ဧဒင်အချစ်ပုံပြင်: သားနှစ်ယောက်သတ်ပြီး အဆုံးစီရင်တဲ့ဇနီး

Saturday 11 January 2014

သားနှစ်ယောက်သတ်ပြီး အဆုံးစီရင်တဲ့ဇနီး

NWS_RTD-Brent Child Murders
ဇန်နဝါရီ(၁၀)ရက်နေ့က လန်ဒန်မြို့ မြောက်ပိုင်းရှိ Harrow တွင် အသက်(၃၃)နှစ်အရွယ် Jeyavani Vageswaran ဆိုသူ အမျိုးသမီးတစ်ဦးက သူမ၏ ငါးနှစ်သားနှင့် ရှစ်လသားအရွယ် သားနှစ်ဦးကို သတ်ပစ်ပြီး အိတ်အမည်းတစ်ခုထဲ ထည့်ထားကာ ၎င်းကိုယ်တိုင်လည်း အဆုံးစီရင်သွားသကဲ့သို့ သေဆုံးနေခဲ့ကြောင်း သိရသည်။
၂၀၁၁ ခုနှစ်က ကိုယ်ဝန်ပျက်ကျခဲ့ဖူးတဲ့ Jeyavani Vageswaran နှင့် (၃၆)နှစ်အရွယ် ခင်ပွန်းတို့၏
ဆက်ဆံရေးဟာ ဒုတိယသားရလာခဲ့ပြီးနောက် ပိုမို တင်းမာလာခဲ့ကာ ၎င်းတို့အိမ်ပတ်ဝန်းကျင်နေသူများ၏ အပြောအရ တစ်လလျှင် လေးခါလောက်အထိ သူတို့ဇနီးမောင်နှံဟာ အော်ဟစ်စကားများလေ့ရှိကြောင်း သိရသည်။

Jeyavani Vageswaran ဟာ အမြဲ ပြုံးရယ်ပြီး ပျော်ရွှင်စွာ နေထိုင်တတ်လေ့ရှိသူတစ်ဦးဖြစ်ကာ ထိုနေ့ နံနက်ပိုင်းက ခင်ပွန်းကို ထမင်းဗူးပင် ထုပ်ပိုးပေးခဲ့ကြောင်းနှင့် အလုပ်မှ ခင်ပွန်းပြန်လာသောအခါ အိမ်ထဲတွင် ၎င်း၏ ဇနီးသည်နှင့် သားနှစ်ယောက်ဟာ သေဆုံးနေခဲ့တာဖြစ်ကြောင်း သိရသည်။
ကလေးနှစ်ဦးနှင့် သူမ၏ သေဆုံးမှုအတွက် ရဲများက အခြားတစုံတဦးကို လိုက်လံရှာဖွေနေခြင်းမျိုးမရှိဘဲ သေဆုံးသူ Jeyavani Vageswaran ဟာ ယခင်က စိတ်ကျရောဂါ ခံစားခဲ့ရခြင်း ရှိ ၊ မရှိ ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ရဲများ၏ စစ်ဆေးချက်အရ Jeyavani Vageswaran ဟာ လည်ပင်းကို အဖိခံထားရလို့ သေဆုံးသွားခဲ့ရသည်ဟု ဆေးစစ်ချက် ထွက်ရှိလာခဲ့ကာ ကလေးနှစ်ဦး၏ အလောင်းကိုမူ လာမည့် အင်္ဂါနေ့တွင်မှ စစ်ဆေးမည်ဟု သိရသည်။
Jeyavani Vageswaran တို့ ဇနီးမောင်နှံ နှစ်ဦးစလုံးဟာ သီရိလင်္ကာ နိုင်ငံသားများဖြစ်ပြီး အခင်းမဖြစ်မီ တစ်ရက်အလိုက ၎င်းတို့နှစ်ဦးဟာ ၎င်းတို့ဘာသာစကားနဲ့ အော်ဟစ်စကားများနေခဲ့ကာ ကလေးငယ်၏ အော်ဟစ်ငိုယိုနေသံကိုလည်း ဘေးပတ်ဝန်းကျင်က ကြားသိခဲ့ရကြောင်း သိရသည်။ သူမ၏အသံကတော့ စိတ်ပျက်လက်ပျက် ဖြစ်နေသည့် အသံလိုပဲဟု ၎င်းတို့အိမ်နီးချင်းတစ်ဦးက ဆိုသည်။
Jeyavani Vageswaran ၏ ခင်ပွန်းဖြစ်သည့် Sakthivel Vageswaran ဟာ သီရိလင်္ကာနိုင်ငံ မြောက်ပိုင်း၌ မွေးဖွားလာခဲ့သူဖြစ်ကာ လွန်ခဲ့သည့် (၁၀)နှစ်က လန်ဒန်၏ South Bank တက္ကသိုလ်တွင် ပညာသင်ယူခဲ့ပြီးနောက် Vaasi Accountancy ဟုခေါ်သော လုပ်ငန်းတစ်ခုကို လွန်ခဲ့သည့် သုံးနှစ်ကတည်းက စတင်လုပ်ကိုင်လာခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။
Source : Dailymail

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...