ဧဒင်အချစ်ပုံပြင်: သမီးကို ၆ပိုင်း ပိုင်းသတ်ပြီး ဆုံးမတဲ့ဖခင်

Saturday 17 August 2013

သမီးကို ၆ပိုင်း ပိုင်းသတ်ပြီး ဆုံးမတဲ့ဖခင်

Photo: သမီးကို ၆ပိုင်း ပိုင်းသတ်ပြီး ဆုံးမတဲ့ဖခင်
Saturday, August 17, 2013

ပါကစ္စတန်နိုင်ငံ၊ ရှုဂျာဘတ်ဒေသတွင် ဖခင်ရင်း ဖြစ်သူက သူပေးစားသောသူနှင့် လက်ထပ်ရန်ငြင်းဆိုသည့်အတွက် အသက် ၁၂ နှစ် အရွယ် သမီးဖြစ်သူကို ၆ ပိုင်း, ပိုင်းကာ သတ်ပစ်လိုက်သည်။

မူဟာမက် ခါဒင် (၄၆ နှစ်) သည် လွန်ခဲ့သော ၆ လက သူ၏တူက သူ၏ သမီးဖြစ်သူ ဟာစီနားကို လက်ထပ်လိုပါကြောင်း ကမ်းလှမ်းသည်ကို လက်ခံခဲ့သည်။

သို့ရာတွင် ကမ်းလှမ်းခံရသူ ဟာစီနားကမူ သူမသည် အသက် ၁၂ နှစ်သာ ရှိသေးသူ၊ Grade 6 ကျောင်းသူသာ ဖြစ်သဖြင့် လက်မထပ်လိုသေးကြောင်း ဖခင်အား ပြောကြားခဲ့သည်။ မင်္ဂလာပွဲကို သူမကောလိပ်ပြီးသည်အထိ ရွှေ့ဆိုင်းပေးပါရန်လည်း ဖခင်အား တောင်းပန်ခဲ့သည်။

ဤ၌ ဖခင်ဖြစ်သူ ခါဒင်သည် သမီးဖြစ်သူမှ သူ့စကားကို ငြင်းဆန်ရမည်လားဟု ဒေါသထွက်ကာ အခန်းတစ်ခန်းတွင်းသို့ သမီးလက်ကို ဆွဲကာခေါ်သွားပြီး ၆ ပိုင်း, ပိုင်းကာ သတ်ပစ်လိုက်သည်။

source-
http://tribune.com.pk/story/591237/free-will-man-kills-daughter-over-disobedience/

သတင်းချစ်သူ - ဝေဟင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...