ဧဒင်အချစ်ပုံပြင်: ၀င်းစိန်တောရဆရာတော်သို့ ထိုင်းဘုရင်မှ နန်းတွင်းသုံးပစ္စည်းများ အပြင်ကျောက်မျက်ရတနာများလှူဒါန်း

Monday 18 November 2013

ဝင်းစိန်တောရဆရာတော်သို့ ထိုင်းဘုရင်မှ နန်းတွင်းသုံးပစ္စည်းများ အပြင်ကျောက်မျက်ရတနာများလှူဒါန်း

Photo: ၀င်းစိန်တောရဆရာတော်သို့ ထိုင်းဘုရင်မှ နန်းတွင်းသုံးပစ္စည်းများ အပြင်ကျောက်မျက်ရတနာများလှူဒါန်း
Monday, November 18, 2013

ထိုင်းဘုရင်မင်းမြတ် မကျန်းမမာ ဖြစ်စဉ်က အိမ်မက်၌  မွန်ပြည်နယ် ၀င်းစိန်ဆရာတော်ကြီးမှ ကြွချီ ဆေးကုသပေးရာ ရောဂါ ပျောက်ကင်းသွားသည့် အတွက်ကထိန်သင်္ကန်းနှင့်ဘတ်ငွေများကို ဆရာတော်ကြီးထံသို့ထိုင်းနိုင်ငံဘုရင့်တပ်မတော် ကိုယ်စားလှယ်အဖွဲ့များမှ နိုဝင်ဘာ ၁၄ရက်နှင့် ၁၅ ရက်က လေကြောင်းလိုင်းဖြင့်လည်းကောင်း၊ မြဝတီဘက်မှမော်တော်ယာဉ် များဖြင့်လည်းကောင်း လာရောက်ဆပ်ကပ်လှူဒါန်းခဲ့သည်ဟုမြ၀တီသတင်းရင်းမြစ်မှသိရှိရသည်။

ဝင်းစိန်ဆရာ တော်ကြီးကို ထိုင်းဘုရင်မှကထိန်သင်္ကန်းကပ် လှူပူဇော်ခဲ့သည့်အပြင် ထိုင်းဘုရင်၏ နန်းသုံးပစ္စည်းများ၊ ဘုရား ဌာပနာသည့်ကျောက်မျက် ရတနာများနှင့်နန်းတွင်းသုံး ပစ္စည်း အမျိုးအစား ၅ဝ၊ ဘတ်ငွေ ၂၅သိန်း၊ ပင့်သံဃာ အပါး ၁၆ဝအား ဘတ်ငွေ ၂ဝဝ နှင့် သင်္ကန်း တစ်စုံစီကို ဆပ်ကပ်လှူဒါန်းခဲ့သည်ဟု သိရှိရသည်။

 အဆိုပါပွဲသို့ ထိုင်းနိုင်ငံသား၂ဝဝ ကျော်နှင့် မွန်ပြည်နယ်အတွင်းရှိဒေသခံ ပြည်သူ ၃ဝဝဝဝ ကျော် တက်ရောက်ခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။“ ထိုင်းနိုင်ငံသားအများစုကတော့ ကုန်းလမ်းကနေ လာကြတာများပါတယ်၊ဆရာတော်ကြီးရဲ့ တန်း ခိုးတော်ကြောင့် အခုလိုလာရောက် လှူဒါန်းကြတာပါ၊ ဆရာတော်ကြီးဆီကို အခုလို ပြည်ပကနေတောင်လာပြီး ဆပ်ကပ်လှူဒါန်းတော့ကိုယ့်ဘာသာသာသနာအတွက် အတိုင်းမသိ ပီတိဖြစ်ရပါတယ်” မွန်ပြည်နယ်မော်လမြိုင်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

မွန်ပြည်နယ် မုဒုံမြို့ ဝင်းစိန် တောရကျောင်း၌ သီတင်းသုံးနေသည့် ဝင်းစိန်ဆရာတော်ကြီး ကုသပေးမှုကြောင့် ထိုင်းဘုရင်၏ ရောဂါများ ပျောက်ကင်း ကျန်းမာရွှင်လန်းခဲ့သည့်အထိမ်းအမှတ် အနေဖြင့် ဝင်းစိန် ဆရာတော်ကြီးနှင့်ပင့်သံဃာအပါး ၁၆ဝအား ကထိန် သင်္ကန်း တစ်စုံစီနှင့် ရဟန်း၊ ကိုရင်၊ သီလရှင်၊ယောဂီအပါး ၁ဝဝဝ အတွက် ဆွမ်းဒါနနှင့် လူပုဂ္ဂိုလ်များအတွက် စတုဒိသာများကျွေးမွေးလှူဒါန်းခဲ့သည်ဟု ဒေသခံများထံမှ သိရှိရသည်။

Myit Ma Kha Media Group.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...