ဧဒင်အချစ်ပုံပြင်: သင်္ကြန်လည်ရတာကို မနှစ်သက်တဲ့ ချစ်သုဝေ

Saturday 30 March 2013

သင်္ကြန်လည်ရတာကို မနှစ်သက်တဲ့ ချစ်သုဝေ


ထရီဇာ ဇာတ်ကားတွေ လက်ခံ ရိုက်ကူးတဲ့ အခါမှာ ဖက်ရှင်နဲ့ ပတ် သက်ပြီး ဘယ်လိုပုံစံ မျိုးတွေ လုပ်ဖြစ် လဲဆိုတော့ ဇာတ်ကားရဲ့ သဘာဝ၊ ကိုယ်လုပ် ရမယ့် ကာ ရိုက်တာ လေးရယ်၊ ပရိသတ် အာရုံ စူးစိုက်မှု ဘယ်လို မျိုးလေး ရှိသွားမ လဲဆိုတဲ့ အပေါ်မှာ မူတည် ပြီးတော့ တစ်ကားနဲ့ တစ်ကား ဖက်ရှင် မထပ် အောင် ကြိုးစားတယ်။

သင်္ကြန်နဲ့ ပတ်သက်ပြီး ခံစားချက်ကို ပြောရမယ် ဆိုရင် အစ်မ သင်္ကြန်ကို သိပ်ပြီး မပျော် တတ်ဘူး။ အဲဒါကတော့ နည်းနည်း ထူးခြားမယ် ထင်တယ်။ ပိုက်ကြီး ကိုင်ပြီး ရေပက် နေရတာကို မနှစ်သက် သလို ရေပက်ခံ ထွက်ရ တာကိုလည်း မကြိုက်ဘူး။



စိုလိုက် ခြောက်လိုက်ကို မကြိုက်တာ။ တောက်လျှောက် စိုနေရင်တော့ ကြိုက်ပါတယ်။ ပတ်ဝန်းကျင် ကြီးက Safe မဖြစ်သလို ခံစားရတဲ့ အတွက် သင်္ကြန် လည်တာကို မကြိုက်ဘူး။ အစ်မ ငယ်ငယ်တုန်းက နှစ်နှစ်လုံး သင်္ကြန် လည်တာ ကားက လမ်းမ ကြီးမှာ ပျက်သွားတယ်။ သင်္ကြန် အ မှတ်တရ ဆိုရင် အဲဒါလည်း ပါတာ ပေါ့။

မိသားစုနဲ့ နှစ်နှစ် လည်ဖို့ ကြိုး စားတာ နှစ်နှစ်စလုံး ကားပျက်ပြီး စိတ်ညစ် ခဲ့ရတော့ အဲဒီလိုမျိုး လည် တာကို မပျော် မိတော့ဘူး။ မကြိုက် တော့ဘူး။ ဘယ်တော့မှလည်း နောက်နှစ်တွေ ထပ်ပြီးတော့ လည်ဖို့ မကြိုးစား မိတော့ဘူး။ ဒါပေမဲ့ အစ် မ မုန့်လုံး ရေပေါ် ကြိုက်တယ်။

ပိ တောက်ပန်းလည်း ကြိုက်တယ်။ ပြီးတော့ မြေကြီးထဲက ထွက်လာ တဲ့ မြေသင်းနံ့ လေးလည်း ကြိုက်ပါ တယ်။ ပရိသတ်ကြီး သင်္ကြန်လည်
ရင် ကားလည်း မပျက်ဘဲနဲ့ အန္တရာယ် ကင်းစွာ အပျော်ကြီး ပျော်နိုင်ပါ
စေ။

8DAYS

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...