ဧဒင်အချစ်ပုံပြင်: ခေါင်းဖြတ် အသတ်ခံရသည့် အမျိုးသမီးကို ဖော်ထုတ် နိုင်သည် ဟု ဆိုသော သတင်း မှန်ကန်မှု မရှိ

Tuesday 26 February 2013

ခေါင်းဖြတ် အသတ်ခံရသည့် အမျိုးသမီးကို ဖော်ထုတ် နိုင်သည် ဟု ဆိုသော သတင်း မှန်ကန်မှု မရှိ


Photo: ခေါင်းဖြတ် အသတ်ခံရသည့် အမျိုးသမီးကို ဖော်ထုတ် နိုင်သည် ဟု ဆိုသော သတင်း မှန်ကန်မှု မရှိ
Tuesday, February 26, 2013

ဖြူးမြို့ အနီးတွင် ခေါင်းဖြတ်အသတ် ခံရသော အမျိုးသမီးကို မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ပြီဆိုသည့် သတင်းမှာ မှန်ကန်မှု မရှိပဲ စုံစမ်းနေဆဲသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် ၊မှူခင်းဌာနမှ ဒုတိယ ရဲမှူးကြီး တစ်ဦး က ပြောကြားသည်။

ချစ်သူများနေ့တွင် လည်လှီး အသတ်ခံရသော မိန်းကလေးမှာ မြိတ်မြို့မှ ဖြစ်ကြောင်း facebook လူမှု ကွန်ယက် စာမျက်နှာ တွင် ပျံ့ နှံနေခြင်း နှင့် ပတ်သက်၍ အတည်ပြု မေးမြန်းရာတွင် ဒုတိယ ရဲမှူးကြီး က အထက်ပါ အတိုင်းပြောကြားသည်။

“ခုထက်ထိ လူသတ် တရားခံကို မပြောနဲ့ သေသူရဲ့ အမည်ကို တောင် စုံစမ်း ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။ သေချာတာ ကတော့ တရားခံကို မမိ သေးပါဘူး” ဟု ဖေဖော်ဝါရီလ ၂၅ ရက် နံနက်၁၁ နာရီတွင်The Voice Weekly သို့ရှင်းပြသည်။

အသက် ၂၈ နှစ် အရွယ် ရှိ အမျိုးသမီး ကို ဦးခေါင်းပြတ်နေသော ခန္ဓာကိုယ် နှင့် ဦးခေါင်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့  နံနက်ပိုင်း တွင် ဖြူးမြို့ နယ် ၊ သပြေလှ ကျေးရွာ ၊ ရန်ကုန် - မန္တလေး လမ်းမပေါ် ရှိ ချောင်းကူး တံတားအောက် တွင် ပီနံအိတ် အဖြူရောင် တစ်လုံး နှင့် ထည့် ၍ စွန့်ပစ်ခဲ့ ခြင်း ဖြစ်သည်။

သေဆုံးသူ၏အနားတွင် ဆန်အရောင်းအဝယ် ငွေရပြေစာ တွေ့ရှိ
သောကြောင့် တောင်ငူမြို့ပေါ် ရှိ ဆန်ပွဲရုံ များကို တောင်ငူ ခရိုင် ရဲတပ်ဖွဲ့ က လာရောက် စုံစမ်းခဲ့ကြောင်း ဆန်ပွဲရုံပိုင်ရှင် တစ်ဦးဖြစ်သူ ဦးယဉ်ဌေး က ပြောကြားသည်။

The Voice Weeklyဖြူးမြို့ အနီးတွင် ခေါင်းဖြတ်အသတ် ခံရသော အမျိုးသမီးကို မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ပြီဆိုသည့် သတင်းမှာ မှန်ကန်မှု မရှိပဲ စုံစမ်းနေဆဲသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် ၊မှူခင်းဌာနမှ ဒုတိယ ရဲမှူးကြီး တစ်ဦး က ပြောကြားသည်။

ချစ်သူများနေ့တွင် လည်လှီး အသတ်ခံရသော မိန်းကလေးမှာ မြိတ်မြို့မှ ဖြစ်ကြောင်း facebook လူမှု ကွန်ယက် စာမျက်နှာ တွင် ပျံ့ နှံနေခြင်း နှင့် ပတ်သက်၍ အတည်ပြု မေးမြန်းရာတွင် ဒုတိယ ရဲမှူးကြီး က အထက်ပါ အတိုင်းပြောကြားသည်။

“ခုထက်ထိ လူသတ် တရားခံကို မပြောနဲ့ သေသူရဲ့ အမည်ကို တောင် စုံစမ်း ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။ သေချာတာ ကတော့ တရားခံကို မမိ သေးပါဘူး” ဟု ဖေဖော်ဝါရီလ ၂၅ ရက် နံနက်၁၁ နာရီတွင်The Voice Weekly သို့ရှင်းပြသည်။

အသက် ၂၈ နှစ် အရွယ် ရှိ အမျိုးသမီး ကို ဦးခေါင်းပြတ်နေသော ခန္ဓာကိုယ် နှင့် ဦးခေါင်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့  နံနက်ပိုင်း တွင် ဖြူးမြို့ နယ် ၊ သပြေလှ ကျေးရွာ ၊ ရန်ကုန် - မန္တလေး လမ်းမပေါ် ရှိ ချောင်းကူး တံတားအောက် တွင် ပီနံအိတ် အဖြူရောင် တစ်လုံး နှင့် ထည့် ၍ စွန့်ပစ်ခဲ့ ခြင်း ဖြစ်သည်။

သေဆုံးသူ၏အနားတွင် ဆန်အရောင်းအဝယ် ငွေရပြေစာ တွေ့ရှိ
သောကြောင့် တောင်ငူမြို့ပေါ် ရှိ ဆန်ပွဲရုံ များကို တောင်ငူ ခရိုင် ရဲတပ်ဖွဲ့ က လာရောက် စုံစမ်းခဲ့ကြောင်း ဆန်ပွဲရုံပိုင်ရှင် တစ်ဦးဖြစ်သူ ဦးယဉ်ဌေး က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...