ဧဒင်အချစ်ပုံပြင်: အမေရိကန် ထိမ်းမြားလက်ထပ်မှု သုံးပုံတစ်ပုံခန့် အွန်လိုင်းက ဇာတ်လမ်းစ

Thursday 11 July 2013

အမေရိကန် ထိမ်းမြားလက်ထပ်မှု သုံးပုံတစ်ပုံခန့် အွန်လိုင်းက ဇာတ်လမ်းစ


အမေရိကန်ပြည်ထောင်စုအတွင်း ထိမ်းမြားလက်ထပ်မှု သုံးပုံတစ်ပုံခန့်သည် အွန်လိုင်းတွင်တွေ့ပြီး ဇာတ်လမ်းစခဲ့ကြောင်း၊ ထိုဇနီးမောင်နှံတို့သည် သာမန်တွေ့ရိုးတွေ့စဉ်တွေ့ဆုံပြီး ချစ်ကြိုက်ညားခဲ့ကြသူများထက် အိမ်ထောင်ရေးပိုခိုင်မာကြောင်း သုတေသနတစ်ခုက ပြောကြားခဲ့သည်။
အွန်လိုင်းချိန်းဆိုမှုသည် ငွေကြေးဘီလီယံနှင့်ချီပြီး ဝင်ငွေကောင်းသည့် လုပ်ငန်းကြီးတစ်ခုဖြစ်လာပြီး၊ လက်ထပ်ထိမ်းမြား သည်အထိ ဝန်ဆောင်မှုပေးနိုင်သော လုပ်ငန်းကြီးတစ်ခုဖြစ်လာကြောင်း
အမျိုးသားအကယ်ဒမီသိပ္ပံဌာန သုတေသီများက ဆိုသည်။
၂၀၀၅ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း လူပေါင်း ၁၉၁၃၁ ဦးကို သုတေသနလုပ်ခဲ့ရာတွင် အင်တာနက်ကတစ်ဆင့် အိမ်ထောက်ဖက်ရှာခြင်းကို ပိုပြီးသဘောကျကြောင်းကို ချီကာဂို တက္ကသိုလ်စိတ်ပညာသုတေသနဌာန အဖွဲ့ခေါင်းဆောင် ဂျွန် ကာစီရော့ပိုကပြောကြားခဲ့သည်။
နာမည်ကျော် အွန်လိုင်းပေါ်တွင် ချိန်းတွေ့ဆုံမှုများ ပြုလုပ်ပေးသည့်နေရာတစ်ခုဖြစ်သော eHarmony.com သည် အွန်လိုင်းကတစ်ဆင့် လပ်ထပ်သွားသူ သုံးပုံတစ်ပုံခန့်ကို ချိတ်ဆက်ပေးသည့် နေရာတစ်နေရာဖြစ်သည်။ အွန်လိုင်းတွင် ချိန်းတွေ့သူအများစုမှာ အသက် ၃၀ မှ ၄၉ နှစ်အတွင်းဖြစ်ကြောင်း၊ အများစုမှာ ငွေကြေးတတ်နိုင်သူများဖြစ်ကြောင်း ကာစီရော့ပိုကဆိုသည်။
အွန်လိုင်းတွင် မတွေ့ဆုံပဲ ပြင်ပတွင် နည်းမျိုးစုံဖြင့် တွေ့ဆုံခဲ့သူများတွင် ၂၂ ရာခိုင်နှုန်းခန့်သည် လုပ်ငန်း ခွင်မှတစ်ဆင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး၊ ၁၉ ရာခိုင်နှုန်းခန့်မှ သူငယ်ချင်များ အောင်သွယ်ပေးခြင်းကြောင့်ဖြစ်ကာ ၉ ရာခိုင်နှုန်းခန့်မှာ ဘားနှင့် ကလပ်များတွင် တွေ့ဆုံခဲ့ပြီး၊ ၄ ရာခိုင်နှုန်းခန့်သည် ဘုရားကျောင်းတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု ယင်းသုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။
 Category: မောက္ခနိုင်ငံတကာသတင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...