ဧဒင်အချစ်ပုံပြင်: ကိုရီးယား ဒါရိုက်တာနဲ့ အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု အကြောင်း Documentary ရိုက်မယ့် ဒါရိုက်တာ မောင်မျိုးမင်း

Wednesday 28 August 2013

ကိုရီးယား ဒါရိုက်တာနဲ့ အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု အကြောင်း Documentary ရိုက်မယ့် ဒါရိုက်တာ မောင်မျိုးမင်း



 

 ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ကိုရီးယားမှာ ကြော်ငြာ
ရိုက်ကူး ဖို့ အတွက် အေးမြတ်သူ တို့နဲ့ အတူ သြဂုတ်လ ၁၂ ရက် နေ့က
သွားခဲ့ပြီး သြဂုတ်လ ၁၇ ရက်နေ့က ပြန်လည် ရောက်ရှိခဲ့ပါတယ်။ ကိုရီးယား
ခရီးစဉ် နဲ့ ပတ်သက်ပြီး ဒါရိုက်တာ မောင်မျိုးမင်း က
“Skin Care နဲ့ ပတ်သက်တဲ့ ပလတ် စတစ်ဆာ ဂျရီ ကြော်ငြာလေး


သူတို့ ရိုက်ချင်တယ်။ မြဝတီမှာ ပြန်လွှင့် မယ်။ ဟိုမှာ ပိုးထည်
ကြော်ငြာလည်း ရိုက်ခဲ့တယ်။ ဟိုမှာ KBS စတူ ဒီယိုကို လေ့လာခဲ့ ရတယ်။
Special effect မိတ်ကပ်နဲ့ ပတ်သက်ပြီးတော့ ပညာတွေ အများကြီး ရတယ်။ အဲဒီ
အဖွဲ့တွေ က နောက်၂လ ကြာရင် ဒီကိုလာမယ်။ ဒီမှာ သင်တန်းတွေ ပို့ချ ပေးမယ်။
လွန်ခဲ့တဲ့ ၁ဝနှစ် က တစ်ခါ လာပြီး သင်တန်း လုပ်ဖူးတယ်။ အရင်တုန်း ကလည်း
ကျွန်တော့်ကို သူတို့လာ သင်ပေးဖူးလို့ မိုင်တိုင်၂၆ အတွက် မိတ်ကပ်တွေ
လုပ်တတ်တာ ပေါ့။ အခု စီလီကွန်ကို ဘယ်လို စပ်လည်း ဆိုတာမျိုးတွေ ဒီကိုလာ
သင်လိမ့်မယ်။” လို့ ပြောပါတယ်။

ကိုရီးယား ဒါရိုက်တာနဲ့
ပူးပေါင်းပြီး ဇာတ်ကား ရိုက်ကူး သွားဖို့ အစီ အစဉ် လည်း ရှိကြောင်းကို
ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က “အောက်တိုဘာလ ၉ရက်နေ့ ဆိုရင်
အာဇာနည် ဗုံးကွဲတဲ့ကိစ္စ နှစ် ၃ဝပြည့် မယ်။ ဝမ်းနည်းကြေ ကွဲခြင်း ကျောက်တုံး
တစ်ခုကို ထုနေကြတယ်။ အဲဒီ ကိုရီးယားနိုင်ငံမှာ DNZ လို့ ခေါ်တဲ့
တောင်ကိုရီးယား နဲ့ မြောက် ကိုရီးယား နဲ့ ခြားထားတဲ့ နယ်ခြားမျဉ်း ရှိတယ်။
အဲဒီ နယ်ပယ် နှစ်ခုက ကွဲနေ ကြတယ် ။ အဲဒီအကြောင်း ကို Documentary
ရိုက်ဖို့ ကြိုးစားနေတယ်။ ကိုရီးယား ဒါရိုက်တာနဲ့ ကျွန်တော်နဲ့ ဖက်စပ်
ရိုက်မယ်။ ရုပ်ရှင်ဇာတ် ကား အဖြစ် လည်း ရိုက်ဖို့ရှိတယ်။ Documentary
ရိုက်ပြီးမှ ရုပ်ရှင် ဇာတ်ကား အဖြစ် ရိုက်ရင် ပီပြင်တာပေါ့။ မျှော်လင့်
မိတာကတော့ စစ်ပွဲတွေ အတွက် ငြိမ်းချမ်းရေး ကို ရည်ရွယ်တယ်” လို့ ပြောပါတယ်။


ဒီ Documentary ကို စက်တင်ဘာ ၉ ရက်နေ့မှာ စတင်
ရိုက်ကူးမှာဖြစ်ပြီး လာပြီး လုပ်ကြံတဲ့ ကိုရီးယား လူမျိုးတွေ နဲ့ ရုပ်ချင်း
ဆင်တူ တဲ့ ကိုရီး ယားက သရုပ်ဆောင်တွေ ကို ရွေးချယ် သွားမှာဖြစ်ကြောင်း
သိရပါတယ်။

ခိုင်ဝေလွင်


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...