ဧဒင်အချစ်ပုံပြင်: VIPခရီးစဉ်အတွက် ဆက်သွယ်ရေးအင်တာနာပြင်စဉ် သုံးဘီးသမားများ တစ်ဦး ဓာတ်လိုက်သေဆုံး

Saturday 17 August 2013

VIPခရီးစဉ်အတွက် ဆက်သွယ်ရေးအင်တာနာပြင်စဉ် သုံးဘီးသမားများ တစ်ဦး ဓာတ်လိုက်သေဆုံး

Photo: VIPခရီးစဉ်အတွက် ဆက်သွယ်ရေးအင်တာနာပြင်စဉ် သုံးဘီးသမားများ
တစ်ဦး ဓာတ်လိုက်သေဆုံး
Saturday, August 17, 2013

ယမန်နေ့နေ့လည် ၁း၂၀နာရီ အချိန်တွင် လားရှိုးယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးဝန်း အတွင်း၌ လျှပ်စစ်ဓါတ်လိုက် သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ၎င်းယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။

လားရှိုးယာဉ်ထိန်းရဲတပ်ဖွဲ့ ဌာနသည် VIP-ခရီးစဉ်အတွက် ဆက်သွယ်ရေး အင်တာနာတိုင်အား ပြင်ဆင်ရန် နဂိုမူလ တပ်ဆင်ထားသော ဆက်သွယ်ရေး
အင်တာနာ သံပိုက်လုံးအား ဖြုတ်ကာ အသစ်တိုးချဲ့ တပ်ဆင်ရန်အတွက်
သုံးဘီးယာဉ်မောင်း သမားများကို အခကြေးငွေပေး၍ အကူအညီတောင်းခံ
ပြုလုပ်ခိုင်းရာမှ ယခုကဲ့သို့ ဓါတ်လိုက်သေဆုံး ရခြင်းဖြစ်ကြောင်းသိရသည်။

ပေလေးဆယ်ကျော်မြင့်သော ဆက်သွယ်ရေး အင်တာနာတိုင်သည် ၎င်းယာဉ်ထိန်းရုံးဝန်းတွင်းရှိ သရက်ပင် အနီးတွင် ရှိပြီး အများပြည်သူသွား ကားလမ်းဘေးရှိ ဗို့အားမြင့် လျှပ်စစ်ကြိုးတန်းနှင့်လည်း ကပ်လျှက်
ရှိနေခြင်း ဖြစ်သည်။ သုံးဘီးယာဉ်မောင်းသမား (၃)ဦးသည် ခါးလည်၌ သံပိုက်ဆက် မူလီနပ်ကိုဖြုတ်ရင်း တစ်ဦးက ပိုက်လုံးကို ဆွဲချွတ်ရာ အားမနိုင်ဘဲ လမ်းဘေးအနီးရှိ ဗို့အားမြင့်ဓါတ်ကြိုးတန်းပေါ်သို့ လှဲကျ ဓါတ်လိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နှစ်ဦးမှာ အောက်သို့ ပြုတ်ကျ၍ သိတိမေ့သွားကြောင်း၊ ယာဉ်ထိန်းရဲမှ EPC-ဌာနသို့ ဖုန်းဆက် အကြောင်းကြားကာ EPC-မှ အချိန်မီ မီး ဖြတ်ပေး၍ ဓါတ်လိုက်နေသူ ဝေယံမင်း ဆိုသူမှာ အောက်သို့ ပြုတ်ကျခဲ့ကြောင်း၊ ၎င်းတို့(၃)ဦးအား အရေးပေါ် ဆေးရုံသို့ ပို့ဆောင် ဆေးကုသသော်လည်း
သေဆုံးသွားကြောင်း၊ ကျန်နှစ်ဦးမှာ ခေါင်း၊ ခြေ၊ လက်ဒဏ်ရာများ ရသွားကြောင်း အသက်မစိုးရိမ်ရ အနေအထားရှိကြောင်း လားရှိုး ပြည်သူ့
ဆေးရုံမှ သိရသည်။

သေဆုံးသူသည် အသက်(၂၄)နှစ်ရှိပြီး လားရှိုးမြို့ ရပ်ကွက်(၉)၊ နယ်မြေ
(၁၁)တွင် နေထိုင်သူဖြစ်ပြီး ကျန်နှစ်ဦးအနက် ဒဏ်ရာရ အောင်ကိုဝင်းမှာ အသက်(၃၂)နှစ်၊ ရပ်ကွက်(၄)၊ နယ်မြေ(၁၆)မှဖြစ်ပြီး ကျန်ဒဏ်ရာရသူ
တစ်ဦး ဇော်လတ်ဆိုသူမှာ ရပ်ကွက်(၁)တွင် နေသူဖြစ်ကြောင်း ရဲစခန်းမှ သိရသည်။

သေဆုံးသူနှင့် ပတ်သက်၍ လားရှိုးယာဉ်ထိန်းတပ်ဖွဲ့မှ သင်္ဂြိုလ်စရိတ်များ အကုန်အကျခံကာကူညီပေးကြောင်း၊သေဆုံးသူ၏ ဆွေမျိုးများကိုလည်း
ထောက်ပံ့ ကူညီမှုများ ပြုလုပ်ပေးခဲ့ကြောင်း၊ ဒဏ်ရာရ ကျန်နှစ်ဦးကို
လည်းဆေးရုံတက်ရောက် ကုသခွင့် စရိတ်များကို ၎င်းယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ယူခဲ့ကြောင်း၊ သေဆုံးသူနှင့် ဒဏ်ရာရ ကာယကံရှင်များဘက်မှ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လားရှိုးမြို့မ ရဲစခန်းမှ သေမှုသေခင်းအရ (ပ)၁၁/၂၀၁၃ဖြင့် အမှုဖွင့် ထားကြောင်း ၎င်းရဲစခန်းမှ သိရသည်။

ထွန်းထွန်း
The Myanma Age

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...