ဧဒင်အချစ်ပုံပြင်: ၃၁ ဘ၀ အသက်တစ်ချောင်း ကယ်တင်သူများကို ကုမ္ပဏီပိုင်ရှင်ရဲနဲ့ဖြဲခြောက်

Saturday 29 June 2013

၃၁ ဘ၀ အသက်တစ်ချောင်း ကယ်တင်သူများကို ကုမ္ပဏီပိုင်ရှင်ရဲနဲ့ဖြဲခြောက်


ဇွန်လ  ၂၉    ခရမ်းသားလေး
                ရွှေလမ်းဖွင့် ကုမ္ပဏီ တာဝန်ရှိသူက အလုပ်သမား၃၁ ဦးအား နယ်စပ် သို့ပြန်ပို့စဉ် ကား လမ်းတွင် ပစ်ချထားခဲ့သဖြင့်တစ်ဖွဲ့ကို ပုလိပ်များခေါ်   ဆောင်သွားပြီး ကျန်တစ်ဖွဲ့ အလုပ်သမ တစ်ဦးအား အရေးပေါ် ဆေးရုံတင်ခဲ့ရ ကြောင်း သိရှိရ သည်။
    အလုပ်အကိုင်မယ်မယ်ရရမရှိပဲ အလုပ်သမား တင်သွင်းထားသည့် ရွှေလမ်းဖွင့် MOU ကုမ္ပဏီက ဇွန်လ ၂၇ ရက်နေ့ ညဥ့်သန်းခေါင်အချိန်တွင် သံရုံး တွင် အလုပ်ပြောင်းရွှေ့ခွင့်လက်ဗွေနှိပ် လက်မှတ် ထိုးရန်ဟု လိမ်လည်လျှက် အလုပ်သမား ၃၁ ဦးအား ကားပေါ်တင်လျှက် မဲဆောက်ဘက်သို့မှောင်းနှင်းစဉ် အလုပ်သများက အတင်းရပ်ခိုင်းသဖြင့် ကားလမ်းဘေးတွင် ပစ်ချထားခဲ့ အခက်ကြုံနေကြောင်း ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ အကူညီတောင်းခံခဲ့သဖြင့် သွားရောက်ကူညီဖြေ ရှင်းခဲ့ခြင်းဖြစ်သည်။ ထိုသို့ ကူညီသူများကို ကုမ္ပဏီမှ တာဝန်ရှိသူ ဦးမျိုးမြင့်လေး ဆိုသူက ဒေသခံ ရဲတစ်ဦးကို ခေါ်ယူထားပြီး ခြိမ်းခြောက်မှု များပြုလုပ် ခဲ့ကြောင်း သိရှိရသည်။
                 အလုပ်သမ မမိုးသူဇာသိမ့်က“ကုမ္ပဏီပိုင်ရှင် မျိုးမြင့်လေး ဆိုသူက အလုပ်ပြောင်းခွင့် လက်မှတ် ထိုးဖို့မြန်မာ သံရုံးကို လက်ဗွေနှိပ်ဖို့ဆိုပြီး လိမ်လည်လှည့်ဖြားပြီး ကား ၂စီနဲ့ပို့တာ။ လမ်းက မှတ်တိုင်တွေကို သမီးတို့က MAT အဖွဲ့ကိုသတင်းအမြဲပို့နေတယ်။ အယုဒ္ဓယ ဆိုတဲ့ စာလုံးကိုတွေ့တော့ သမီးတို့ကို မဲဆောက် ကို ပို့နေ တယ် ဆိုတာ သဘောပေါက်တော့တယ်။ ဦးမျိုးမြင့်လေးနဲ့ မန်နေဂျာ ကိုမိုးအာင် ဆိုသူတို့ ဖုန်းကို ပိတ်ထားတယ်၊ဆက်သွယ်မရဘူး။သမီးတို့လမ်းဘေးမှာတစ်ညလုံး ကြောက်ကြောက်ရွှံ့ရွှံ့နေခဲ့ကြရပါတယ်၊
နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ချင်လွန်းလို့ သမီးတို့ ကိုယ့်ပိတ်ဆံနဲ့ ကိုယ် အကုန်ကျခံပြီး တရားဝင်လာတာ ဒီလိုမျိုးခံရပါလားလို့ MOU ဆိုတာကို သဘောပေါက်မိတယ်။ ဒါပေမယ့် ခု သမီးတို့ မထူးတော့ဘူး။ အလုပ်ပဲ လုပ်ရပါစေလို့ ဆုတောင်းပါတယ်ရှင်” ဟုပြောသည်။
               အလုပ်သမားများက ကြောက်လန့်တကြားဖြင့် အရေးပေါ်အကူညီတောင်းခံလာမှုကြောင့် MAT အဖွဲ့ဝင်  ၅ဦးတို့သည်  ည ၁နာရီခွဲတွင် ကားတစ်စီးစီစဉ်လျှက် အမှီလိုက်ပြီးရှာကြသော်လည်း မတွေ့ခဲ့ပဲ မိုးလင်း ၇နာရီမှာ မှ အလုပ်သမား တစ်သုတ်ကို စိန်ဘူရီ နယ်မြေ အဝေးပြေးလမ်းတစ်နေရာမှ  ဓါတ်ဆီဆိုင် တစ်ဆိုင်အနီး ဈေးဆိုင်အပျက် တစ်ခုထဲတွင် အလုပ်သမား၁၆ ယောက်ကိုတွေ့ရှိခဲ့ရသည်။ ၁၅ ဦးကိုမူ ဘန်ကယ ရဲစခန်းမှ ခေါ်ယူထိန်းသိမ်းထားကြောင်း သိရှိခဲ့ရသည်။
         ဘန်ကယရဲစခန်းသို့ ရောက်သည့်အခါ ပခုက္ကူ ကံမစိုးတွင်းရွာမှအသက်၂၁နှစ်အရွယ်  ပြည့်ဖြိုးနွယ် ဆိုသည့် အလုပ်သမမှာ အော့အန်ပြီးနောက် သတိ လစ်သွားခဲ့သည်။ ထို့ကြောင့် MAT အဖွဲ့သားတို့ သည်  ရဲအကူညီကိုရယူလျှက် ဘန်ကယ ဆေးရုံသို့ ပို့ဆောင်ခဲ့ရပါသည်။
          ဆေးရုံတွင် အသက်ကယ်ဆေးထိုးခြင်းနှင့်   အောက်စီဂျင်များရှုစေလျှက် တစ်နာရီကျော် ခန့် ဆေးဝါး ကုသမှုခံယူခဲ့ရပါသည်။ အချိန်အနည်းငယ်နောက်ကျပါက အသက်ဆုံးရှုံးနိုင်   ကြောင်း ဆရာဝန်ပြောပြချက်အရ သိရှိရသည်။
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “နိုင်ငံခြားကို အလုပ်သမား တင်သွင်းနေကြတဲ့ ကိစ္စဟာ မြန်မာ
အေးဂျင်စီတွေနဲ့ အလုပ်သမား အာဏာပိုင်တွေနဲ့ အဆင်ပြေရင်ပြီးတာပဲ ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်နေကြ တာကို   တွေ့ရတယ်။ MOU စည်းကမ်းသတ်မှတ်ချက်တွေကလည်း အလုပ်သမားတွေကို ချီပြီးတုတ်ပြီးဖြစ်တယ်။ အစိုးရသတ်မှတ်ချက်တွေ ကိုကျော်လွန်ပြီးတော့ အနိုင်ကျင့် ဗိုလ်ကျ ပြီးတော့ စီးပွားရှာနေတဲ့ လိမ်စဉ်ကြီး ဆိုတာ ကျနော်တို့တွေ့ရတယ်။ ကျနော် မြန်မာအစိုးရကို အကြိမ်ကြိမ်တင်ပြပြီးဖြစ်တယ်။ ဒါပေမယ့် ကျနော် တို့ မြန်မာအစိုးရဟာ MOU ဆိုတာ ပွဲစားကုမ္ပဏီတွေက အလုပ်သမားတွေကို တရားဝင်အနိုင် ကျင့်ခွင့်ပြု ထားတာ၊ တရားဝင်လူကုန်ကူးတယ်ဆိုတာ ခုထိသဘောမပေါက်သေးတာကိုထောက်ရင်  မြန်မာအလုပ် သမားတွေ ဆက်ပြီးတော့ ဒုက္ခရောက်ပါအုံးမယ်။ ဦးမျိုးမြင့်လေး က ဒေသခံရဲကိုခေါ်ထားတယ်၊ ကျနော်တို့ ကို ခြိမ်းခြောက်တယ်၊ ဟိန်းဟောက်ပြောဆိုတယ်။ ကျနော်တို့က အမှန်အတိုင်းလုပ်နေတာ၊ ဘ၀ပျက်နေ ကြတဲ့အလုပ်သမားတွေရဲ့သောကမျက်ရည်ကိုကိုယ့်ထမင်းကိုယ်စားပြီးလုပ်နေကြတာ။ဘာကိုကြောက်
 နေရမှာလဲ” ဟုပြောသည်။
               အလုပ်သမားများသည် မကွေးတိုင်း ပခုက္ကူ၊ ဆိပ်ဖြူ၊ ငဖဲ မြို့နယ်များမှဖြစ်ကြသည်။ ငဖဲမြို့နယ်   ပေကုန်းကျေးရွာ မဌေးဌေးဦး၊ အောင်လင်း၊ စုစုမွန်နှင့် မွန်မွန်သူ တို့မောင်နှမ ၄ဦးမှာ MOU အတွက် အိမ်ခြံဝိုင်းနှင့် လယ်ယာတို့ကို ကျပ်ငွေ သိန်း၂၀ ကို ရွာသူဌေးထံမှာ ကျပ်တစ်ရာကို တစ်လလျှင် တစ်ဆယ် တိုးဖြင့်ချေးငှါးလာခဲကြပြီး လာမည့်ဇူလိုင်လတွင် မပေးဆပ်နိုင်ပါက ပေါင်နှံပစ္စည်းများအား သိမ်းဆည်းခံရ မည်ဖြစ်သည်။ အလားတူ ကိုစိုးသူနှင့် မကေသီလှိုင် တို့ မောင်နှမ နှစ်ဦးတို့ မှာ ကျပ်ငွေ ဆယ်သိန်းစီ ကုန် ကျ နေခဲ့ပြီး လာမည့် ဇူလိုင်လမှာ မပေးနိုင်လျှင် ကျွဲနွားပါ မကျန် သိမ်းဆည်း ခံရမည် မည်ဖြစ် ကြာင်း  အလုပ်သမားများက ပြောသည်။
အလုပ်သမ မဌေးဌေးဦးက “သမီးတို့ ရွှေလမ်းဖွင့် ကုမ္ပဏီကို တစ်ယောက်အတွက် ကျပ်ငွေ သုံးသိန်းခွဲစီပေးရပါတယ်။ သမီးတို့မောင်နှမ ၄ယောက် အတွက် အိမ်ဝိုင်း၊တောင်ယာနဲ့ ကျွဲနွားတွေ ကို သိန်း ၂၀ နဲ့ ပေါင်းလာခဲ့ပါတယ်။ တစ်ဆယ်တိုးနဲ့ မို့လို့ခု ၁၀လကျော်   နေ ပြီး ဆိုတော့ စုစုပေါင်း အရင်းရော အတိုးပါ သိန်းလေးဆယ်ကျော် ပေးရပါတော့မယ်။ ဇူလိုင်လမှာ သမီးတို့ မဆပ်နိုင်ရင် သူဌေးက အကုန်သိမ်းမယ်ဆိုပြီးအဖေတို့အမေတို့က ကျေးရွာ အုပ်ချုပ်ရေးမှူး  အိမ်မှာ လက် မှတ် ထိုးထားရပြီးတဲ့။ သမီးတို့ ဘယ်လို အိမ်ကို ပြန်လို့ရမလဲဦးရယ်။ နယ်စပ်ကို ပြန်ပို့ခံရရင် ဖြစ်ချင်ရာဖြစ် လုပ်ရမှာပဲ။ သမီးတို့ဘ၀ပျက်ပြီးပေါ့” ဟု ငိုရှိုက်ရင်း ပြောသည်။
         MOU စည်းကမ်းချက်များအားနည်းမှု၊ ကုမ္ပဏီမှား ရိုးသားမှန်ကန်ခြင်းနည်းပါးမှုတို့ကြောင့်ထိုင်းရောက် MOU အလုပ်သမားများစွာ နေ့စဉ် ဒုက္ခရောက်နေကြကြောင်း MAT အဖွဲ့ ကပြောသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...