Tuesday 18 December 2012
ကုန်သည်ကြီးများ ဟိုတယ်အနီးတွင် Suzuki Pickup ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွား
ရန်ကုန်မြို့ကုန်သည်ကြီးများ ဟိုတယ်အနီး ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းဆုံရာမီးပွိုင့်တွင် ဆူဇူးကီးပစ်ကပ်ကားတစ်စီးနှင့် တိုယိုတာအိမ်စီးကားတစ်စီးတို့ ယာဉ်တိုက်မှုဖြစ်ပွားပြီး ဆူဇူးကီးကားမှာ တိမ်းမှောက်သွားသည့်ဖြစ် စဉ်တစ်ခု ဒီဇင်ဘာလ ၁၈ ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ပါသည်။
ယာဉ်တိုက်မှုဖြစ်ပွားပုံမှာ ဗိုလ်ချုပ်လမ်းအတိုင်း မောင်းနှင်လာသော ဆူဇူးကီးအမျိုးအစား မော်တော်ယာဉ်သည် မီးပွိုင့်အရောက်တွင် သမ္မတ ရုပ်ရှင်ရုံဘက်သို့ ချိုးကွေ့ရာ သမ္မတ ရုပ်ရှင်ရုံဘက်မှ ဆူးလေဘုရားဘက်သို့ မောင်းနှင်လာသော တိုယိုတာ အမျိုးအစား မော်တော်ယာဉ်နှင့် တိုက်မိကာ တိမ်းမှောက်သွားခြင်း ဖြစ်သည်။
''ဘုန်းဆိုကြားလို့ လှမ်းကြည့်လိုက်တာ တစ်စီးကမှောက်ပြီး၊ တစ်စီးက ဘန်ဘာ ပြုတ်နေတာ တွေ့ရတာပဲ။ မီးပွိုင့်က တစ်ဖက်နီပြီး၊ တစ်ဖက်ကစိမ်းတဲ့ ဆက်ကူးမတ်ကူးမှာ အ၀င်အထွက်တွေ မှားပြီးဖြစ်တာ။ ဘယ်သူက လမ်းကြောင်းအမှန်လဲတော့ သေချာမသိဘူး''ဟု ယာဉ်တိုက်မှုဖြစ်စဉ်အနီးတွင် ရှိသူတစ်ဦးက ပြော ပါသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် မော်တော်ယာဉ်နှစ်စီးလုံးပေါ်ရှိသူများမှာ ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။
by- Weekly Eleven
Subscribe to:
Post Comments (Atom)
No comments:
Post a Comment