ဧဒင်အချစ်ပုံပြင်: *အမြန်လမ်းမကြီး၊ မိုင်တိုင် ၁၁၆ တွင် အကျွတ် အလွတ်ပွဲ ပြုလုပ်ခဲ့ရာ ပရလောက သားတို့၏ ခြေရာများ တွေ့ ရှိ ********* လွန် ခဲ့ သော ၂ လခန့် ကဖြစ်ပါသည်..။

Tuesday 17 June 2014

*အမြန်လမ်းမကြီး၊ မိုင်တိုင် ၁၁၆ တွင် အကျွတ် အလွတ်ပွဲ ပြုလုပ်ခဲ့ရာ ပရလောက သားတို့၏ ခြေရာများ တွေ့ ရှိ ********* လွန် ခဲ့ သော ၂ လခန့် ကဖြစ်ပါသည်..။


သရဲ သဘက် ဘီလူး အစရှိသော ပေတ မှတ်တမ်းများ.'s photo.
ယာဉ်တိမ်းမှောက်မှု များကြောင့် သေဆုံးသွား သူများအား ရည်စူး၍ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင် ၁၁၆ တွင် သဲပုံစေတီတည်ထား ကိုးကွယ်ပြီး မေ ၁၀-ရက်နေ့က

အကျွတ်အလွတ်ပွဲ ဆုတောင်းပွဲ ပြုလုပ်ခဲ့ ရာတွင် နာနာဘာဝ(ပရလောကသား) တို့၏ ခြေရာများ တွေ့ရှိခဲ့ရသည်။

“မေ ၁၀-ရက်နေ့ညပိုင်းမှာ တောစောင့်နတ်၊တောင်စောင့်နတ်တွေကို ပင့်ဖိတ်ပြီး၊ မကျွတ်မလွတ်သေးတဲ့ပရ လောကသားတွေအတွက် ကောင်း မှုတွေ သာဓုခေါ်နိုင်အောင်

ဒါနပွဲလုပ်ခဲ့တယ်။ သဲပုံစေတီတည်ထားပြီး သူတို့ အတွက်နေရာထိုင်ခင်းနဲ့ အစားအသောက်တွေ ချပေးထားတာပါ။ ခင်းထား တဲ့သဲပြင်ပေါ် ည ၁၂-နာရီ လောက်ရောက်ချိန်

ဓါတ်မီးထိုးကြည့်လိုက်တော့ ကလေး နဲ့လူကြီးခြေရာတွေ တွေ့ရတယ်။ မန်းမြို့တော်ခရီးသည်တင် ကားမှောက်တုန်းက သေဆုံးခဲ့တဲ့လူကြီးတွေထဲမှာ ကလေးတစ်ယောက်လဲ ပါခဲ့တာ။

ညျေမှာင်ကတည်းက အဲဒီသဲခင်းနေရာကိုဘယ်သူမှမ၀င်ရဘဲနဲ့ ခြေ ရာတွေ အများကြိးတွေ့ခဲ့ရတာပဲ။"လိုက်ပါသွားသူ သတင်းထောက် တစ်ယောက် က အံ့သြစွာပြောပြသည်။

အဆိုပါအကျွတ်အလွတ်ပွဲကိုမန္တလေးမှ သတင်းထောက် ၇-ဦးလိုက်ပါသွား၍ မှတ်တမ်းဓါတ်ပုံရိုက်ခဲ့ပြီး၊ မန္တလေးမြို့၊ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း၊ကလျာ ဏမိတ္တ လူမှုကူညီရေး အသင်း၊

ချမ်းမြသစ္စာ လူမှုကူညီရေးအသင်း၊ဖြူးမြို့ လူမှုကူညီရေးအသင်းတို့နှင်အတူ အလှုရှင် ဒေါက်တာ မိုးမိုးခိုင်(မိုးပုလဲ-တိုင်းရင်းဆေးမိသားစု)တို့ကမတည်ကာ ၇-

ရက်သားသမီးများကုသိုလ်ဖြစ် ပထမဆုံးပြုလုပ် ခြင်းဖြစ်သည်ဟုဆိုသည်။

“အဲဒီနေရာအနီးမှာကြီးကြီးမားမားယာဉ်တိမ်းမန်းမြို့တော်နဲ့ တောင် ပြာတန်းခရီးသည်ယာဉ် နှစ်စီးပါ။ကျွန်တ်ာတို့ အသင်းက တောင်ပြာတန်းကား မီးလောင်တုန်းက

သိသိချင်းသွားပြီးကူညီကြတာ၊ မီးလောင်တဲ့အပူရှိန်ကြောင့် သေဆုံးသူတွေကို ဆွဲမထုတ်နိုင် ခဲ့ပေ မယ့် ဒဏ်ရာရသူတွေကို တော့ အချိန်မီ ကယ်နိုင်ခဲ့ပါတယ်။သေဆုံးသူပေါင်း ၂၀

လောက်ရှိသွားပြီ။သူတို့ အတွက်ကောင်းရာမွန်ရာ ရောက်အောင် ကုသိုလ်ပြု အမျှဝေပေးတာပါ။” ဖြူးမြို့မှ လူမှုကူညီရေးအသင်းမှ ပြောသည်။

အမြန်လမ်းမကြီးစတင်ဖွင့်စဉ်ကစ၍ ယာဉ်မတော်တဆမှု ၂၅၉-မှုဖြစ်ပွားခဲ့ရာ လိုက်ထရပ် ယာဉ် အများဆုံးဖြစ်၍ ခရီးသွားမှန်လုံ ယာဉ်များက ဒုတိယ အများဆုံး ၊ကျန်ယာဉ်များမှာ

ကိုယ်ပိုင်ယာဉ်များသာဖြစ်ကြောင်း၊ယင်းလမ်းမ ကြီးကို ဖြတ်သန်းမောင်းနှင်သော ယာဉ်အစီးရေမှာ ယခင်နှစ်က၅၀၀၀ ကျော်ရှိရာမှ ယခုနှစ်တွင် တစ်သောင်းကျော်ထိ ရှိလာပြီဖြစ်ကြောင်း

သိရသည်။

Credit ot-Aung Thant Khaing
Post by:မောင်မိုးတိမ်


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...