ဧဒင်အချစ်ပုံပြင်: ၅ ရက်သာ အိမ်ထောင်ရှင်ဖြစ်ခွင့်ရသူလေး

Thursday 6 June 2013

၅ ရက်သာ အိမ်ထောင်ရှင်ဖြစ်ခွင့်ရသူလေး

Photo: ၅ ရက်သာ အိမ်ထောင်ရှင်ဖြစ်ခွင့်ရသူလေး
Friday, June 07 , 2013

ပုံမှာ မြင်တွေ့ရတဲ့ အမျိုးသမီးရဲ့ အမည်ကတော့ Katie Kirkpatrick ဖြစ်ပါ တယ်။ ၂၀၀၅ ခုနှစ် ဇန်နဝါရီလက ကွယ်လွန်ခဲ့ပြီး ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်ကစလို့ ပြင်းထန်သော ကင်ဆာရောဂါဝေဒနာကို စတင်ခံစား ရပါတယ်။ အမေရိကန်ပြည်ထောင်စု၊ Michigan ပြည်နယ်ရှိ Rochester ကောလိပ်ကျောင်းသူ ဖြစ်ပါတယ်။ ရောဂါဝေဒနာခံစားရသည့် တိုင် ကျောင်းနားဖို့ စိတ်ကူးလုံးဝ မရှိခဲ့ပါဘူး။ သူချစ်ရတဲ့ ကျောင်းနေဖက် Nick Goodwin နဲ့လည်း လက်တွဲမြဲ ဖြစ်ပါတယ်။ ဝမ်းနည်းစရာ ကောင်း တဲ့ ဆေးစစ်ချက် ရလဒ်က ကေတီဟာ အသက်ရှင်ဖို့ အချိန် သိပ် မကျန်တော့ ပါဘူး။

ချစ်သူနဲ့ လက်ထက်ဖြစ်ဖို့ဆိုတာလည်း သူ့ရဲ့  မစွန့်လွတ်နိုင်တဲ့ မျော်လင့် ချက် တစ်ခု ဖြစ်ပါတယ်။ ချစ်သူကလည်း သူ့အတွက်ဆို ဘဝတစ်ခု လုံး ပေးဆပ်ဖို့ အဆင့်သင့်ပဲမို့ မေးခွန်းထုတ်နေစရာ တောင် မလိုပါဘူး။ ၂၀၀၅ ခုနှစ် ဇန်နဝါရီလမှာ မင်္ဂလာပွဲကြီး ခမ်းခမ်းနားနား ကျင်းပခဲ့ ပါတယ်။ ကေတီရဲ့  နှစ်လရှည်ကြာ မျော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့ အတွက် နှစ်ဖက်မိဘအသိုင်းအဝိုင်းက တွေဝေမနေတတ်ပါဘူး။ မင်္ဂလာပွဲဟာ ကေတီအတွက် ဝမ်းအသာရဆုံးနဲ့ ဝမ်းအနည်းရ ဆုံးနေ့ရက် ဖြစ်ရပါတယ်။

မင်္ဂလာဆောင်ပြီး နောက်ထပ် ငါးရက်ကြာတော့ သူမရဲ့ ဈာပန အခမ်းအနား ကျင်းပတဲ့ နေ့ရက် ကျင်းပပါတယ်။ ကံကြမ္မာကို မလွန်ဆန် နိုင်ခဲ့ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ချစ်သူနဲ့ လက်ထက် ဖြစ်သွားတာကိုပဲ ကေတီ တစ်ယောက် ကျေနပ်ခဲ့ပါတယ်။

ယနေ့ချိန်မှာ ကေတီ (Katie's Wing) အမည်နဲ့ ပြည်သူအကျိုးပြု ကင်ဆာ ဖောင်းဒေးရှင်းကို Michigan မှာ တွေ့ရှိနိုင်ပါတယ်။ ကင်ဆာ ရောဂါ ဝေဒနာ ခံစားရသူများကို ဖေးမကူညီပေးမယ့် အဖွဲ့ အစည်းဖြစ်ပြီး ကေတီရဲ့ စိတ်ကူးပဲ ဖြစ်ပါတယ်။ သူမရဲ့ စိတ်ကူးကို ကျန်ရှိတဲ့ မိသားစုက ဖြည့်ဆည်းပေးပြီး ကေတီကင်ဆာဖောင်ဒေးရှင်းကို လူသိများခဲ့ ပါတယ်။ တိုတောင်းတဲ့ အချိန်ကာလအတွင်း တန်ဖိုးရှိတဲ့ နေ့ရက်များ ဖန်တီးနိုင်ခဲ့တဲ့ ကေတီရဲ့  ဖြစ်ရပ်ဟာ ယနေ့တိုင် ဝမ်းနည်းဖွယ် ဇာတ်လမ်း တစ်ပုဒ်အဖြစ် ကျန်ရှိခဲ့ပါတယ်။
--
Ref: positivemed
ရိုးရာလေး ရသ

http://www.yoyarlay.com/health/health-article/35966-5-day-groom-die-of-cancer

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...