ရန်ကုန်၊
ဇွန် ၁။ ရန်ကုန်ကုန်မြို့၊ ရွှေတိဂုံဘုရားကြီး မြောက်ဘက်မုဒ်ရှိ
အာဇာနည်ဗိမာန်အား ယနေ့နံနက် (၈း၀၀) နာရီတွင် အများပြည်သူများ
လေ့လာဂါရ၀ပြုနိုင်ရန် စတင်ဖွင့်လှစ်လိုက်သည်။ တနင်္လာနေ့နှင့်
အစိုးရရုံးပိတ်ရက်များမှအပ ကျန်ရက်များအားလုံး ဖွင့်လှစ်
ထားမည်ဖြစ်ပြီး နံနက် (၈း၀၀) နာရီမှ ညနေ (၅း၀၀) နာရီအထိ ဖွင့်လှစ်မည်။
ဝင်ကြေးအနေဖြင့် လူကြီးတစ်ဦးလျှင် (၂၀၀) ကျပ်၊ ကလေးတစ်ဦးလျှင် (၁၀၀) ကျပ်
နှင့် နိုင်ငံခြားသားတစ်ဦးလျှင် (၃) ဒေါ်လာ သို့မဟုတ်
မြန်မာငွေနှင့်ညီမျှသော (၂၇၀၀) ကျပ် ကောက်ခံမည်ဖြစ်သည်။ မူလတန်းမှ
တက္ကသိုလ်ကျောင်းသားများ အထိ ကျောင်းသားကဒ်ပြားဖြင့်
အခမဲ့ဝင်ခွင့်ပြုမည်ဖြစ်၍ အာဇာနည်နေ့တွင် မည်သူမဆို
အခမဲ့ဝင်ခွင့်ပြုမည်ဖြစ်သည်။ ဓါတ်ပုံ - သီဟ The Myanma Age

No comments:
Post a Comment