ဧဒင်အချစ်ပုံပြင်: ခင်ပွန်းထံ ထမင်းပို့ လာသောဇနီးသည် သစ်ကိုင်းရိုက်မိ သေဆုံး

Saturday 29 December 2012

ခင်ပွန်းထံ ထမင်းပို့ လာသောဇနီးသည် သစ်ကိုင်းရိုက်မိ သေဆုံး

ဧရာဝတီတိုင်း ဒေသကြီး သာပေါင်း
 မြို့နယ် သစ်ထုတ်လုပ်ရေး သစ်ကွင်း
 အတွင်း၌ ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ
ပိုင်းက အမျိုးသမီး တစ်ဦး သစ်ကိုင်း


ရိုက်မိ၍ သေဆုံး မှု ဖြစ်ပွားကြောင်း သိရသည်။ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲက သာပေါင်းမြို့နယ် ဘုရား ကြီးပေါက် ကျေးရွာနေ ဦးစောခူထူး ၂၇နှစ် (ဘ)ဦးစောသူခွေသည် သစ်ထုတ်လုပ်ရေး ဆင်တဲ သစ်ကွင်းအတွင်း အလုပ် လုပ်နေချိန်၌ ဆင်တဲ အနီး သစ်ကွက် အတွင်း ထင်းခုတ် လုပ်သား စောဟဲဝီထူး ၃၈ နှစ် (ဘ) ဦးရွှေလုံး စိန်ကြီးကျေးရွာ နေသူက သစ်ပင်လှဲရာ ၎င်း၏ဇနီး ဖြစ်သူ ဒေါ်ကြည်နှင်းနှင့် သမီးဖြစ်သူ နေလင်းဦးတို့ ထမင်းလာပို့စဉ် သစ်ကိုင်း ဖြင့်ရိုက်မိခဲ့သည်။

ထို့ကြောင့် ဒေါ်ကြည်နှင်း၏ ဝဲညှပ်ရိုး ညိုမည်း၊ ဝဲရင်ဘတ်ကြား ဖူးရောင်၊ ယာဝမ်း စုတ်ပြဲဒဏ်ရာ ရရှိ သေဆုံးခဲ့ပြီး နေလင်းဦး ၂ နှစ်၏ ဝဲလက်ခုံ စုတ်ပြဲ၊ ဝဲခြေသလုံးကျိုး၊ ယာခြေခုံ စုတ်ပြဲဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က ဦးစောခူထူး၏ တိုင်တန်းချက်အရ သာပေါင်း ရဲစခန်းမှ (ပ) ၉၈/၁၂၊ ပုဒ်မ ၃ဝ၄(က) ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိသည်။


မြဝတီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...