ဧဒင်အချစ်ပုံပြင်: “ရေကူးအားကစားနည်းနဲ့ သင်ဇာဝင့်ကျော် ”

Monday 11 March 2013

“ရေကူးအားကစားနည်းနဲ့ သင်ဇာဝင့်ကျော် ”

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂ဝ၁၃ အရှေ့ တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာလအတွင်းမှာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့ ချောင်း သာ ကမ်းခြေတို့မှာ ကျင်းပမှာဖြစ်ပြီး ကျင်းပရန် ရက်ပေါင်း၂၇ဝကျော် သာလိုတော့တဲ့ အထိနီး ကပ်လာပါပြီ။ အခုတစ်ပတ်မှာတော့ ဆီးဂိမ်း မှာ ကျင်းပမယ့်အားကစားနည်း ၃၃နည်းထဲကရေကူးအား ကစားနည်းကို အနုပညာရှင် သင်ဇာဝင့်ကျော်နဲ့ ရန်ကုန် မြို့ကအမျိုးသား ရေကူးကန် မှာစီစဉ်ရိုက်ကူးဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ဆီးဂိမ်းအပေါ်အမြင် နဲ့ ရေကူးအားကစားနည်းအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။မြန်မာနိုင်ငံ သား တစ်ယောက်အနေနဲ့ ဆီးဂိမ်း ကို အိမ်ရှင်အဖြစ်နဲ့ ကျင်းပမှာကို ဂုဏ်ယူမိတယ်လို့ ဆိုလာသူ သင်ဇာ ဝင့်ကျော်က ဆီး ဂိမ်းနဲ့ ပတ်သက်ပြီး ”ဆောင်ပုဒ်တစ်ခုရှိတယ်။ “မြန်မာ အားကစား ကမ္ဘာကို လွှမ်းရမည်” ဆိုတဲ့ဆောင်ပုဒ်အတိုင်း တကယ် ကို မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေချင်တယ်။ ဆီးဂိမ်းက အဲဒီလိုဖြစ်လာဖို့အတွက် အစလို့ ထင်မိတယ်။ နောက်ပြီး တော့ ကိုယ့်နိုင်ငံက အိမ်ရှင် အဖြစ်နဲ့ စည်စည်ကားကား သိုက်သိုက် မြိုက်မြိုက်ကျင်းပမှာမို့လို့ ကိုယ့်နိုင်ငံအတွက် ဂုဏ်လည်း ယူမိတယ်”
”မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်ကြမယ့် ကစားသမား တွေ အားလုံးကိုလည်း အားပေးနေ မှာပါ”လို့ ပြောပြပါတယ်။
အနုပညာရှင်တစ်ယောက်အ နေနဲ့ အားကစားနည်းတစ်ခုကို ပြည် သူတွေစိတ်ဝင်စားစေဖို့ လှုံ့ဆော် ပေးရတဲ့အပေါ်ကိုလည်း ”ကိုယ်က အားကစားသမား မဟုတ်ပေမယ့် ဒီဟာကိုဝိုင်းပြီး လှုံ့ဆော်ပေးရတာပဲ ဖြစ်ဖြစ် ကိုယ်တတ်နိုင်သမျှ ပါဝင် ခွင့်ရတယ်ဆိုရင် ဝမ်းသာလှပါပြီ။ ကိုယ်က အားကစားအကြောင်းကို သိပ်မသိပေမယ့် အားကစား ကို ကိုယ့်ရဲ့ အနုပညာနဲ့ပေါင်းစပ်ပြီး အများပြည်သူသိဖို့ စိတ်ဝင်စားဖို့ လှုံ့ဆော်ရမယ်ဆိုရင် ကျေနပ်သလို ဝမ်းလည်းဝမ်းသာပါတယ်”လို့ သင်ဇာဝင့်ကျော်က ဆက်ပြောပါ တယ်။
အနုပညာရှင်မဖြစ်ခင်ငယ် ငယ် တုန်းကတည်းကအားကစားကို စိတ် ဝင်စားပြီး ဘောလုံးကန်တာ၊ ရေကူး တာတို့ကို လုပ်ဖြစ်ခဲ့ တယ်ဆိုတဲ့ သင်ဇင် ဝင့်ကျော်က သူ့ရဲ့ ငယ်စဉ် ဘဝကို ”ငယ်ငယ် တုန်း ကနေတဲ့ ခြံကကျယ်တယ်။ အဲဒီက ကိုယ်တွေနဲ့ သက်တူရွယ်တူ ကစား ဖော်၊ ကစားဖက်တွေလည်း ရှိ တယ်ဆိုတော့ ဘောလုံးလည်း ကန်ဖြစ်တယ်။ နောက်ပြီး ဘေ့စ်ဘောတို့လို အားကစားတွေ လည်းလုပ်ဖြစ်တယ်။ ငယ်ငယ် ကတည်းက ရေကူးရတာကို ဝါသနာပါပြီး ရေကူးတာကို လုပ်ဖြစ်ခဲ့တယ်”လို့ ပြောပြပါတယ်။ ရေကူးအားကစားနဲ့ အမှတ်တရ တွေအကြောင်းကို ”ခုနစ်တန်း လောက်က ရေကူးပြိုင်ဖို့ဆိုပြီး ပြိုင်ပွဲ ဝင်စာရင်းထည့်ပေး လိုက် တယ်။ မီတာ ၅ဝ၊ ၁ဝဝလားတော့ မမှတ်မိတော့ဘူး။ ဒါပေမဲ့ ပြိုင်ပွဲ ရက်နီးခါမှ နေမကောင်းဖြစ်တာ ကြောင့် မပြိုင်လိုက်ရဘူး။ စိတ် လည်းမကောင်းဘူးပေါ့။ ဒါကတော့ အခုထိ သင်ဇာ့အတွက် အမှတ်တရ ပါပဲ”လို့ သတိတရနဲ့ ပြောပြပါတယ်။
ရေကူးအားကစားဟာ ကျန်းမာ ရေးအတွက် သင့်တော်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိစေ ကြောင်း၊ ခန္ဓာကိုယ်အတွက် ရေကူး အားကစားနည်းဟာ အလွန်အဆင် ပြေကြောင်း ဆက်ပြောပါတယ်။
သင်ဇာဝင့်ကျော်က ဆီးဂိမ်း ပြိုင်ပွဲကို ပရိသတ်အများအပြား လာရောက် အားပေးစေချင်ပြီး ပြိုင်ပွဲဝင်မယ့် အားကစားသမား တွေအတွက် အားပေးဆုတောင်း စကားကို ”ဘယ်အရာမဆို ဇွဲ မလျှော့စတမ်း ကြိုးစားရင် အောင် မြင်မှာပါ။ ကိုယ်ဆုံးဖြတ်ပြီး တဲ့အရာကို ကောင်း အောင်လုပ်ဖို့ပဲ ကြိုး စားပါတယ်။ သင်ဇာ လည်း ဘဝကို ဒီလို ပဲလျှောက် လှမ်းနေ တာပါ။ ရေကူး အားကစားနည်းက ကစားသမားတွေ ရော၊တခြားအားကစား နည်း တွေက နိုင်ငံဂုဏ်ဆောင်ကြ မယ့် ကစားသမားတွေပါ ဇွဲ မလျှော့ စတမ်းကြိုးစားပြီး မြန်မာ နိုင်ငံအတွက် ရွှေတံဆိပ်အများကြီးရ မယ်လို့ မျှော်လင့်ပါတယ်၊ ယုံလည်း ယုံကြည်ပါတယ်”လို့ပြောပြခဲ့ပါတယ်။ ရေကူးပြိုင်ပွဲကို နေပြည်တော်ရှိ ဝဏ္ဏ သိဒ္ဓိရေကူးကန်နဲ့ ဇေယျာသီရိ ရေကူးကန်တွေမှာ ကျင်းပပြုလုပ်မှာဖြစ် ပြီး ချီးမြှင့်မယ့် ဆုတံဆိပ် အရေ အတွက်က ရွှေ ၃၄ ခု၊ ငွေ ၃၄ ခု၊ ကြေး ၃၄ ခု စုစုပေါင်း ၁ဝ၂ ခု ချီးမြှင့်မှာ ဖြစ်ပါတယ်။မေမွန်မောင်၊ သီဟ
popularmyanmar.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...