Thursday, 27 December 2012
အမေရိကန်သမ္မတဟောင်း ဘုရှ်အား အထူးကြပ်မတ်ဆောင်တွင် ကုသလျက်ရှိ
ဘုရှ်သည် နိုဝင်ဘာလ ၂၃ ရက်ကတည်းက ဆေးရုံတက်ရောက်ခဲ့ရခြင်းဖြစ်ပြီး တနင်္ဂနွေနေ့တွင် (ဒီဇင်ဘာ ၂၃ ရက်) ၎င်းအား အထူးကြပ်မတ်ကုသဆောင်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ဘုရှ်သည် ဒုတိယ ကမ္ဘာစစ် ကာလက ရေတပ်တွင် တိုက်လေယာဉ်မှူး တစ်ဦးအဖြစ် အမှုထမ်းခဲ့သည်။ ထို့အပြင် ၎င်းသည် ထိုခေတ်က ရေတပ်တွင် အသက်အငယ်ဆုံး လေယာဉ်မှူးတစ်ဦး ဖြစ်ခဲ့ပြီး ပစိဖိတ် သမုဒ္ဒရာတွင် လေယာဉ် ပျက်ကျခဲ့ဖူးသည်။ ဘုရှ်သည် အမေရိကန် သမ္မတ ရာထူးကို (၁၉၈၉)ခုနှစ်မှ (၁၉၉၃)ခုနှစ်ထိ တာဝန်ယူခဲ့ပြီးနောက် ၎င်းနေရာကို ဘီလ်ကလင်တန်က ဆက်ခံခဲ့သည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment