ဧဒင်အချစ်ပုံပြင်: ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ် ကိုင်မည့် အလုပ်သမား ၂ဝဝ ဦးနှင့် ပတ်သက်၍ အလုပ်ရှင် အလုပ်သမား သဘောတူ စာချုပ် ချုပ်ဆို

Tuesday, 8 January 2013

ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ် ကိုင်မည့် အလုပ်သမား ၂ဝဝ ဦးနှင့် ပတ်သက်၍ အလုပ်ရှင် အလုပ်သမား သဘောတူ စာချုပ် ချုပ်ဆို

အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှု ဖူလုံရေး ဝန်ကြီး ဌာန၏ ကြီးကြပ် ခွင့်ပြု မှုဖြင့် ရန်ကင်း မြို့နယ် အလုပ် သမားများ လုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်း ကျောင်း၌ ထိုင်းနိုင်ငံသို့ သွား ရောက် အလုပ်လုပ် ကိုင်မည့် အလုပ်သမား ကျား ၅ဝ ဦး၊ မ ၁၅ဝ ဦး စုစုပေါင်း ၂ဝဝ ဦးအား မရမ်းကုန်း မြို့နယ်ရှိ Today Top Star ကုမ္ပဏီမှ တစ်ဆင့် စေလွှတ်ရန် အလုပ်ရှင်၊ အလုပ် သမား သဘောတူ စာချုပ်ချုပ် ဆိုခြင်းကို ယနေ့တွင် ထိုင်းနိုင်ငံ စမူစခွန်း မြို့ရှိ Unicord ငါးသေတ္တာ စက်ရုံမှ အလုပ်ရှင် ကိုယ်တိုင် လာရောက်၍ ဆောင်ရွက် ခဲ့သည်။


၎င်းစာချုပ် ချုပ်ဆို ပွဲတွင် အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှု ဖူလုံရေး ဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီး ဌာနမှ ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးသက်နိုင် ဦးက ယခု စာချုပ်ချုပ် ဆိုခြင်းမှာ ထိုင်း- မြန်မာ နှစ်နိုင်ငံ သဘောတူ MoU စနစ်အရ တရားဝင် စေလွှတ် ခြင်း ဖြစ် ကြောင်းနှင့် ထိုင်းနိုင်ငံ အတွင်း နေထိုင်စဉ် ဆောင်ရန်၊ ရှောင်ရန်များ၊ နိုင်ငံတော် အတွက် တစ်ဖက် တစ်လမ်းမှ ဝင်ငွေ ရှာဖွေ၍ တရားဝင် နည်းလမ်းဖြင့် ဘဏ်များမှ တစ်ဆင့် မိသားစုထံ မှန်မှန် ငွေပြန် ပို့ရန်၊ မြန်မာ အလုပ်သမားများ စည်းကမ်း ရှိမှုနှင့် ကြိုးစားမှု ရှိရန် တို့ကို လမ်းညွှန် မှာကြား ခဲ့သည်။

ထို့နောက် Today Top Star ကုမ္ပဏီမှ တာဝန် ရှိသူများနှင့် Unicord စက်ရုံမှ တာဝန်ရှိ သူများက လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပြီး အလုပ်ရှင်၊ အလုပ်သမား သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုး ကြသည်။ အဆိုပါ သဘောတူ စာချုပ်တွင် ထိုင်းနိုင်ငံ သားများ နည်းတူ တစ်ရက်လျှင် ဘတ် ၃ဝဝ ရရှိမည် ဖြစ်ပြီး အခြား အကျိုး ခံစား ခွင့်များလည်း ရရှိမည် ဖြစ်ကြောင်း သိရ သည်။
by-မြဝတီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...