စန္ဒီမြင့်လွင်က ရန်ကုန်မြို့မှာ ကျင်းပတဲ့ အကယ်ဒမီ များကို သရုပ်ဆောင် အနေနဲ့ တစ်ခါမှ တက်ခဲ့ဖူးခြင်း မရှိခဲ့သေးဘဲ ၂ဝဝ၄ခုနှစ်က ပြုလုပ်ခဲ့တဲ့ အကယ်ဒမီ ဆု ပေးပွဲ မှာတော့ အကယ်ဒမီ ဗန်းကိ
ုင်အနေနဲ့
ဝင်ရောက် လုပ်ခဲ့ဖူးပြီး ဒီနှစ်လုပ်မယ့် ရန်ကုန် အကယ်ဒမီ ဆုပေးပွဲကိုတော့
သရုပ်ဆောင် တစ်ယောက် အနေ တက်ဖြစ် လာတော့ မှာ ဖြစ်ကြောင်း သိရပါတယ်။
"ရန်ကုန် အကယ်ဒမီကို ဗန်းကိုင်တုန်းက တစ်ခါ တက်ဖူးတာ။ နောက်နှစ် လည်းကျရော နေပြည်တော် ရောက်သွားတယ်။ ဒီနှစ်မှ ပြန်ပြီးတော့ ရန်ကုန်မှာ ပြန်တက် ရမယ့် သဘောပေါ့" လို့ စန္ဒီမြင့်လွင်က ပြောပြ ပါတယ်။
စန္ဒီမြင့်လွင်က ရန်ကုန်မှာ ပြု လုပ်ခဲ့တဲ့ ၂ဝဝ၄ခုနှစ် အကယ်ဒမီ ဆု ပေးပွဲမှာ ဗန်းကိုင် အနေနဲ့ တစ်ခါသာ မီဖူးခဲ့လိုက်ပြီး ဒီနှစ်ကျမှ ရန်ကုန်မှာ ဒုတိယ အကြိမ် အနေနဲ့ ဆုံတွေ့ရမှာ ဖြစ်ကြောင်း သိရပါတယ်။
ဒီနှစ် အကယ်ဒမီပွဲတက် ဝတ်စုံကိုတော့ အစ်မဖြစ်သူ စိုးမြတ်နန္ဒာနဲ့ ပိုးထည်တိုက်ကနေ စီစဉ် ပေးမှာ ဖြစ်တယ်လို့ စန္ဒီမြင့်လွင်က ပြောပါတယ်။
"ဒီနှစ်အတွက် ကိုတော့ မဒါ ရဲ့ ပိုးထည်တိုက်က လုပ်ပေးတဲ့ဟာ ကိုဝတ်မှာပါ။ ဖိနပ်ကတော့ Charles and Keith က စီစဉ်ပေးမှာပါ။ အဖြူပေါ်မှာ တခြားအရောင်နဲ့ စပ် တဲ့ ဝတ်စုံ လေးဖြစ်မယ် ထင်တယ်။ မဒါ(စိုးမြတ် နန္ဒာ)ရွေးပေးထားတယ်။ ဒီးဒီနဲ့ လိုက်မယ့် အရောင်လေးတွေပါ" လို့ ပြောတဲ့ စန္ဒီမြင့်လွင်က ဒီနှစ်ကတော့ မနှစ်ကနဲ့ မတူတာ မျိုးတွေ ပြောင်းလဲဖြစ်လာနိုင်ကြောင်း အကယ်ဒမီ ခန့်မှန်းအတွက်ဆိုရင် သက်မွန်မြင့် ရလိမ့်မယ်လို့ ခန့်မှန်းနေကြကြောင်း ပြောပြပါတယ်။
ထက်လူလူ

No comments:
Post a Comment