ဧဒင်အချစ်ပုံပြင်: ထူးဆန်းသည့် လူသားဦးခေါင်း နှင့်တူသော ၀က်တစ်ကောင် မွေး

Saturday 1 March 2014

ထူးဆန်းသည့် လူသားဦးခေါင်း နှင့်တူသော ၀က်တစ်ကောင် မွေး

Photo: ထူးဆန်းသည့် လူသားဦးခေါင်း နှင့်တူသော ၀က်တစ်ကောင် မွေး
Sunday, March 2, 2014

မန္တလေးမြို့ ၊ အောင်မြေသာစံ မြို့နယ် ၊ မြရေနံရပ် အကွက် (၈၂) ကြက်သွန်ဖို ရပ်ကွက်နေ ကိုငွေအောင် ၊ မချို တို့၏ နေအိမ်၌ မွေးထားသော ၀က်မကြီးမှ လူသား ဦးခေါင်း နှင့်တူသော ၀က်တစ်ကောင် ကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၅ နာရီခွဲက မွေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ၀က်ငယ်သည် ၄င်း၏ မိခင် ၀က်မကြီးမှ ၇ ကောင်မွေး ရာတွင် ၆ ကောင်မြောက် ဖြစ်ကြောင်း ၊ ဦးခေါင်းသည် လူသား ကလေးငယ် နှင့်တူ၍ နဖူးတွင် အနီရောင် အမှတ် ပါရှိကြောင်း ၊ ဦးခေါင်းပိုင်း အမွေးများမှာ အခြား ၀က်များကဲ့သို့ မဟုတ်ဘဲ ပို၍ ရှည်လျားပြီး မျက်ခုံးမွေးလည်း ပါကြောင်း သိရသည်။

" မွေးပြီးတော့ ထူးခြား နေတာ တွေ့ရတယ် ၊ ကလေး တစ်ယောက်လို သဘောထားပြီး ခြင်ထောင်ထဲမှာ အတူ ထားပြီး ညအိပ်ခဲ့ တာပဲ ၊ အော်တဲ့ အသံကလည်း အခြားဝက် တွေနဲ့ မတူဘူး ၊ သနားမိ တာကြောင့် ကလေး တစ်ယောက်လို ပြုစု နေရတယ် ... " ဟု ၀က်ရှင် မချို က ပြောပြသည်။

ဝက်မိခင်ကြီး မှာ ၁၁ နှစ်အရွယ် ဖြင့် ပထမဆုံး သားပေါက် မွေးမြူခြင်း ဖြစ်၍ ထူးဆန်းသော ၀က်ငယ်၏ နားရွက်မှာ ပုံမှန်ထက် ပိုမို ရှည်လျား ကြီးမားပြီး နောက်ဘက်သို့ ကပ်နေကြောင်း ၊ ယာမျက်လုံး မှာ အရာသာ ပါရှိ၍ မျက်လုံး မပါဘဲ တစ်ဖက် သာ ပါရှိကြောင်း သိရသည်။

" ၀က်များတွင် ပုံမှန် သွား အရေအတွက် အထက် ၄ ချောင်း ၊ အောက် ၄ ချောင်း ရှိပေမယ့် ဒီ ၀က်ကလေး မှာ သွား ၃ ချောင်းပဲ ပါတယ် ၊ သူရဲ့ နှာခေါင်းက လူ နှာခေါင်းနဲ့ နည်းနည်း တူပြီး နှာခေါင်းပေါက် လည်း မပါဘူး ၊ ကျွန်မတို့ အိမ်မှာ အရင် ၀က်မကြီး တစ်ကောင်က ၀က် ၆ ခြောက် ကလေး မွေးခဲ့ဖူးတယ် ၊ မစင် သွားတော့လည်း မွေးစ ကလေးတွေလို အ၀ါရောင် သွားတယ် ၊ ၀က်မျိုးရိုး က အစိမ်းရောင် ပဲ ၀မ်းသွား ကြတာပါ ... " ဟု ၄င်းက ဆက်လက် ပြောပြ ခဲ့ကြောင်း သိရှိရသည်။

The Myawady Daily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...