ဧဒင်အချစ်ပုံပြင်: ရှေးဟောင်းငွေသတ္တုပစ္စည်းများတွေ့

Saturday 6 July 2013

ရှေးဟောင်းငွေသတ္တုပစ္စည်းများတွေ့

Photo: ရှေးဟောင်းငွေသတ္တုပစ္စည်းများတွေ့

ဇူလိုင် ၆
၃-၇-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ၊ အိမ်တော်ကုန်းရပ် ကွက်နေ ဒေါ်ကျင်အေး(ခ)က တုံးမ(၃၉)နှစ်သည် ကျန်းမာရေးမကောင်းသဖြင့် ဘိုတဲကုန်းရပ်ကွက်နေ ဦးသိန်းထိုက်(၂၅)နှစ်၏နေအိမ်သို့ ဆေးသွားယူပြီးပြန်လာစဉ်

ဦးသိန်းထိုက်၏ နေအိမ်ရှေ့ရေမြောင်းထဲ၌ အဖုံးမပါသည့်မြေအိုးဟောင်းတစ်လုံး၏နှုတ်ခမ်းဝပေါ်နေပြီး အဖြူရောင် သတ္တုပြား ၂ ပြား မြေပေါ်သို့ကျနေသည်ကိုတွေ့ရှိရ၍ ဦးသိန်းထိုက်၏ဇနီးဖြစ်သူ မဖြူဖြူဝင်း(၂၈)နှစ် နှင့်အတူ မြေအိုးအား တူးဖော်ကြည့်ရှုရာမှ အချင်း ၂ စင်တီမီတာမှ ၂.၅ စင်တီမီတာခန့်၊

အထူ ၂ မီလီမီတာခန့်၊ ပျမ်းမျှ ၃ ပြားလျှင် ၁ ကျပ်သားခန့်ရှိ ငွေသတ္တု ဟုယူဆရသည့် အဖြူရောင်သတ္တုပြား ၂၃၂ ပြားအား တွေ့ရှိခဲ့သည်။ ထိုကဲ့သို့ သတ္တုပြားများရရှိကြောင်း ပြောပြချက်အရ မဖြူဖြူဝင်း၏မောင် ကျော်စွာဝင်း(၂၅)နှစ်နှင့် ဒေါ်စိန်အေး(၆၀)နှစ်တို့ ထပ်မံရောက်ရှိလာပြီး ဆက်လက်တူးဖော်ရာ ကျော်စွာဝင်းမှ အဖြူရောင်သတ္တုပြား ၂၀ ခုနှင့် အလေးချိန် ၇၀ ကျပ်သားခန့်ရှိ ငွေဟုယူဆရသော အဖြူရောင်သတ္တုတုံး ၂ တုံးအား လည်းကောင်း၊

ဒေါ်စိန်အေးမှ အလေးချိန် ၁ ပိဿာခန့်ရှိ ငွေဟုယူဆရသည့် အဖြူရောင်သတ္တုတုံး ၂ တုံးအားလည်းကောင်း ထပ်မံတွေ့ရှိခဲ့သည်။
အဆိုပါသတင်းအရ ၅-၇-၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် မုပ္ပပလင်ရဲကင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊

မုပ္ပလင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများပါဝင်သောအဖွဲ့မှ သွားရောက်စုံစမ်းရာ သတ္တုပြားများ၏ပုံသဏ္ဍန်မှာ အဖြူရောင်ဖြစ်ပြီး မျက်နှာပြင်တစ်ဖက်တွင် ခရုသင်းပုံသဏ္ဍန် ဖောင်းကြွ စက်ဝိုင်းပုံနှင့် ပတ်လည်တွင် အစက် ၂၄ စက်ပါရှိပြီး ကျန်မျက်နှာပြင်တွင် ဆူးခတ်အတွင်း တြိဂံပုံနှင့် အစက်လခြမ်းပုံများပါရှိသော ငွေရောင်သတ္တုပြား ၂၅၂ ပြားနှင့် သတ္တုတုံး ၄ တုံးတို့ ဖြစ်ကြောင်း သိရှိရသဖြင့် သတ္တုပစ္စည်းနမူနာရ ယူ၍ ရှေးဟောင်းသုတေသနဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Posted From ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...