ဇန်န၀ါရီ
၁၆ ရက် နံနက် ၅ နာရီခန့်က ရန်ကုန်မှ မြိတ်သို့ စားသောက်ကုန်များပို့ရန်
ဘုရင့်နောင်ဗောတံတား အမှတ်(၁)တွင် ပစ္စည်းတင်နေသော "ငွေဝင်တိုး"အမည်ရှိ
စက်လှေတစ်စင်း နစ်မြုပ်သွားကြောင်း သတင်းရရှိသည်။"ရေတိုးကြမ်းလို့ ရေတက်ချိန်မှာ စက်လှေလှည့်လိုက်တုန်း မြုပ်သွားတာ။ စက်လှေတစ်စီးလုံးမြုပ်တာ တစ်နာရီလောက်တော့ ကြာတယ်။ စမြုပ်တဲ့အချိန်မှာတော့ ကုန်တွေပစ်ချပြီး နောက်တော့ လူတွေခုန်ချလိုက်တယ်"ဟု အဆိုပါ စက်လှေမှ လှေလုပ်သား ဦးစိုးဦးကပြောသည်။
နစ်မြုပ်သွားသော စက်လှေအား ဖော်နေစဉ် အနီးရှိ ကျေးရွာများမှ ငါးဖမ်းလှေငယ်ပေါင်း ၃၀ ခန့်က ရေပေါ်သို့ ပေါ်လာသော ပစ္စည်းများအား ယူဆောင်နေသောကြောင့် ဗောတံတားပေါ်မှ ရဲတပ်ဖွဲ့ဝင်များက လေးဂွများဖြင့် ပစ်ခတ်ရာ လှေပေါ်မှလည်း အပြန်အလှန်ပစ်ခတ်နေသောကြောင
လက်ရှိတွင် နစ်မြုပ်သွားသော စက်လှေအား ပြန်လည်ဆယ်ယူရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ- ကျော်ဇင်သန်း
7Day News Journal's
No comments:
Post a Comment