ဧဒင်အချစ်ပုံပြင်: ဦးခင်ညွန့်နှင့် တွေ့ဆုံခြင်းသည် ဗိုလ်ချုပ် ဇာတ်ကားနှင့် မဆိုင်ဟု ဒါရိုက်တာ ကြည်ဖြူသျှင် ပြော

Thursday 19 January 2012

ဦးခင်ညွန့်နှင့် တွေ့ဆုံခြင်းသည် ဗိုလ်ချုပ် ဇာတ်ကားနှင့် မဆိုင်ဟု ဒါရိုက်တာ ကြည်ဖြူသျှင် ပြော

ဇန်နဝါရီ ၁၃ ရက် သောကြာနေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အား သွားရောက်တွေ့ဆုံခြင်းသည် ဗိုလ်ချုပ် ဇာတ်ကားနှင့် မဆိုင်ဟု ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောသည်။
၎င်းအနေဖြင့် ဦးခင်ညွန့်အား သွားရောက် တွေ့ဆုံခြင်းသည် ဗိုလ်ချုပ် ဇာတ်ကားနှင့် ပတ်သက်၍ တွေ့ဆုံခြင်းမျိုး မဟုတ်ကြောင်း၊ ပြင်ပ၌ ၄င်းတို့၏ တွေ့ဆုံမှုကို ဗိုလ်ချုပ် ဇာတ်ကားနှင့် ပတ်သက်ပြီး တွေ့ဆုံကြသည်ဟု ကောလာဟလများကြား သိရကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောသည်။ အဆိုပါ အသံများ ကြားရခြင်း သည် ဦးခင်ညွန့်အား သွားရောက် တွေ့ဆုံစဉ်၌ ဗိုလ်ချုပ် ဇာတ်ကား ကော်မတီ မှ ဇာဂနာ၊ ဇင်ဝိုင်း၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး တို့နှင့် တိုက်ဆိုင် စွာ အတူတူဖြစ်နေ သည့်အတွက် ယခုလို သတင်းများ ထွက်ရခြင်းဟု ထင်ကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။
”ဦးခင်ညွန့် တာဝန် ထမ်းဆောင်စဉ်က အစ်မတို့ လူငယ်တွေ အတွက် နေရာ အများကြီးပေးခဲ့ပါ တယ်။ အစ်မတို့ ရုပ်ရှင်လောကနဲ့ ပတ်သက်ပြီး သူအများကြီးလုပ်ပေး ခဲ့ပါတယ်။ ပြောရရင် ဦးခင်ညွန့်နဲ့က ဗိုလ်ချုပ်ကြီး တာဝန် ထမ်းဆောင်စဉ် တုန်းကလည်း အပြင်မှာ တစ်ခါမှ မတွေ့ဖူးဘူး။ နောက် ဦးခင်ညွန့်က အကယ်ဒမီနဲ့ ပတ် သက်ပြီးလည်း ထိုက်ထိုက်တန်တန် မှန်မှန်ကန်ကန် လုပ်ပေးခဲ့တယ်။ အဲဒီဟာတွေက အစ်မရဲ့ ရင်ထဲမှာ ကျေးဇူးရှိတဲ့ လူတစ်ယောက်လို့ မြင်တယ်။ သူ လွတ်မြောက် လာတော့ အရမ်းဝမ်း သာတယ်။ ဒါ့ကြောင့် သွားတွေ့တာပါ” ဟု ၄င်းက ပြောသည်။
၎င်းအပြင် ဦးသူရ ထောင်မှ လွတ်လွတ်ချင်းမှာပင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကိုလည်း လွှတ်သင့်ကြောင်း ဂျာနယ်များ၌ ပြောခဲ့သည်။ ထိုအကြောင်းကို ဦးခင် ညွန့်က ဖတ်ခဲ့ရပြီး သူ့အနေဖြင့် ကိုသူရကို ကျေးဇူးတင်သည့် အတွက် တွေ့ချင်သည် ဟုဆိုကြောင်း၊ သို့ဖြစ်၍ ကိုသူရနှင့် သူမတို့ကို တစ်ချိန်တည်း ချိန်း ပြီး ခေါ်ခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။ ဦးဇင် ဝိုင်းကလည်း ”ဦးခင်ညွန့်က ရုပ်ရှင် လောကမှာ ကောင်းကျိုးတွေ ပြုခဲ့တယ်ဆိုပြီး တွေ့ချင်တယ်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကလည်း ဦးခင်ညွန့်ကို ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးလို့ မြင်ဖူးချင်တဲ့ အတွက် ဦးသူရတို့နဲ့ လိုက်ခဲ့တာပါ။ ဖြစ်ချင်တော့ ဗိုလ်ချုပ်ဇာတ်ကား ကော်မတီ ကလူ ၄ ယောက် ဆုံသလို ဖြစ်သွားတာပေါ့။ သီးသန့်သွားတွေ့ ဆုံကြရင်းနဲ့ ဆုံဖြစ်သွားတာပါ” ဟု ပြောခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ဗိုလ်ချုပ် ဇာတ်ကားနှင့် ပတ်သက်၍ မပြောဖြစ်ကြဘဲ ဦးခင်ညွန့်က သူခုနစ်နှစ်တာ နေခဲ့ချိန်အတွင်း ဘာသာရေး ပိုလုပ်ဖြစ်ခဲ့ကြောင်း၊ ဘာသာရေး အသိတရားကြောင့် သူအများကြီး ပြောင်း လဲသွားကြောင်း၊ ပြည်သူတွေ
ကောင်းဖို့အတွက် သူ့စိတ်ထဲတွင် ရှိနေကြောင်းတို့ကို ပြောခဲ့သည်ဟု ဒါရိုက်တာ ကြည်ဖြူသျှင် ကပြောသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...