ဧဒင်အချစ်ပုံပြင်: အစ်မက ဓားဖြင့်ထိုးသဖြင့် မောင်ဖြစ်သူ သေဆုံး

Thursday 13 February 2014

အစ်မက ဓားဖြင့်ထိုးသဖြင့် မောင်ဖြစ်သူ သေဆုံး

မောင်နှစ်မနှစ်ဦး လုံးထွေးသတ်ပုတ်ကြစဉ် အစ်မဖြစ်သူက ဓားဖြင့်ထိုးလိုက်သဖြင့် မောင်ဖြစ်သူ သေဆုံးမှု တစ်ခု ကွမ်းခြံကုန်းမြို့နယ်၊ ဒရယ်လူးကျေးရွာတွင် ဖေဖော်ဝါရီ ၁၂ ရက် ညက ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ကျေးရွာတွင် အစ်မဖြစ်သူ မတင်မာညိုနှင့် မိခင်ဖြစ်သူ ဒေါ်ထွေးကြည်တို့ စကားများရန်ဖြစ်စဉ် မောင်တော်စပ်သူ မျိုးမင်းထွန်း (၃၅)နှစ်က အစ်မဖြစ်သူကို လုံးထွေးသတ်ပုတ်ခဲ့ခြင်း ဖြစ်သည်။



ထို့နောက် လုံးထွေးသတ်ပုတ်နေစဉ်အတွင်း အစ်မတော်စပ်သူ မတင်မာညိုက အနီးရှိ ထရံ၌ ထိုးထားသည့် အရိုးအသွား ၁၀ လက်မခန့်ရှိ ဓားမြှောင်ဖြင့် ထိုးလိုက်ရာ ၀ဲရင်အုံအောက် ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် မတင်မာညိုကို အရေးယူပေးရန် သေဆုံးသူ၏ဇနီးဖြစ်သူ မသီတာလွင်က တိုင်တန်းသဖြင့် ကွမ်းခြံကုန်းရဲ စခန်းက (ပ)၂၉/၂၀၁၄ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံရသူကို လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အရေး ယူရန် ဖမ်းဆီးစစ်ဆေးနေသည်။

Mizzima - News in Burmese

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...