ဧဒင်အချစ်ပုံပြင်: အရွယ်မရောက် ကလေးသူငယ်များကို ခိုင်းစေသည့် မြန်မာဂိုဏ်း ထိုင်းတွင်ဖမ်းမိ

Tuesday 26 February 2013

အရွယ်မရောက် ကလေးသူငယ်များကို ခိုင်းစေသည့် မြန်မာဂိုဏ်း ထိုင်းတွင်ဖမ်းမိ

Photo: အရွယ်မရောက် ကလေးသူငယ်များကို ခိုင်းစေသည့် မြန်မာဂိုဏ်း ထိုင်းတွင်ဖမ်းမိ

ဒီဗွီဘီ ၂၀၁၃ ဖေဖော်ဝါရီလ ၂၆ ရက် ( အင်္ဂါနေ့ )

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို အဓမ္မခိုင်းစေမှုနဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ခုမ်းချတ်လိုတ် ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

ဘန်ကောက်မြို့ ထောင်းလော်ရပ်ကွက် အေကမိုင်း လမ်းဘေးတလျှောက်မှာ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေ ချိုချဉ်လိုက်ရောင်းနေတယ်လို့ သတင်းပေးချက်အရ ထောင်းလော်ရဲစခန်းက ခြေရာခံလိုက်ခဲ့ရာမှာ ကလေးတွေကို ခိုင်းစားနေတဲ့ ဆွန်လုန်ရပ်ကွက် ဖတ်ထနားကန် လမ်းသွယ် ၂၀ က မြန်မာ ၃ ဦးကို မနေ့ည ၆ နာရီက ဖမ်းမိခဲ့တာလို့ ထောင်းလော်ရဲစခန်း တာဝန်ကျရဲမှူးကြီး ဗိုလ်မှူး ကျတ်ကျွန်း ကရတ်က ပြောပါတယ်။

အဆိုပါ မြန်မာနိုင်ငံသား ၃ ဦးဟာ ကိုစိုးနိုင် (အသက် ၂၉) နှစ်၊ မရှိုဒါး (အသက် ၃၄) နှစ် နဲ့ မဖှာ့သီတာ (အသက် ၃၆) နှစ်တို့ဖြစ်ပြီး ကလေးငယ်တွေကို လမ်းဘေးမှာ ဈေးရောင်းခိုင်းတာ ဟုတ်မှန်ကြောင်း၊ အေကမိုင်းလမ်းမှာ ကလေးတွေကို ချိုချဉ်ဘန်းတွေနဲ့ လွှတ်ထားပြီး အချိန်တန်ရင် တိုက်ခန်းကို ပြန်ကြိုခဲ့ကြောင်း ၀န်ခံခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအိမ်ထဲမှာ သူတို့ ခိုင်းစားနေတဲ့ အသက် ၁၅ နှစ်အောက် မြန်မာကလေးငယ် ၇ ဦးကို တွေ့ခဲ့ပြီး ဆိုင်ကယ် ၁ စီး၊ ငွေသား ထိုင်းဘတ် ၁၂၀ နဲ့ ချိုချဉ် ၁၇ ထုပ်ကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့တယ်။

တရားခံ ၃ ဦးကို လူကုန်ကူးမှုနဲ့ လိုအပ်သလို ဆက်လက်အရေးယူဖို့ ရဲစုံစမ်းစစ်ဆေးရေးအဖွဲ့ လက်ထဲ အပ်ထားပြီး ကလေး ၇ ဦးကိုတော့ လူမှုဖွံ့ဖြိုးရေးနဲ့ မနုဿလုံခြုံရေးဝန်ကြီးဌာနကနေ ခေါ်ယူစောင့်ရှောက်ပေးဖို့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေဆီ အကြောင်းကြားထားတယ်လို့ ရဲမှူးကြီးက သတင်းထောက်တွေကို ပြောသွားပါတယ်။

 DVB TV Newsဒီဗွီဘီ ၂၀၁၃ ဖေဖော်ဝါရီလ ၂၆ ရက် ( အင်္ဂါနေ့ )

DVB TV News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...