ဧဒင်အချစ်ပုံပြင်: ( အင်မတန်အံသြစရာတကယ့် အဖြစ်အပျက်ပါ ) (6 photos)

Monday 7 April 2014

( အင်မတန်အံသြစရာတကယ့် အဖြစ်အပျက်ပါ ) (6 photos)

Today Myanmar's photo.
ဘုရားထီးတင်လှူပွဲ၌ အမျိုးသမီးများအား နဂါးသိုက်နန်းမှ ဝင်ရောက်ပူးကပ်မှုဖြစ်

မြစ်ငယ်မြို့  ဓနုံးကျေးရွာအုပ်စုအေးငြိမ်းချမ်းသာ ဘုန်းတော်ကြီးကျောင်းအတွင်း
မဏိရတနာမုနိဆုတောင်းပြည့် စေတီတော် အား ဘုရား
ဒါယိကာ ဦးကျော်နိုင်+ ဒေါ်သန္တာ မိသားစု နှင့်  (၇ ) ရက်သားသမီးများစုပေါင်း၍ ပင်းဇင်းဆရာတော်
ဦးစန္တိမာ အားအမှူးထားပြီးစိန်ဖူးတော်နှင့်  ရွှေထီးတော်တင်လှူပူဇော်ပွဲအား ၁၃၇၅ခုတန်ခူးလဆန်း(၇)ရက်
၆.၄.၂၀၁၄ (တနင်္ဂနွေနေ့ )နံနက် မင်္ဂလာအချိန်၌ ကျင်းပခဲ့သည်။
စိန်ဖူးတော်နှင့် ရွှေထီးတော် တင်လှူပူဇော်နေချိန်အမျိုးသမီး အကြီး အလတ်အငယ် အများစုအား နဂါးသိုက်နန်းမှ ဝင်ရောက်ပူးကပ်မူ့ ဖြစ်ကာ ဘုရားရင်ပြင်တွင် လက်အုပ်ချီလျက် လိမ့် ကာလိမ့် ကာ
မြွေနဂါး သွားသကဲ့သို့ အင်မတန်အံသြစရာအဖြစ်အပျက်အားမြင်တွေ့ခဲ့ရသည်။
ဆရာတော်ဦးစန္တိမာ မှနဂါးသိုက်နန်း၏ ဝင်ရောက်ပူးကပ်မူ့ ကိုခံရ သောအမျိုးသမီး အများစုအား
မေတ္တာပို ၍ အမျှပေး ကာအမွေးနံ့သာပက်ဖြန်းပေးခဲ့သည်။ဆရာတော်အားမေးမြန်းလျောက်ထားကြည့် 
ရာ နဂါးသိုက်နန်းအနွယ်တော်များ ယခုလိုဘုရားတည်ဒါန အလှူကို ပါဝင်လှူဒါန်းရခြင်းအတွက် ဝမ်းသာ
ဝမ်းနဲဖြစ်ကာ နဂါးသိုက်နန်းမှဝင်ရောက်ပူးကပ်တာ့ဖြစ်ကြောင်းသိရသည်။
ရှမ်းအိုးစည်မတီးတော့ဘူးထိန်းမနိုင်မှာစိုးလို့  အခုတောင်တော်တော် ပူးနေကြပြီ ရှမ်းအိုးစည်သာ
တီးလိုက်ရင် ဒီ့ထက်ပိုဆိုးကုန်လိမ့် မယ်ဟုမိန့် ကြားခဲ့ သည်။
ထို့ နောက် ဘုရားအားအနေကဇာတင်ပူဇော်ပြီးမင်္ဂလာရွှေမိုး ငွေမိုးများ
ရွာသွန်းကာ မဏိရတနာမုနိဆုတောင်းပြည့် စေတီတော်စိန်ဖူးတော်နှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲ
အား သာဓု ၃ ကြိမ် ရွတ်ဆိုကာအောင်မြင်စွာကျင်းပခဲ့သည်။့
Credit: ဖိုးသူတော်

3 comments:

  1. ဟုတ်တယ်နော်..ဧဒင်၊ ဒါမျိုးတွေက မယုံကြည်လို့လဲမရတဲ့အထဲပါတယ်...
    ရောက်ခဲ့တယ် ဧဒင်ရေ...:)

    ReplyDelete
  2. ထူးဆန်းတယ်နော်

    ReplyDelete
  3. ဟုတ်တယ်ထူးဆန်းတယ်နော်။

    ReplyDelete

Related Posts Plugin for WordPress, Blogger...