ဧဒင်အချစ်ပုံပြင်: နေအိမ်အတွင်း ၀င်ရောက်ကာ ကပ်ကြေးဖြင့်ထိုး၊ ဆွဲကြိုးလုယူရန် ပြုလုပ်သူအားအရေးယူ

Sunday 21 July 2013

နေအိမ်အတွင်း ၀င်ရောက်ကာ ကပ်ကြေးဖြင့်ထိုး၊ ဆွဲကြိုးလုယူရန် ပြုလုပ်သူအားအရေးယူ

Photo: နေအိမ်အတွင်း ၀င်ရောက်ကာ ကပ်ကြေးဖြင့်ထိုး၊ ဆွဲကြိုးလုယူရန်
ပြုလုပ်သူအားအရေးယူ

ရန်ကုန်၊ ဇူလိုင် ၂၁

၂၁.၇.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန် အလုံမြို့နယ်၊
စောရန်ပိုင်အနောက်ရပ်ကွက်နေ ဦးကျော်သူရသည် နေအိမ်တွင်
ရှိနေစဉ် တစ်ရပ်ကွက်တည်းနေ ဌေးကျော်(ခ)နာဂ (ဘ)ဦးဝင်းမောင် 
မှာ အ၀တ်ညှပ်သည့်ကပ်ကြေးအား ကိုင်ဆောင်ဝင်ရောက်လာပြီး ဦးကျော်သူရအား ထိုးသဖြင့် ရှောင်တိမ်းခဲ့ရပါသည်။ 

ထိုသို့ရှောင်တိမ်းစဉ် ဦးကျော်သူရ၏လည်ပင်း၌ဆွဲထားသော အလေးချိန်၎ကျပ်သားခန့်ရှိ ရွှေဆွဲကြိုး (တန်ဘိုး ၂၇သိန်း၃သောင်းခန့်)အားဆွဲဖြတ်ကာ ယူဆောင်
ထွက်ပြေးရန်ကြံစည်စဉ် ပြန်လည်လုယူခဲ့၍ ဆွဲကြိုးမှာပါဆုံးသွားခြင်း
မရှိဘဲ ဌေးကျော်(ခ)နာဂ မှာထွက်ပြေးသွားခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဦးကျော်သူရမှ အရေးယူပေးပါရန် တိုင်တန်းခဲ့သဖြင့် အလုံမြို့မရဲစခန်း (ပ) ၁၆၉/၂၀၁၃၊
ပုဒ်မ ၄၅၁/၃၉၃ ဖြင့်အရေးယူဆောင်ရွက်ခဲ့ကာ 
တရားခံ ဌေးကျော်(ခ)နာဂ အားလိုက်လံဖမ်းဆီးရမိပြီး
စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

yangon police

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...