ဧဒင်အချစ်ပုံပြင်: “လူကုန်ကူးခံရသူ၎ဦးအား ကယ်ထုတ်”

Sunday 6 April 2014

“လူကုန်ကူးခံရသူ၎ဦးအား ကယ်ထုတ်”

                             
မြတ်ညို (အလွတ်သတင်းထောက်)၂၀၁၄ ခု ဧပြီလ ၆ ရက်
ထိုင်းနိုင်ငံတောင်ပိုင်း… မြို့တွင်ရှိသော အထည်ချုပ် အလုပ်ရုံတစ်ခုတွင် လူမှောင် ခိုကူးခံ နေရသည့် ရန်ကုန် မြို့ မင်္ဂလာဒုံမှ အမျိုးသမီး၂ဦးအား ပူးပေါင်းအဖွဲ့များက ယနေ့ ကယ်တင်နိုင်ခဲ့သည်။
           တစ်လလျှင် ကျပ်ငွေ လေးသိန်း ရမည်ဆိုသည့် ပွဲစား၏ စကားကိုယုံကြ ည်၍ ရန်ကုန်တိုင်း  မင်္ဂလာဒုံ မြို့နယ် သင်္ကန်းကျွန်းကြီးကျေးရွာမှ  အသက် ၂၂ နှစ် အရွယ် မလဲ့လဲ့ဝင်းနှင့် မင်္ဂလာဒုံမြို့ ဘိုခြံ လျှပ်စစ်ဝင်း မှအသက်၂၆နှစ် အရွယ် မအိအိခိုင် တို့နှစ်ဦးမှာ ပြီးခဲ့သည့် တစ်လကျော်က ထိုင်းနိုင်ငံတောင်း  ပိုင်း မြို့…….သို့ ရောက်ရှိခြင်းဖြစ်သည်။

            ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT က လူကုန်ကူးခံရ၍ ကယ် တင်ဖူးသည့် သင်္ကန်းကျွန်းကြီး ကျေးရွာမှ မမိုး  က ဖုန်းဆက်၍ အချက်အလက်များ ပြောပြခဲ့သည်။ MAT အဖွဲ့ က မိဘများနှင့် လူကုန်ကူးခံနေရသူများအား ချက်ခြင်းဆက်သွယ်၍ လိုအပ်သည့်အချက် အလက်များ အား ချက်ခြင်းစုဆောင်းရရှိခဲ့သည်။ 
 မအိအိခိုင် က“ သမီးတို့ မနက် ၆နာရီကနေ ညနေ ၁၀အထိ စက်ချုပ်ရတယ်။ တစ်လကို ဘတ် ၂၀၀၀   ပေးတယ်၊ သမီးတို့ မခံနိုင်တော့ဘူး။ဘယ်မှ လည်းမ သွားရဘူး။  ဒါကြောင့် ရန်ကုန်ကို ဖုန်းဆက်ပြီး လာ ကယ်ဖို့ အကူညီတောင်း ရတာ။ ခုလို ကူညီပေးကြတဲ့ ဦးထူးချစ်နဲ့ ဦးကျော်သောင်း တို့ကို အရမ်းကျေး ဇူး တင်ပါတယ်။ သမီးတို့ မြန်မာပြည်ကို  ပြန်သွားပါမယ်” ဟုပြောသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေး ဖွံ့ဖြိုး
ရေးဖေါင်ဒေးရှင်း FED ဒါရိုက်တာ ဦးထူးချစ် က 
“အလုပ်သမား တွေအနေနဲ့ ထိုင်းကိုမလာခင် ထိုင်းက အခြေအနေတွေကို သိအောင် အယင်လေ့လာကြ
 စေ ချင် တယ်။ အခက်အခဲ ကြုံရင် ဆက်သွယ်ရမယ့် ဖုန်းတွေကို လည်း သိသင့်တယ်။ ဒီနေ့တနင်္ဂနွေနေ့   ဖြစ်နေ တော့ ထိုင်းအာဏာပိုင်တွေကို အကြောင်း ကြားလည်းထူးမှာမဟုတ် ဘူး။ ဒါကြောင့် ကိုယ့်နိုင်ငံ သားကို ကိုယ်ကယ်ထုတ် တာပဲ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကယ်ထုတ်လာလိုက်တယ်။နံနက်ပိုင်းက သတင်းအချက် အလက်စုဆောင်းပြီး   နေ့လည်ပိုင်းမှာ ရအောင်ကယ် ထုတ်လိုက်တာဖြစ်တယ်။ 

ခုသူတို့ကို လုံခြုံ တဲ့နေရာတစ်ခုမှာပို့ထားလိုက်ပြီးတော့ နောက်နေ့လောက်မှာ မြန်မာပြည်ကို ပြန်ပို့ နိုင်
အောင် စီစဉ်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
          FED အဖွဲ့နှင့် MAT အဖွဲ့တို့သည် ဧပြီလ ၄ ရက်နေ့က ခြုံဘူရီ ချောင်း စမေး စံငါးဖမ်းလှေဆိပ်မှ   ရောင်းစား ခံမြန်မာအလုပ်သမား ၂ဦးတို့အား ရွာသူ ကြီးနှင့် ဒေသခံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး စင်တာအကူညီဖြင့် ကူညီနိုင် ခဲ့ကြသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...