သည်လ
၂၄ ရက်မှစပြီး CDMA- 800 MHz ဖုန်းနဲ့ WCDMA ဆင်းကတ်တွေကို
ငွေကျပ်တစ်ထောင့်ငါးရာနဲ့ ရောင်းချပေးမယ်လို့ ယနေ့ည မြန်မာ့ရုပ်သံမှာ
စာတန်းထိုး ကြေညာပါ တယ်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက “CDMA-
800 MHz နဲ့ WCDMA ဆင်းကတ်တွေကို ငွေကျပ်တစ်ထောင့် ငါးရာနဲ့ သည်လ ၂၄
ရက်နေ့ကစပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်နဲ့
ရောင်းချပေးမှာ ဖြစ်တယ်၊ ရောင်းချပေးမယ့် နံပါတ်တွေကတော့ 800 MHz ကို 0931
နဲ့စပြီး စုစုပေါင်း နံပါတ် ၁၀ လုံး ပါဝင်မှာ ဖြစ်ပါတယ်။ တယ်လီဖုန်း
လျှောက်ထားဖို့ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းနဲ့အတူ လစဉ် အလုံးရေ
သုံးသိန်းခွဲ ရောင်းချပေးမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ အင်တာနက်ကိုတော့
သီးသန့် လျှောက်ထားဖို့ လိုတယ်လို့ သိရပါတယ်။ ကိုယ်စားလှယ် ကုမ္ပဏီတွေနဲ့
မိုဘိုင်းအရောင်းဆိုင်တွေကိုတော့ ရောင်းချခွင့် မပြုသေးပါဘူး။
တစ်နိုင်ငံလုံးကို အလုံးရေခွဲတမ်းနဲ့ ရောင်းချပေးမှာလို့ ဆိုပါတယ်။
ခေါ်ဆိုခနှုန်းထား ပြောင်းလဲခြင်း မရှိဘူးလို့ သိရပါတယ်။ စတင်ရောင်းချတဲ့
ရက်ကစပြီး လစဉ်အလုံးရေ သုံးသိန်းခွဲ ရောင်းချပေးသွားမှာဖြစ်ပြီး
အော်ပရေတာတွေနဲ့ အကျိုးတူ ပူးပေါင်းတည်ဆောက်မယ့် တာဝါတိုင်
တိုးချဲ့စီမံကိန်းတွေ ပြီးသွားခဲ့ရင်တော့ ဖုန်းတွေကို အကန့်အသတ်မရှိ
ရောင်းချပေးမယ်လို့ ရုပ်မြင်သံကြား ပြည်တွင်းသတင်းမှာ ကြေညာပါတယ်။Friday, 5 April 2013
ဧပြီ ၂၄ ရက် စရောင်းမည့် CDMA 800 MHz ကို 0931 နဲ့စပြီး စုစုပေါင်း နံပါတ် ၁၀ လုံး ပါဝင်မည်
သည်လ
၂၄ ရက်မှစပြီး CDMA- 800 MHz ဖုန်းနဲ့ WCDMA ဆင်းကတ်တွေကို
ငွေကျပ်တစ်ထောင့်ငါးရာနဲ့ ရောင်းချပေးမယ်လို့ ယနေ့ည မြန်မာ့ရုပ်သံမှာ
စာတန်းထိုး ကြေညာပါ တယ်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက “CDMA-
800 MHz နဲ့ WCDMA ဆင်းကတ်တွေကို ငွေကျပ်တစ်ထောင့် ငါးရာနဲ့ သည်လ ၂၄
ရက်နေ့ကစပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်နဲ့
ရောင်းချပေးမှာ ဖြစ်တယ်၊ ရောင်းချပေးမယ့် နံပါတ်တွေကတော့ 800 MHz ကို 0931
နဲ့စပြီး စုစုပေါင်း နံပါတ် ၁၀ လုံး ပါဝင်မှာ ဖြစ်ပါတယ်။ တယ်လီဖုန်း
လျှောက်ထားဖို့ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းနဲ့အတူ လစဉ် အလုံးရေ
သုံးသိန်းခွဲ ရောင်းချပေးမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ အင်တာနက်ကိုတော့
သီးသန့် လျှောက်ထားဖို့ လိုတယ်လို့ သိရပါတယ်။ ကိုယ်စားလှယ် ကုမ္ပဏီတွေနဲ့
မိုဘိုင်းအရောင်းဆိုင်တွေကိုတော့ ရောင်းချခွင့် မပြုသေးပါဘူး။
တစ်နိုင်ငံလုံးကို အလုံးရေခွဲတမ်းနဲ့ ရောင်းချပေးမှာလို့ ဆိုပါတယ်။
ခေါ်ဆိုခနှုန်းထား ပြောင်းလဲခြင်း မရှိဘူးလို့ သိရပါတယ်။ စတင်ရောင်းချတဲ့
ရက်ကစပြီး လစဉ်အလုံးရေ သုံးသိန်းခွဲ ရောင်းချပေးသွားမှာဖြစ်ပြီး
အော်ပရေတာတွေနဲ့ အကျိုးတူ ပူးပေါင်းတည်ဆောက်မယ့် တာဝါတိုင်
တိုးချဲ့စီမံကိန်းတွေ ပြီးသွားခဲ့ရင်တော့ ဖုန်းတွေကို အကန့်အသတ်မရှိ
ရောင်းချပေးမယ်လို့ ရုပ်မြင်သံကြား ပြည်တွင်းသတင်းမှာ ကြေညာပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment