ဧဒင်အချစ်ပုံပြင်: ပြည်မြို့ကဘုန်းကြီးသတ်တဲ့ကောင်မိပြီဗျို့

Tuesday 14 May 2013

ပြည်မြို့ကဘုန်းကြီးသတ်တဲ့ကောင်မိပြီဗျို့

Photo: ပြည်မြို့ကဘုန်းကြီးသတ်တဲ့ကောင်မိပြီဗျို့

၁၅.၅.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

ရွာဘဲရပ်ကွက်၊ပုညရှင်ဓမ္မာရုံကျောင်းမှဆရာတော်အားဓားဖြင့်ထိုးပြီးထွက် ပြေးသွားသောတရားခံရဲဝင်း(ခ)ရဲနောင်အား ပြည်မြို့၊မြို့မ ရဲစခန်းမှူးဒုရဲမှူး ၀င်းခိုင်ဦးစီး နယ်ထိမ်းအဖွဲ့မှ(၁၅. ၅ .၂၀၁၃) ရက်နေ့နံနက်(၁း၀၀)နာရီ၄၅မိနစ်က သီရိခေတ္တရာတည်းခိုခန်း၌တည်းခိုနေစဉ်ဖမ်းစီးရမိခဲ့ပါသည်။
၎င်းအပြင်တရားခံရဲဝင်း(ခ)ရဲနောင်သည်ဆိုင်ကယ်ခိုးမှုများစစ်ဆေးပေါ်ပေါက်ကြောင်ပြည်မြို့မရဲစခန်း တာဝန်ရှိသူထံမှသိရသည်။

တရာခံရဲဝင်း(ခ)ရဲနောင်ပုံပါ.... Watch Man
https://www.facebook.com/photo.php?fbid=192867034199118&set=a.171675509651604.1073741828.100004274675013&type=1&relevant_count=1&ref=nf

ပြည်မြို့မှ ဆရာတော်တစ်ပါးအား လူတစ်ဦးမှဓါးဖြင့်ထိုး........သတင်းတိတိကျကျ ဖတ်ချင်ရင်..........(၁၄.၅.၂၀၁၃)ရက်နေ့ နေ့လည်(၂)နာရီအချိန်ကဖြစ်ပွားခဲ့သော ပုညရှင်စေတီကျောင်းမှဆရာတော်အား ဓါးဖြင့်ထိုးသွားသည့်တရားခံကို ပြည်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဝင်းခိုင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇော်မင်းနိုင်နှင့် နယ်ထိန်းအဖွဲ့၊ ရဲစခန်းရှိတပ်ဖွဲ့ဝင်များ၊ သက်သေ ဦးသန်းထူးနှင့်အဖွဲ့တို့မှ အခင်းဖြစ်ပွါးသည့်အချိန်မှစ၍ တရားခံအမြန်ဖော်ထုတ်နိုင်ရေးအတွက် မနားမနေအစွမ်းကုန်ကြိုးပမ်းခဲ့ကြပါတယ်။ ထိုသို့ကြိုးပမ်းအားထုတ်မှု ကြောင့် အချိန်အတိုအတွင်း တရားခံမည်သူမည်ဝါဆိုတာ သိခဲ့ရပါတယ်။ သို့သော်လည်းတရားခံမှာအခင်း ဖြစ်သည့်အချိန်မှစပြီးထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ၄င်းသွားလာတတ်သည့်နေရာများအား နယ်ထိန်းအဖွဲ့မှ အမာခံသတင်းပေးများဖြင့်ပူးပေါင်းစုံစမ်းခဲ့ရာ နောက်ဆုံးတရားခံသွားလာတတ်သည့်နေရာများသိရှိခဲ့ရပါတယ်။ ည(၁၁၄၅)အချိန် စခန်းမှူးနှင့် နယ်ထိန်းအဖွဲ့မှ တရားခံရောက်ရှိလာမည့်နေရာ(တည်းခိုခန်းတစ်ခု)တွင် လျှို့ဝှက်စောင့် ဆိုင်းကာတရားခံအားဖမ်းဆီး ရမိပြီး သက်သေခံပစ္စည်း ဖုန်းနှင့်ဓါးအား သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ၄င်းကိုစစ်မေးတဲ့အခါ ရဲနောင်(၂၆)နှစ်၊ မြကန်သာနေသူဖြစ်ကြောင်း သိရှိရ ပြီး ဆရာတော်ကိုဓါးနှင့်ထိုး တယ်လီဖုန်းကိုယူဆောင်ခဲ့ကြောင်းဝန်ခံခဲ့ပါ တယ် ပြည်သတင်းလူငယ် တင်ခဲ့သလို အဖွဲ့လိုက်မဟုတ်ပဲ တစ်ယောက်တည်းသာဖြစ်ပါတယ်လို့သတင်းပေးပို့သူတစ်ဦးထံမှသိရှိ ရပါတယ်။ ၉ နာရီ ၄၅မိနစ်အတွင်း တရားခံအမြန်ဆုံးဖမ်းဆီးပေးနိုင်တဲ့ ရဲတပ်ဖွဲ့အတွက်ဂုဏ်ယူပါတယ်။

Khant Htal Maung

ပြည်သတင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...