ဧဒင်အချစ်ပုံပြင်: ယူဂန်ဒါနိုင်ငံမှ အသက်ရှစ်နှစ် အရွယ် မိန်းကလေးတစ်ဦး

Tuesday, 18 December 2012

ယူဂန်ဒါနိုင်ငံမှ အသက်ရှစ်နှစ် အရွယ် မိန်းကလေးတစ်ဦး

ယူဂန်ဒါနိုင်ငံမှ အသက်ရှစ်နှစ် အရွယ် မိန်းကလေးတစ်ဦး၏ မျက်နှာတွင် ဖြစ်ပေါ်နေသော ဘောလုံးတစ်လုံး အရွယ်အစားရှိ အသားပိုအား ဗြိတိန် ကျွမ်းကျင် ဆရာဝန်များ ခွဲစိတ်မည်ယူဂန်ဒါ နိုင်ငံမှ တရင်နီဘာ မူဟာဝီ အမည်ရှိ ရှစ်နှစ်အရွယ် မိန်းကလေး တစ်ဦး၏ မျက်နှာပေါ်တွင် ဖြစ်ပေါ်နေသော ဘောလုံး အရွယ်အစားရှိ အသားပို တစ်ခုအား ဗြိတိန်နိုင်ငံ လန်ဒန်မြို့ စီရွမ်ဝဲလ် ဆေးရုံတွင် ခွဲစိတ် အထူးကု ဆရာဝန်များက ကုသမှု ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါကလေးငယ်သည် မွေးရာပါအရိုးတစ်သျှူး ပြောင်းလဲခြင်းကြောင့် ဖြစ်သော အရိုး ရောဂါကို အသက်လေးနှစ်ခွဲ အရွယ်တွင် စတင် ခံစားခဲ့ပြီး ယင်းအသားပိုအား ဖယ်ရှားရန် အတွက် ယူဂန်ဒါ နိုင်ငံတွင် ခွဲစိတ်မှု နှစ်ကြိမ် ခံယူ ခဲ့သော်လည်း သူမ၏ အသားပိုသည် ပိုမိုလျင်မြန်စွာ ကြီးထွားလာပြီး ယခုအခါ အသားပိုသည် ၄ ဒသမ ၄ ပေါင်ရှိကြောင်း သိရသည်။



တရင်နီသည် ယင်းအသားပိုကြီး ထွားလာမှုကြောင့် မျက်စိတစ်ဖက် အမြင် အာရုံ ဆုံးရှုံးခဲ့ပြီး သူမ၏ သွားများ သည်လည်း ပုံသဏ္ဌာန် ပျက်စီးခဲ့ကြောင်း သိရသည်။

မွေးရာပါ အရိုးတစ်သျှူး ပြောင်းလဲခြင်းကြောင့် ဖြစ်ခေါင့်ဖြစ်ခဲ လှသော အရိုးရောဂါသည် ပုံမှန် အရိုးများကို ပျက်စီးစေပြီး ပျက်စီးသွားသော ပုံမှန် အရိုးများ နေရာတွင် ပုံသဏ္ဌာန် ပျက်ယွင်းနေသည့် ကြွက်သား တစ်သျှူးများ အစားထိုး ဝင်ရောက်လာခြင်း ဖြစ်သည်။

အရိုးများ ကြီးထွားလာစဉ် ပျော့ပြောင်းသော ကြွက်သား တစ်သျှူးများ ချဲ့ထွင်လာခြင်းကြောင့် အရိုးများကို အားနည်းစေပြီး အရိုးကျိုးရန် အခြေအနေ ပိုမို ဖြစ်ပေါ်စေသည်။

အဆိုပါ ရောဂါသည် ရောဂါ မပြင်းထန်သောအဆင့်တွင်ပုံမှန်အားဖြင့် ရောဂါ လက္ခဏာ ပြသခြင်း မရှိကြောင်း၊ ဆယ်ကျော်သက် အရွယ်အတွင်း ရောဂါ ဆိုးရွားလာပြီး ရောဂါပိုမို ပြင်းထန်ပါက အရိုးများ နာကျင်လာပြီး ပုံပန်း မကျ ခြင်းကို ဖြစ်ပေါ်စေသည့် အပြင် အသက် ၁ဝ နှစ် အရွယ်အောက် တွင် ပိုမိုဖြစ်ပေါ် စေကြောင်း သိရသည်။

အဆိုပါ ရောဂါအား ပျောက်ကင်း အောင်ကုသရန်အတွက် ဆေးနည်း တွေ့ရှိခြင်း မရှိသော်လည်း ကုသမှု ရလဒ် လက္ခဏာများ ပေါ်တွင်မူတည် ၍ ဆေးဝါး ကုသခြင်းကို လုပ်ဆောင် လျက်ရှိသည်။

တရင်နီအား ယခုအခါ လန်ဒန်မြို့ရှိ စီရွမ်ဝဲလ် ဆေးရုံတွင် ခွဲစိတ်ကုသမှု တစ်ရပ်ကို ပြုလုပ်သွားမည် ဖြစ်ပြီး ဗြိတိန်မှ ကျွမ်းကျင် ဆရာဝန်များက သူမ၏ မျက်နှာအား ပြန်လည် တည်ဆောက်မှု မပြုမီ အဆိုပါ အသားပိုအား ဖယ်ရှားရန် အတွက် နောက်ဆုံးပေါ် နည်းပညာ များကို အသုံးပြုသွား မည် ဖြစ်သည်။

၁၅ နာရီ ကြာမြင့်မည့် အဆိုပါခွဲ စိတ်မှုအား ဗြိတိသျှ လူမှုရေးအဖွဲ့ အစည်း တစ်ခု ဖြစ်သည့် Facing the World က ထောက်ပံ့ ပေးခဲ့ပြီး တရင်နီနှင့် အသက် ၃ဝ အရွယ်ရှိ ၎င်း၏ မိခင် ဖြစ်သူအား ယူဂန်ဒါ နိုင်ငံမှ ဗြိတိန်နိုင်ငံ သို့ ဆေးကုသမှု ခံယူရန် အတွက် ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။ ။ 

by- မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...