ဧဒင်အချစ်ပုံပြင်: ကမ္ဘာ့ ပထမဦးဆုံး ၁၅ ရက်ထဲနဲ့ ဆောက်တဲ့ အထပ် ၃၀ The Ark Hotel အဆောက်ဦး ( တရုတ်က ဆောက်ပြလိုက်ပြီ)

Wednesday 18 January 2012

ကမ္ဘာ့ ပထမဦးဆုံး ၁၅ ရက်ထဲနဲ့ ဆောက်တဲ့ အထပ် ၃၀ The Ark Hotel အဆောက်ဦး ( တရုတ်က ဆောက်ပြလိုက်ပြီ)

အံ့အားသင့်ဖွယ်ရာ သတင်း တစ်ပုဒ်ပါပဲ ဒီကနေ့မှာ တရုတ်အင်ဂျင်နီယာတွေဟာ
တကြိမ်တည်း တစ်ခါတည်းနဲ့ အောင်မြင်မှုသရဖူကိုဆောင်းပြီး သူတို့ဘယ်လောက်ထိလုပ်နိုင်တယ်ဆိုတာ
ဒီ ၂၀၁၂ နှစ်ကူး ၂၀၁၁ နှစ်ကုန်ပိုင်းမှာ ကမ္ဘာကိုပြသလိုက်ပါပြီ
အဲတာကတော့....နာရီပေါင်း ၃၆၀ ရက်အားဖြင့် ၁၅ ရက်တာ (သီတင်းနှစ်ပတ်) တည်းနဲ့
သင် မတွေးထင်နိုင်တဲ့ကိစ္စ တစ်ခုကို တရုတ်နိုင်ငံ ဆောက်လုပ်ရေးအဖွဲ့ကနေ အောင်မြင်စွာလုပ်ပြနိုင်ခဲ့ပါတယ်
ဧရိယာ စတုရန်းမီတာ ၁၇,၀၀၀ အကျယ်အ၀န်းပေါ်မှာ အထပ်ပေါင်း ၃၀ မြင့်တဲ့အဆောက်ဦးကို
နာရီပေါင်း ၃၆၀ ရက်အားဖြင့် ၁၅ ရက် ( သီတင်းနှစ်ပတ် ) အတွင်းမှာ Broad Group Company ကနေပြီးတော့
တရုတ်နိုင်ငံ အရှေ့တောင်ဘက် Hunan ( ဟူနန် ) မှာ တည်ဆောက်ပြလိုက်တာဖြစ်ပါတယ်ဗျာ
ဒီတော့ကာ အဆောက်ဦးက ခိုင်ပါ့မလား ကောင်းပါ့မလားလို့ လူတွေကမေးခွန်းထုတ်စရာဖြစ်နေပါတယ်
တရုတ် ဆောက်လုပ်ရေး အကယ်ဒမီ China Academy of Building Research ကနေပြီးထုတ်ပြန်လိုက်တာကတော့
ဒီအဆောက်ဦးဟာ သာမန်အဆောက်ဦးတွေထက် ၅ ဆ ပိုပိုခိုင်ခံပြီး
ငလျှင်ဒဏ်ကို အဆင့် ၉ အထိခံနိုင်ပါတယ်တဲ့ဗျာ

Building has the capacity of stand in nine Magnitude earthquakes
နောက်ပြီးအဆောက်ဦးရဲ့မှန်တွေအားလုံးကိုလည်း နေရောင်ခြည်စွမ်းအင်သုံး
မှန်ချပ်တွေပဲ အသုံးပြုထားပြီး အဆောက်ဦးအတွက်လိုအပ်တဲ့စွမ်းအင်အားလုံးကိုအသုံးပြုသွားမယ်လို့ဆိုပါတယ်
နောက်ပြီး ဟိုတယ်အတွက် အသုံးဆောင်ပစ္စည်းများဟာလည်း
အကောင်းဆုံးတွေကိုသာ အသုံးပြုထားကောင်းဆိုထားပါသေးတယ်
ရွှေမြန်မာဥယျာဉ်မှဖော်ပြသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...