ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်
ရှိ ကြံခင်း မသနောစက်ရုံ၏ ပေ ၄၀ ခန့်
ပတ်လည် ဆီသိုလှောင်ခန်းအတွင်းဒီဇင်
ဘာလ ၃၁ ရက်နေ့ နေ့လည် ၁ နာရီ ၁၀
မိနစ်ခန့် အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
"စက်ရုံမှာရှိတဲ့ သီးသန့်ဆီသိုလှောင်ထားတဲ့ တိုက်ခန်းမှာ မီးလောင်တာပါ။ နေ့လည် ၁ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ မီးစလောင်ပါတယ်။ ဆီလှောင်ခန်းက ပေ ၄၀ ပတ်လည်လောက်ရှိပါတယ်။
အသက် ၄၀ ကျော်အရွယ် အမျိုးသားဝန်ထမ်းတစ်ယောက် မီးလောင်ဒဏ်ရာနည်းနည်းရလို့ ဆိပ်သာတိုက်နယ်ဆေးရုံကို မီးလောင်ပြီး နာရီဝက်လောက်အကြာမှာ ပို့ထားရပါတယ်။ တခြားထိခိုက်တာတော့မရှိပါဘူး။မီးစလောင်တဲ့အချိန်မှာ မီးခိုးလုံးကြီးတွေက ထန်းပင်တဖျားလောက်ရှိပါတယ်။
၁ နာရီခွဲလောက်မှာတော့ မီးသတ်တွေ ရောက်လာပါတယ်။ ၂ နာရီခွဲကျော်ကျော်လောက်မှာ မီးလုံးဝငြိမ်းသွားပါတယ်" ဟု ကြံခင်းမသနောစက်ရုံအနီးရှိ ဆိပ်သာကျေးရွာမှဒေသခံတစ်ဦးကပြောပြပါတယ်။
"ကျွန်တော်တို.မီးသတ်က မီးလောင်တာကို ၁ နာရီ ၁၅ မိနစ်မှာ သိရပါတယ်။ ကြံခင်းမီးသတ်က မီးသတ်ကား ၂ စီးက ၁ နာရီခွဲလောက်ကို အရောက်သွားခဲ့ပါတယ်။ ၁ နာရီကျော်လောက် မီးသတ်ပြီးတဲ့ အခါမှာတော့ မီးလုံးဝငြိမ်းသွားခဲ့ပါတယ်။
မီးများမှာစိုးတဲ့အတွက် မြန်အောင်က မီးသတ်ကိုအကူအညီတောင်းခဲ့ပေမယ့် ကြံခင်းက မီးသတ်ကား ၂ စီးနဲ့တင် မီးငြိမ်းနိုင်ခဲ့တဲ့အတွက် မြန်အောင်ကလာကူညီတဲ့ မီးသတ်ကား ၂ စီးက ကြံခင်းမြို.ထဲအရောက်မှာပဲ ပြန်သွားခဲ့ကြပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့သူ မရှိပါဘူး။ ဆီလှောင်ထားတဲ့ဂိုဒေါင်ကို မီးလောင်ခဲ့တာပါ။ ဘေးပတ်ဝန်းကျင်ကို ထိခိုက်ခဲ့မှုလည်း မရှိပါဘူး။တာဝန်ရှိတဲ့သူတွေကတော့ ဆက်လက်စစ်ဆေးမှုတွေကို လုပ်နေပါတယ်" ဟု ကြံခင်းမီးသတ်ဌာနမှ ၀န်ထမ်းတစ်ဦး၏ ပြောကြားချက်အရသိရပါသည်။
ကြံခင်း မသနောစက်ရုံသည် လွန်ခဲ့သော ၁၅ နှစ်ခန့်က လည်ပတ်မှုရပ်နားထားသော စက်ရုံတစ်ရုံဖြစ်ကြောင်း၊ အဆိုပါစက်ရုံရပ်နားခဲ့ခြင်းမှာ ပြည်တောင်တန်းရေနံမြေမှ ဓာတ်ငွေ.များကို ဧရာဝတီမြစ်ကိုဖြတ်ပြီး သွယ်တန်းအသုံးပြုခဲ့သော်လည်း နောက်ပိုင်းတွင် သဘာဝဓာတ်ငွေ့လုံလောက်စွာ ရရှိမှုမရှိခြင်းကြောင့် ရပ်နားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့၏ ပြောကြားချက်အရသိရပါသည်။
Eleven Media Group

No comments:
Post a Comment