ဧဒင်အချစ်ပုံပြင်: ပရိသတ်တစ်ဦးကို လက်ထပ်ခွင့် ကူညီတောင်းခံပေးခဲ့သည့် ဂျက်စတင်

Tuesday 17 December 2013

ပရိသတ်တစ်ဦးကို လက်ထပ်ခွင့် ကူညီတောင်းခံပေးခဲ့သည့် ဂျက်စတင်


Photo: ပရိသတ်တစ်ဦးကို လက်ထပ်ခွင့် ကူညီတောင်းခံပေးခဲ့သည့် ဂျက်စတင်
Tuesday, December 17, 2013

20/20 Experience ဖျော်ဖြေပွဲ အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ကျင်းပသော ယင်းအစီအစဉ်တွင် ဂျက်စတင်၏ ပရိသတ် တစ်ဦးက မိမိ၏ ချစ်သူအား လက်ထပ်ခွင့် တောင်းရန်အတွက် ပါဝင်ကူညီပေးပါရန် ကမ္ဘာကျော် အဆိုတော် မင်းသားကို ပန်ကြားထားခဲ့

ဂျက်စတင် တင်းဘားလိတ်ခ် အနေဖြင့် ဖျော်ဖြေပွဲ အစီအစဉ် တစ်ခုကို ရပ်တန့်ကာ ၎င်း၏ ပရိသတ် တစ်ဦးအတွက် Romaticဆန်ဆန် အခိုက်အတန့်လေး ဖြစ်လာစေရန် ကူညီခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကန်တက်ကီရှိ လူးဝစ်ဗီးလ်တွင် ဂျက်စတင်သည် အမာခံ ပရိသတ် (၂၂၀၀၀)ကျော်ရှေ့၌ သီချင်းသီဆို ဖျော်ဖြေနေခဲ့သည်။ ထို့နောက်တွင်မူ ဖျော်ဖြေပွဲကို ရုတ်တရက် ရပ်တန့်ကာ ပရိသတ် စုံတွဲတစ်တွဲကို ဖိတ်ခေါ်ခဲ့သည်။ 20/20 Experience ဖျော်ဖြေပွဲ အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ကျင်းပသော ယင်းအစီအစဉ်တွင် ဂျက်စတင်၏ ပရိသတ် တစ်ဦးက မိမိ၏ ချစ်သူအား လက်ထပ်ခွင့် တောင်းရန်အတွက် ပါဝင်ကူညီပေးပါရန် ကမ္ဘာကျော် အဆိုတော် မင်းသားကို ပန်ကြားထားခဲ့သည်။

ယင်းကို ဂျက်စတင်က လှိုက်လှိုက်လှဲလှဲ ကတိပြုကာ The Girl သီချင်းကို သီဆိုပြီးနောက် ပွဲကို ခေတ္တရပ်နားပြီး ဂျော့ရှ်ကလီမွန်စ်ကို စင်မြင့်ပေါ် ဖိတ်ခေါ်ခဲ့သည်။ ထို့နောက် ဂျော့ရှ်က ချစ်သူ ကင်မ်မာတင်ကို လက်ထပ်ခွင့် တောင်းဆိုသည်ကို အခြားသော ပရိသတ်များနှင့်အတူ ဂျက်စတင်ကိုယ်တိုင် ကောင်းချီးပေး လက်ခုပ်တီးခဲ့သည်။ ဂျက်စတင်က ဂျော့ရှ်ကို ပရိသတ်များနှင့် မိတ်ဆက်ပေးရင်း "ဂျော့ရှ်က ကျွန်တော့်ကို ဖုန်းကြိုခေါ်ထားတယ်။ ပြီးတော့ သူက ခင်ဗျားတို့ရှေ့မှာ တစ်ခုခု ပြောစရာ ရှိနေတယ်"ဟု ပြောဆိုခဲ့သည်။

ကင်မ်သည် ထိုသို့ လက်ထပ်ခွင့် တောင်းခံရခြင်းကို အလွန်အံ့ဩ ကြည်နူးခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ သူမသည် နောက်ပိုင်းတွင် စင်မြင့်နောက်ဘက်၌ ဂျက်စတင်နှင့် တွေ့ဆုံခွင့် ရခဲ့သေးသည်။ "သူက သိပ်ကို လူကြီးလူကောင်း ဆန်ပါတယ်။ ကျွန်မတို့ကို ကူညီမယ်လို့ ဂျော့ရှ်ကို ကတိပေးထားခဲ့တယ်။ ကျွန်မတို့ နှစ်ယောက်စလုံးကိုလည်း အေးအေးဆေးဆေး အချိန်ပေး စကားပြောပြီး ဂုဏ်ပြုပါတယ်လို့လည်း ပြောသွားပါသေးတယ်"ဟု ကင်မ်က ပြောကြားသွားသည်။

Planet Myanmar Network20/20 Experience ဖျော်ဖြေပွဲ အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ကျင်းပသော ယင်းအစီအစဉ်တွင် ဂျက်စတင်၏ ပရိသတ် တစ်ဦးက မိမိ၏ ချစ်သူအား လက်ထပ်ခွင့် တောင်းရန်အတွက် ပါဝင်ကူညီပေးပါရန် ကမ္ဘာကျော် အဆိုတော် မင်းသားကို ပန်ကြားထားခဲ့

ဂျက်စတင် တင်းဘားလိတ်ခ် အနေဖြင့် ဖျော်ဖြေပွဲ အစီအစဉ် တစ်ခုကို ရပ်တန့်ကာ ၎င်း၏ ပရိသတ် တစ်ဦးအတွက် Romaticဆန်ဆန် အခိုက်အတန့်လေး ဖြစ်လာစေရန် ကူညီခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကန်တက်ကီရှိ လူးဝစ်ဗီးလ်တွင် ဂျက်စတင်သည် အမာခံ ပရိသတ် (၂၂၀၀၀)ကျော်ရှေ့၌ သီချင်းသီဆို ဖျော်ဖြေနေခဲ့သည်။ ထို့နောက်တွင်မူ ဖျော်ဖြေပွဲကို ရုတ်တရက် ရပ်တန့်ကာ ပရိသတ် စုံတွဲတစ်တွဲကို ဖိတ်ခေါ်ခဲ့သည်။ 20/20 Experience ဖျော်ဖြေပွဲ အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ကျင်းပသော ယင်းအစီအစဉ်တွင် ဂျက်စတင်၏ ပရိသတ် တစ်ဦးက မိမိ၏ ချစ်သူအား လက်ထပ်ခွင့် တောင်းရန်အတွက် ပါဝင်ကူညီပေးပါရန် ကမ္ဘာကျော် အဆိုတော် မင်းသားကို ပန်ကြားထားခဲ့သည်။

ယင်းကို ဂျက်စတင်က လှိုက်လှိုက်လှဲလှဲ ကတိပြုကာ The Girl သီချင်းကို သီဆိုပြီးနောက် ပွဲကို ခေတ္တရပ်နားပြီး ဂျော့ရှ်ကလီမွန်စ်ကို စင်မြင့်ပေါ် ဖိတ်ခေါ်ခဲ့သည်။ ထို့နောက် ဂျော့ရှ်က ချစ်သူ ကင်မ်မာတင်ကို လက်ထပ်ခွင့် တောင်းဆိုသည်ကို အခြားသော ပရိသတ်များနှင့်အတူ ဂျက်စတင်ကိုယ်တိုင် ကောင်းချီးပေး လက်ခုပ်တီးခဲ့သည်။ ဂျက်စတင်က ဂျော့ရှ်ကို ပရိသတ်များနှင့် မိတ်ဆက်ပေးရင်း "ဂျော့ရှ်က ကျွန်တော့်ကို ဖုန်းကြိုခေါ်ထားတယ်။ ပြီးတော့ သူက ခင်ဗျားတို့ရှေ့မှာ တစ်ခုခု ပြောစရာ ရှိနေတယ်"ဟု ပြောဆိုခဲ့သည်။

ကင်မ်သည် ထိုသို့ လက်ထပ်ခွင့် တောင်းခံရခြင်းကို အလွန်အံ့ဩ ကြည်နူးခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ သူမသည် နောက်ပိုင်းတွင် စင်မြင့်နောက်ဘက်၌ ဂျက်စတင်နှင့် တွေ့ဆုံခွင့် ရခဲ့သေးသည်။ "သူက သိပ်ကို လူကြီးလူကောင်း ဆန်ပါတယ်။ ကျွန်မတို့ကို ကူညီမယ်လို့ ဂျော့ရှ်ကို ကတိပေးထားခဲ့တယ်။ ကျွန်မတို့ နှစ်ယောက်စလုံးကိုလည်း အေးအေးဆေးဆေး အချိန်ပေး စကားပြောပြီး ဂုဏ်ပြုပါတယ်လို့လည်း ပြောသွားပါသေးတယ်"ဟု ကင်မ်က ပြောကြားသွားသည်။

Planet Myanmar Network

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...