ဧဒင်အချစ်ပုံပြင်: သီပေါမြို့နယ် ဆောင်ကြဲကျေးရွာနေ အမျိုးသမီး လေးဦးအား တရုတ်အ မျိုးသားများနှင့် လက်ထပ်ရန် ခေါ်ဆောင်သွားသော ဇနီးမောင်နှံနှစ်ဦး အား ဖော်ထုတ်ဖမ်းဆီး

Saturday 17 August 2013

သီပေါမြို့နယ် ဆောင်ကြဲကျေးရွာနေ အမျိုးသမီး လေးဦးအား တရုတ်အ မျိုးသားများနှင့် လက်ထပ်ရန် ခေါ်ဆောင်သွားသော ဇနီးမောင်နှံနှစ်ဦး အား ဖော်ထုတ်ဖမ်းဆီး



သီပေါမြို့နယ် ဆောင်ကြဲကျေးရွာနေ အမျိုးသမီး လေးဦးအား တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် ခေါ်ဆောင်သွားသော ဇနီးမောင်နှံနှစ်ဦးကို ဖော်ထုတ်ဖမ်းဆီး အရေးယူထားကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တစ်နေ့လျှင် တရုတ်ယွမ်ငွေ ၅၀ ခန့် ရရှိမည်၊ လမ်းစရိတ် စားစရိတ် ၂၀၀၀၀ ကုန်ကျမည်၊ အလုပ်ရပြီး

လစာထဲမှ ဖြတ်တောက်ယူသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် တရုတ်အမျိုးသားနှင့် လက်ထပ်လိုပါကလည်း မိဘနေရာမှ စီမံဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ တရုတ်အမျိုးသားနှင့် အိမ်ထောင်ကျပြီး ချမ်းသာနေသူ နှစ်ဦး၊ သုံးဦးရှိကြောင်း လိမ်လည်ပြောဆို စည်းရုံး . . . . .
ဖြစ်စဉ်မှာ သီပေါမြို့နယ်၊ ဆောင်ကြဲကျေးရွာတွင် အမျိုးသမီးငယ်များအား အမည်မသိ လင်မယားနှစ်ဦးမှ လာရောက်စုဆောင်းနေကြောင်း သိရ၍ ခလရ (၁၄၇) ဆောင်ကြဲတပ်စခန်းမှ အရာရှိများ၊ လားရှိုးလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုများ၊ ဆင်ကျော့ပြည်သူ့စစ်ဌာန လက်အောက်ခံ မိုင်းခေးပြည်သူ့စစ်ဌာနမှ အရာရှိများနှင့် ဆက်သေကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့တွင် စုဆောင်းခံရသူ အမျိုးသမီးငယ် လေးဦးကို တွေ့ ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်၊ မိုင်းခေးကျေးရွာနေသူ စိုင်းမြင့်နှင့် ဇနီးဖြစ်သူ နန်းမြလေးတို့သည် သီပေါမြို့နယ်၊ ဆောင်ကြဲကျေးရွာသို့ ရောက်ရှိလာပြီး တရုတ်နိုင်ငံရှိ ရေသန့်စက်ရုံတွင် အလုပ်ရမည်၊ တစ်နေ့လျှင် တရုတ်ယွမ်ငွေ ၅၀ ခန့် ရရှိမည်၊ လမ်းစရိတ် စားစရိတ် ၂၀၀၀၀ ကုန်ကျမည်၊ အလုပ်ရပြီး လစာထဲမှ ဖြတ်တောက်ယူသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် တရုတ်အမျိုးသားနှင့် လက်ထပ်လိုပါကလည်း မိဘနေရာမှ စီမံဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ တရုတ်အမျိုးသားနှင့် အိမ်ထောင်ကျပြီး ချမ်းသာနေသူ နှစ်ဦး၊ သုံးဦးရှိကြောင်း လိမ်လည်ပြောဆို စည်းရုံးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် သီပေါမြို့ နယ်၊ ဆောင် ကြဲကျေးရွာနေ မသိနားမလည်သူ အမျိုးသမီး လေးဦး တို့ကို ပြောဆိုစည်းရုံးကာ တရုတ်နိုင်ငံသို့ ခေါ်ဆောင်၍ တရုတ်အမျိုးသား များနှင့် အဓမ္ဓ လက်ထပ်စေခြင်းဖြင့် အကျိုးအမြတ်ရယူရန် စည်းရုံးခေါ်ဆောင် ခဲ့သော စိုင်းမြင့်နှင့် ဇနီးဖြစ်သူ နန်းမြလေးတို့အား လားရှိုးမြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ၂၀၁၃ ခုနှစ် သြဂုတ် ၁၃ ရက်တွင် တရားလိုပြုလုပ် တိုင်တန်းသဖြင့် သီပေါမြို့မ ရဲစခန်းမှ (ပ)၉၅/၂၀၁၃ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...