှင့်ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့များ

နှစ်လုံးထီ လောင်းကစား ပြုလုပ်နေစဉ်
ဧရာဝတီတိုင်း ဒေသကြီး အတွင်းမှာ မြို့နယ်ပေါင်း (၂၆)မြို့နယ်ရှိပါတယ်။ မြို့နယ်ပေါင်း(၂၆) မြို့နယ်မှာ ပါဝင်တဲ့ အိမ်မဲမြို့လေးမှာ လောင်းကစားများ လွှမ်းမိုးပြီး လောင်ကစား မြို့တော်လို့တောင် တင်စားပြောင်းလဲ ခေါ်ရလောက်တဲ့ အခြေအနေမှာ ဖြစ်နေပါတယ်။
လောင်းကစားသမားများ ထင်ပေါ်စွာ လှုပ်ရှားတဲ့အတွက် အိမ်မဲမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အိမ်မဲ(၂)ထံသို့ တင်ပြ ဆွေးနွေးကြသဖြင့် အခြားမြို့နယ်မှ ဒုစရိုက် နှိမ်နှင်းရေးအဖွဲ့များ လာရောက်၍ အခြေချကာ၊ လောင်းကစား သမားများ၊လောင်းကစား ဒုစရိုက်များ ပပျောက်အောင်(၈.၈.၂၀၁၂)တွင် အိမ်မဲမြို့တွင် လောင်းကစားခြင်းကို စနစ်တကျ နှိမ်နင်းခဲ့ပါတယ်။အငယ်စားဒိုင်တစ်ဦး၊ ကော်မရှင်စား လောင်ကစား လုပ်သားသုံးဦးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

တာဝန်ရှိ ဒုစရိုက်နှိမ်နင်းသူတွေဟာ သစ်ပင်ရဲ့ အကိုင်းအခက်များကို ခုတ်ထွင် ရှင်းလင်းခြင်း မျိုးသာဖြစ်ပြီး ပင်စည်နဲ့အမြစ်ကို ခုတ်ထစ်ရှင်းလင်းခြင်း မျိုးမဟုတ်သဖြင့် လောင်းကစားခြင်း ဒုစရိုက်မှုဟာ အမြစ်ပျက်နှိမ်နင်း မရဖြစ်နေပါတယ်။

၂၀၁၂ခုနှစ်သြဂုတ်လက နှိမ်နင်းထားတဲ့ လောင်းကစား သမားတွေဟာ(၁)လုံးခေါ် ဘောလုံး လောင်းကစားခြင်း၊ (၃)လုံးခေါ် ချဲထီလောင်းကစားခြင်း လောကမှာ အရှိန်မပျက်၊ ဆက်လက်ပြုလုပ်နေကြတာ အိမ်မဲမြို့မှာ အထင်အရှား ဖြစ်နေပါတယ်။

အထူးသဖြင့် လက်ကြီး လောင်းကစားသမားများ(သို့) လောင်းကစားကို စီးပွားရေးတစ်ခုလို အသက်မွေးဝမ်းကျောင်း ပြုသူ ငွေကြေးပြည့်စုံသူတွေကို ဒုစရိုက်နှိမ်နင်းရေးအဖွဲ့တွေ နှိမ်နင်းမရဖြစ်နေကြပါတယ်။

အဘယ်ကြောင့်နှိမ်နင်းမရဖြစ်နေပါသလဲမေးခွန်းထုတ်စရာတွေဖြစ်လာခဲ့ပါတယ်။

အိမ်မဲမြို့ရှိ လက်ကြီးလောင်းကစားသမား ဒိုင်ချုပ်ကြီးတွေဟာ အိမ်မဲမြို့ပေါ်မှာ စားသောက်ဆိုင်ကြီးတွေ ဖွင့်ပြီး မြို့မျက်နှာဖုံး ငွေကြေးချမ်းသာ သူတွေအဖြစ်ခံယူထားပြီး တိုးတက်လာတဲ့ ခေတ်မှီနည်းတွေ အသုံးပြုလှည့်စားထားကြ၍ ဖမ်းဆီးမှုတွင် လွတ်မြောက်နေသူ များဖြစ်ကြသည်။

စားသောက်ဆိုင်ဖွင့် လောင်းကစားဒိုင်ကြီးဆိုလျှင် လောင်ကစားဖွင့်သော ရက်ဆိုလျှင် အိမ်မဲမြို့ပေါ်တွင် မနေဘဲ ရန်ကုန်မြို့မှာနေ၍ talkmail စနစ်ဖြင့် လောင်းကစားလက်ခံပြီး၊အချက်အလက်များကို ၎င်း၏ကွန်ပျူတာတွင် ရေးမှတ်ထားသည်ဟု သိခဲ့ရပါတယ်။

မြို့မျက်နှာဖုံး စားသောက်ဆိုင်ဖွင့် လောင်းကစားဒိုင်မှာ ချဲထီဖွင့်လျှင် တနလာင်္နေ့ အိမ်မဲမြို့မှ ထွက်ခွာ၍ သောကြာနေ့မှ အိမ်မဲမြို့သို့ ပြန်ရောက်လာ တတ်သူဖြစ်သည်။

ဤကဲ့သို့ လောင်းကစား ဒုစရိုက်ကို ပြုလုပ်ခြင်းအပေါ်တွင် ခေတ်မှီနည်းပညာသုံး၍ မြို့နယ်အာဏာပိုင်များ၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဒုစရိုက် နှိမ်နင်းရေးအဖွဲ့များကို လှည့်စားထား၍ ၎င်းတို့ရှင်သန်ရခြင်းလား(သို့ မဟုတ်) သက်ဆိုင်ရာ အာဏာပိုင်များကို ငွေကြေးအသုံးပြု၍ လွတ်မြောက်နေခြင်းလား ဆိုတာ သာမန်ပြည်သူများ အနေဖြင့် ဝေခွဲမရဖြစ်နေပါတယ်။

နိုင်ငံတော် သမ္မတကြီးမှဆင်းရဲသား ပပျောက်ရေးကို ရှေးရှုဆောင်ရွက် လျှက်ရှိရာ မြို့နယ်များ တိုင်းခရိုင်များတွင် ဆင်းရဲသား ပပျောက်စေရန် လောင်းကစားခြင်းများကို နှိမ်နင်းခြင်း၊လောင်းကစား ကင်းစင်ရေး နယ်မြေများ သတ်မှတ်၍ ဆိုင်းဘုတ်များ စိုက်ထူထားသည်ကို တွေ့ရပါတယ်။

ထိုနည်းတူပင် အိမ်မဲမြို့တွင် လောင်းကစားမှုများ ပပျောက်၍ အေးချမ်းသာယာမှု ရှိစေရန် ရေးသားခြင်းဖြစ်ပြီး နည်းပညာ အသုံးပြုပြီး လှည့်စားခြင်းများကို အကိုင်းအခက်များ ဖြတ်တောက်ခြင်း မျိုးမဟုတ်ဘဲ မူလဒိုင်ချုပ်များကို နှမ်နင်းသင့်ကြောင်း ရေးသား အကြံပြုတင်ပြ လိုက်ရပါသည်။                                                                          

လင်းရောင်ရှင်(အိမ်မဲ)

by Myanmar News Now


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...