ဧဒင်အချစ်ပုံပြင်: ရန်အောင်ရဲ့ အောင်မြင်မှုကို အားကျတဲ့ စိုးမြတ်နန္ဒာ

Saturday, 7 January 2012

ရန်အောင်ရဲ့ အောင်မြင်မှုကို အားကျတဲ့ စိုးမြတ်နန္ဒာ


ရန်အောင်နှင့် သူ့ချစ်သူများ စီးရီးမှာ သီချင်းသီဆို ဖူးတဲ့ စိုးမြတ် နန္ဒာက တို့သတိရ နေမှာပါ သီချင်းကို ရန်အောင်နှင့် နတ်သမီးများ ပွဲမှာ သီဆိုမှာ ဖြစ်ပါတယ်။
ကိုရန်လေး ပွဲမှာ သီချင်းဆိုဖို့ ဘာတွေ ပြင်ဆင်ထား ပြီလဲ။


အခု မခင်မြတ်မွန်က Guide လုပ်ပေးနေတယ်။ ဒါဒါ ဆိုနိုင်မယ့် သီချင်းလေး ကိုတော့ ရွေးထားတယ်။ ဘေးနားမှာ ရှိတဲ့ သူတွေက ၀ိုင်းပြီး သင်ပေးကြပေါ့။ ကိုယ်တိုင်ကတော့ မဆိုနိုင်ဘူး။ မနည်း ဆိုရမှာ။

ကိုရန်လေး ပွဲဆိုရင် ဒါဒါ သီချင်း ဆိုပေး ရတယ်နော်။

မဆိုရင် ကိုရန်လေးက ရိုက်မှာ။

တခြား သူတွေရဲ့ ပွဲတွေဆိုရင် သီချင်း ဆိုပေးမှာလား။

စဉ်းစားမယ်လေ။ ဒါဒါက အဆိုတော် မဟုတ်ဘူးလေ။ ဒါဒါ တတ်တဲ့ဟာကို ပိုင်ပိုင်နိုင်နိုင် လုပ်တာ ကောင်းတယ်လေ။ မဆိုတတ်တဲ့ ဟာဆိုနေရင် ဘာထူးမှာ လဲနော်။

သီချင်းဆိုတာ ၀ါသနာ ပါတယ် မဟုတ်လား။


ဝါသနာက ပါတယ်။ သီချင်း နားထောင် ရတာလည်း ၀ါသနာ ပါတယ်။ ဆိုရတာလည်း ၀ါသနာ ပါတယ်။ ဒါပေမဲ့ Professional လိုမျိုး ဆိုဖို့ မရဘူးလေ။ ဒါက ကိုရန်လေးနဲ့ အမှတ်တရ ဖျော်ဖြေကြမှာ။ ဒါဒါတို့ ရုပ်ရှင် အနုပညာ သမားတွေ အကုန်လုံး စုစည်းပြီး ဖျော်ဖြေ ကြတာ။ ဒါက ကိုရန်လေး အတွက်ပါ။

ကိုရန်လေးက ဒီသီချင်းဆိုလို့ ပြောတဲ့ သီချင်းကို ဆိုမှာလား။


ဒါဒါကြိုက်တဲ့ သီချင်းကို အစ်ကိုက ၀ယ်ပေးတာ။ ဆိုမယ့်သီချင်း လေးကလည်း တက္ကသိုလ် သီချင်းလေး မို့လို့ ငယ်ငယ်လေး ကတည်းက ကြိုက်တဲ့ သီချင်းဖြစ်လို့ ရွေးထားတာ။

ကိုရန်လေး ဆိုခဲ့တဲ့ သီချင်းတွေထဲက ဘယ်သီချင်းတွေကို ဒါဒါကြိုက်လဲ။


အချိန်မီ၊ ရင်ခုန်သံတွေ ဆူညံနေပြီ၊ စတဲ့ သီချင်းတွေ ကြိုက်တယ်။ သီချင်းတွေ ကတော့ အများကြီး ကြိုက်တယ်။

စိုးမြတ် နန္ဒာက ဒီဇင်ဘာ လလယ်မှာ စင်ကာပူကို ဗီဒီယို ဇာတ်ကား တစ်ကား ရိုက်ကူးဖို့ ထွက်သွားခဲ့ ပါသေးတယ်။ စိုးမြတ်နန္ဒာက ရန်အောင်ရဲ့ ပွဲနှစ်ပွဲ စလုံးမှာ ပါဝင်ခွင့် ရတဲ့အတွက် ကြည်နူး ၀မ်းသာသလို ရန်အောင်ရဲ့ အောင်မြင်မှုကို အားကျတယ်လို့ ဆိုပါသေးတယ်။
ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...