ဧဒင်အချစ်ပုံပြင်: အိမ်စာအတွက်အချင်းများ သူငယ်ချင်းအား ကတ်ကြေးဖြင့်ထိုး

Sunday 27 January 2013

အိမ်စာအတွက်အချင်းများ သူငယ်ချင်းအား ကတ်ကြေးဖြင့်ထိုး


Photo: အိမ်စာအတွက်အချင်းများ သူငယ်ချင်းအား ကတ်ကြေးဖြင့်ထိုး


အတန်းဖော် သူငယ်ချင်း အချင်းချင်း၊ အိမ်စာအတွက် ငြင်းခုံကြရာမှ ကတ်ကြေးဖြင့်ထိုးသည့် ဖြစ်ရပ်တစ်ခု မလေးရှားနိုင်ငံ၊ ပီတာလင်း ရပ်ကွက်ရှိ ကျောင်းတစ်ကျောင်းတွင် ဖြစ်ပွားခဲ့သည်။ သူတို့သည် ပြီးခဲ့သည့် ရက်သတ္တပတ်လောက်ကတည်းက တစ်ဦးနှင့်တစ်ဦး မသင့်မြတ်ကြကြောင်းသိရသည်။

မလေးရှားနိုင်ငံသားတစ်ဦးနှင့် လက်ထပ်ထားသည့် တရုတ်အမျိုးသမီး ရှုဟွမ်က သူမ၏သားဖြစ်သူကို အခြား အတန်းဖော်တစ်ယောက်က ကျောင်းဝင်းအတွင်း ကတ်ကြေးဖြင့်ထိုးကာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ပြော ကြားခဲ့သည်။ ထို့ပြင် ကတ်ကြေးဖြင့် ထိုးပြီးနောက် ခြိမ်းခြောက်သွားသေးသည်ဟုလည်း ဆိုသည်။

အခင်းဖြစ်ပွားပြီးသည်နှင့် ကတ်ကြေးဖြင့် အထိုးခံရသည့် ကျောင်းသားအား ဆေးရုံသို့ အမြန်ပို့ခဲ့ကြောင်း၊ ဒဏ်ရာမှာ စိုးရိမ်ရသည့် အနေအထားတွင် မရှိကြောင်း၊ သို့သော် သူမသားသည် အတော်လေး ထိတ်လန့် ကြောက်ရွံ့နေကြောင်း ရှုဟွာကပြောကြားသည်။

ကတ်ကြေးဖြင့် အထိုးခံရသည့် ကျောင်းသားသည် ကြောက်ရွံ့ပြီး ကျောင်းပြန်တက်ရန် ငြင်းဆန်ကြောင်း၊ ထို့အပြင် ဘာကြောင့်ဖြစ်ပျက်ရသည်ကိုလည်း တစ်ခုမျှမေးမရကြောင်း၊ အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ကျောင်းအုပ်ဆရာကြီး၏ ထွက်ဆိုချက်များသည် မမျှတသဖြင့် ရှုဟွာက ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကို ကန့်ကွက် ထားကြောင်း သိရသည်။ သူမက ကျောင်းအတွင်း ကတ်ကြေးဖြင့်ရန်ရှာတတ်သူတစ်ယောက်ရှိနေခြင်းသည် အခြားသော ကျောင်းသားများအတွက်လည်း စိုးရိမ်စရာဖြစ်ကြောင်း၊ ကျောင်းအုပ်ကြီးအနေဖြင့် သူကိုယ်တိုင် မတွေ့မြင်ရသည့် ယခုအမှုတွင် ဝင်ရောက်မှတ်ချက်ပေးခြင်းသည် အမှုအပေါ် တိမ်းစောင်းသွားစေနိုင်ကြောင်း ပြောကြားသည်။ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့မှ တာဝန်lရှိသူများကမှု ဆက်လက်စုံစမ်း အရေးယူသွားမည်ဟု ဆိုသည်။

Category: မောက္ခနိုင်ငံတကာသတင်း

Written by ရွှေမောင်အတန်းဖော် သူငယ်ချင်း အချင်းချင်း၊ အိမ်စာအတွက် ငြင်းခုံကြရာမှ ကတ်ကြေးဖြင့်ထိုးသည့် ဖြစ်ရပ်တစ်ခု မလေးရှားနိုင်ငံ၊ ပီတာလင်း ရပ်ကွက်ရှိ ကျောင်းတစ်ကျောင်းတွင် ဖြစ်ပွားခဲ့သည်။ သူတို့သည် ပြီးခဲ့သည့် ရက်သတ္တပတ်လောက်ကတည်းက တစ်ဦးနှင့်တစ်ဦး မသင့်မြတ်ကြကြောင်းသိရသည်။

မလေးရှားနိုင်ငံသားတစ်ဦးနှင့် လက်ထပ်ထားသည့် တရုတ်အမျိုးသမီး ရှုဟွမ်က သူမ၏သားဖြစ်သူကို အခြား အတန်းဖော်တစ်ယောက်က ကျောင်းဝင်းအတွင်း ကတ်ကြေးဖြင့်ထိုးကာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ပြော ကြားခဲ့သည်။ ထို့ပြင် ကတ်ကြေးဖြင့် ထိုးပြီးနောက် ခြိမ်းခြောက်သွားသေးသည်ဟုလည်း ဆိုသည်။

အခင်းဖြစ်ပွားပြီးသည်နှင့် ကတ်ကြေးဖြင့် အထိုးခံရသည့် ကျောင်းသားအား ဆေးရုံသို့ အမြန်ပို့ခဲ့ကြောင်း၊ ဒဏ်ရာမှာ စိုးရိမ်ရသည့် အနေအထားတွင် မရှိကြောင်း၊ သို့သော် သူမသားသည် အတော်လေး ထိတ်လန့် ကြောက်ရွံ့နေကြောင်း ရှုဟွာကပြောကြားသည်။

ကတ်ကြေးဖြင့် အထိုးခံရသည့် ကျောင်းသားသည် ကြောက်ရွံ့ပြီး ကျောင်းပြန်တက်ရန် ငြင်းဆန်ကြောင်း၊ ထို့အပြင် ဘာကြောင့်ဖြစ်ပျက်ရသည်ကိုလည်း တစ်ခုမျှမေးမရကြောင်း၊ အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ကျောင်းအုပ်ဆရာကြီး၏ ထွက်ဆိုချက်များသည် မမျှတသဖြင့် ရှုဟွာက ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကို ကန့်ကွက် ထားကြောင်း သိရသည်။ သူမက ကျောင်းအတွင်း ကတ်ကြေးဖြင့်ရန်ရှာတတ်သူတစ်ယောက်ရှိနေခြင်းသည် အခြားသော ကျောင်းသားများအတွက်လည်း စိုးရိမ်စရာဖြစ်ကြောင်း၊ ကျောင်းအုပ်ကြီးအနေဖြင့် သူကိုယ်တိုင် မတွေ့မြင်ရသည့် ယခုအမှုတွင် ဝင်ရောက်မှတ်ချက်ပေးခြင်းသည် အမှုအပေါ် တိမ်းစောင်းသွားစေနိုင်ကြောင်း ပြောကြားသည်။ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့မှ တာဝန်lရှိသူများကမှု ဆက်လက်စုံစမ်း အရေးယူသွားမည်ဟု ဆိုသည်။

Category: မောက္ခနိုင်ငံတကာသတင်း

Written by ရွှေမောင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...