ဧဒင်အချစ်ပုံပြင်: ရွှေတိဂုံစေတီပုံ ရိုက်နှိပ်ထားသော လက်ဖက်ခြောက်ဘူးများ ကို ပြန်လည်သိမ်းဆည်း

Wednesday 28 August 2013

ရွှေတိဂုံစေတီပုံ ရိုက်နှိပ်ထားသော လက်ဖက်ခြောက်ဘူးများ ကို ပြန်လည်သိမ်းဆည်း


ဖူရှင်းဘရားသား(စ်)ကုမ္ပဏီက ရွှေတိဂုံ စေတီတော်ပုံရိုက်နှိပ်အသုံးပြုထားသော လက်ဖက် ခြောက်ဘူးများကို သာသနာရေးဝန်ကြီးဌာနမှ ပြန်လည် သိမ်း ဆည်းပြီးဖြစ်ကြောင်း သိရသည်။အဆိုပါကုမ္ပဏီမှ ထုတ်လုပ်သည့် စီးကရက် ဘူးပုံလက်ဖက်ခြောက်ဘူးပေါ် တွင်လည်းကောင်း၊ ပစ္စည်းထည့်ဘူးပေါ်တွင်လည်းကောင်း ရွှေတိ ဂုံ စေတီတော်ပုံ ရိုက်နှိပ်ဖြန့်ချိထားခြင်းနှင့်ပတ် သက်၍ သာသနာရေး ဝန်ကြီးဌာနမှ ယနေ့တွင် ကမ္ဘာအေးရှိ သာသနာရေးဝန်ကြီးဌာန၌ ရှင်း လင်းပွဲပြုလုပ်ခဲ့ရာတွင် အဆိုပါဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်းထွန်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။”စေတီပုံနဲ့ ဈေးကွက်ထဲရောင်းဖို့တော့ မဟုတ်ဘူးဆိုပေမယ့် ဒါကလက်ဆောင် ပေး တာပဲယူသုံးသုံး တကယ်တော့ ရှင်းရှင်းပြောရရင် မသုံးသင့်ဘူးပေါ့”ဟု ၄င်းက ဆက်ပြောသည်။
Ref:Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...