ဧဒင်အချစ်ပုံပြင်: ငြိမ်းချမ်းရေးအတွက်ဆုတောင်းပေးကြပါဗျာ........

Thursday 19 January 2012

ငြိမ်းချမ်းရေးအတွက်ဆုတောင်းပေးကြပါဗျာ........

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု အဖွဲ့တို့ နှစ်ရက်ကြာ ဆွေးနွေးမှုရလဒ်အဖြစ် ဆက်လက်ညှိနှိုင်း ဆွေးနွေးရန်နှင့် တိုက်ပွဲဖြစ်ပွားနေမှုများ လျှော့ချရန်သာ သဘောတူညီမှု ရရှိခဲ့သည်ဟု နှစ်ဖက် ကိုယ်စားလှယ်များက ကြာသပတေးနေ့တွင် ထုတ်ပြန်သည်။

“နိုင်ငံတော်အစိုးရနှင့် ကေအိုင်အိုတို့သည် နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်ညှိနှိုင်း ဆွေးနွေး သွားကြမည် ဖြစ်ပါသည်။” ဟု ကြေညာချက်တွင် ဖော်ပြပါရှိသည်။
 
အစိုးရ ငြိမ်းချမ်းရေး အဖွဲ့သို့ ကြာသပတေးနေ့က တင်ပြသည့် KIO ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု စာတမ်းတွင် အမျိုးသားတန်းတူမှုနှင့် တိုင်းရင်းသားများ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးပိုင်ခွင့်များအပေါ် အခြေခံသည့် နိုင်ငံရေး
ဆွေးနွေးမှုများ ပြုလုပ်သွားရန် လိုလားသည်ဟု ဖေါ်ပြပါရှိသည်။
K.I.A-and-Thein-Sein-Gorv
နိုင်ငံတော်အစိုးရနှင့် ကေအိုင်အိုတို့သည် နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်ညှိနှိုင်း ဆွေးနွေး
သွားကြမည် (ဓါတ်ပုံ Kachin Net)

ထို့ကြောင့် အဆိုပါအချက်များ ရရှိရန် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်း အဖြေရှာလိုခြင်းဟုလည်း KIO ဗိုလ်မှူးချုပ် ဂွမ်မော်က မဇ္ဈိမကို ပြောသည်။

"ကျနော်တို့ရဲ့ ခံယူချက်က ဒီတိုက်ပွဲတွေ စစ်ပွဲတွေ ဖြစ်လာတာဟာ နိုင်ငံရေးရဲ့ အကျိုးဆက်တွေ ဖြစ်တယ်။ ဒီလိုဟာမျိုးတွေကို စစ်ပွဲတွေနဲ့ ဆုံးဖြတ်တာမျိုး မဟုတ်ဘဲနဲ့ နိုင်ငံရေးအရ ဖြေရှင်းရမယ်ဆိုပြီးတော့ အဲဒီလိုခံယူတယ်။" ဟု ပြောသည်။

တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြုလုပ်ခဲ့သည့် ဇန်နဝါရီ ၁၈ နှင့် ၁၉ ရက် ဆွေးနွေးပွဲများသည် နိုင်ငံရေးအရ ဆွေးနွေး ညှိနှိုင်းအဖြေရှာမှုများ ဆက်လက်ဖြစ်ပေါ်ရန် ရည်ရွယ်ပြီး အပစ်ရပ်ရေးသည် ဆွေးနွေးချက်များပေါ်တွင်သာ မူတည်သည်ဟုလည်း ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

ဆွေးနွေးနေသည့် ကြာသပတေးနေ့တွင်ပင် KIO တပ်မဟာ ၄ ထိန်းချုပ်ရာဒေသ ကွတ်ခိုင်မြို့နယ်အတွင်း မြန်မာ စစ်တပ်နှင့် KIO တပ်ရင်း ၈ တို့  တိုက်ပွဲငယ် ဖြစ်ပွားခဲ့သည်ဟု KIO အရာရှိတဦးက ပြောသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးပွဲအတွင်း တင်ပြခဲ့ကြောင်းလည်း ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

"သို့သော်လည်း ကျနော်တို့ ဒီကနေ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ဟာ နှစ်ဘက်လုံးက အတည်ပြုပြီး ထုတ်ပြန်တဲ့ ထုတ်ပြန်ချက် ဖြစ်တဲ့အတွက် ဒီဆွေးနွေးပွဲက ဒီလို ကိစ္စမျိုးတွေကို တားဆီးနိုင်မယ်လို့ မျှော်လင့်ပါတယ်။" ဟု ပြောသည်။

ကြာသပတေးနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် “ကာမိုင်းမြို့နယ်အတွင်း KIA သောင်းကျန်းသူများ ထောင်ထား သည့်ဗုံးကြောင့် အရပ်သားနှစ်ဦး ယခုလ ၁၆ ရက်နေ့တွင် သေဆုံးခဲ့သည်။”ဟု ရေးသားဖေါ်ပြထားသည်။

ရွှေလီဆွေးနွေးပွဲတွင် အစိုးရဘက်မှ ကိုယ်စားလှယ်များမှာ အဖွဲ့ဝင် ၁၃ ဦး ပါဝင်ပြီး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ကော်မတီဝင် ဦးသိန်းဇော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်နှင့် ဝန်ကြီး ဦးအောင်ကြည်တို့ ပါဝင်သည်။

KIO ဘက်မှ အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆွမ်မလွတ်ဂံနှင့် ဦးလဖိုင်လ၊ ဦးဂျီးနောင်၊ ဦးလဂျောင်ခေါင်လုံး၊ ဦးဇော်ခုံ၊ ဦးခွန်နောင်၊ ဦးလဖိုင်ဇော်ရော်၊ ဦးဇောင်တောင်၊ ဗိုလ်မှူးချုပ်ဂွမ်မော် တို့အပါအဝင် ၁၂ ဦး တက်ရောက်ဆွေးနွေး ခဲ့ကြသည်။

တရုတ်နိုင်ငံတွင် ကေအိုင်အိုနှင့် အစိုးရ တွေ့ဆုံပွဲ ပြီးဆုံး



စစ် ရေးအရှိန် ထိန်းသိမ်းသွားနိုင်ဖို့နဲ့ ယုံကြည်မှုတည်ဆောက်ဖို့အတွက် ပြဿနာ ဖြစ်ပွားနိုင်ခြေရှိတဲ့ ဒေသတွေမှာ နှစ်ဘက်တပ်တွေရဲ့ ကိစ္စကို ညှိနှိုင်းဆောင်ရွက်ကြမယ်လို့ ကေအိုင်အိုနဲ့ အစိုးရ ပူးတွဲထုတ်ပြန်လိုက်ပါတယ်။
ကချင်လွတ်လပ် ရေးအဖွဲ့ရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ဟာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ၂ ရက်ကြာ ပမာဏတွေ့ဆုံပွဲကို ဒီကနေ့ အဆုံးသတ်လိုက်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ ဆက်လက်ညှိနှိုင်း ဆွေးနွေးကြမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
ဆွေးနွေးတဲ့ အကြောင်းအရာတွေကို အများပြည်သူ သိစေဖို့ မှန်ကန်တဲ့ သတင်းတွေ ထုတ်ပြန်ဖို့လည်း သဘောတူခဲ့ကြပါတယ်။
ဒီကနေ့ မနက် နှစ်ဘက် ကိုယ်စားလှယ်တွေ ဆွေးနွေးချိန်မှာ ကေအိုင်အေတပ် တပ်ရင်း ၈ ကို မြန်မာ့တပ်မတော်က ဝင်ရောက် ပစ်ခတ်တယ်ဆိုတဲ့ ရှေ့တန်း စစ်သတင်းရပ်ကွက်က ပြောပါတယ်။
နှစ်ဘက် ကိုယ်စားလှယ်တွေဟာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်ဆက်တိုက်တွေ့ဆုံခဲ့ကြတာပါ။
ဒီဆွေးနွေး ပွဲနဲ့ ပတ်သက်လို့ ကေအိုင်အိုဘက်က ကနဦး သဘောထား ထုတ်ပြန်ချက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပင်လုံမှာ သဘောတူခဲ့တဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ပြဋ္ဌာန်းခွင့်ရဖို့ နိုင်ငံရေး ဆွေးနွေးပွဲတွေ လိုလားတယ်ဆိုတာကို ဖော်ပြခဲ့ပါတယ်။
စစ်အစိုးရ ခေတ်က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး စီမံချက်ကို ကေအိုင်အိုက ငြင်းဆန်အပြီးမှာ မနှစ် နှစ်လယ်ကစလို့နှစ်ဘက် ပြန်တိုက်နေကြပြီး ဒုက္ခသည် ၆၀,၀၀၀ လောက် အိုးအိမ်ပစ်ပြီး ထွက်ပြေးနေကြပါတယ်။
ကေအိုင်အိုဟာ အရင် စစ်အစိုးရလက်ထက်က အပစ်ရပ်ခဲ့ပေမယ့် မနှစ်ဇူလိုင်ကစလို့ နယ်ခြားစောင့်တပ် မပြောင်းဖို့ ငြင်းဆန်ရာက တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပြီး ဒုက္ခသည်တွေ တိုးလာခဲ့ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့လ ၁၈ ရက်နေ့ က အစိုးရရဲ့ အကြောင်းပြန်စာမှာ ကေအိုင်အို လိုလားတောင်းဆိုတဲ့ နိုင်ငံရေးဆွေးနွေးမှု လုပ်မယ်လို့ ပါရှိအပြီး အခု ဆွေးနွေးပွဲ ဖြစ်ပေါ်ခဲ့တာပါ။
ပြည် ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့မှာ ဦးအောင်သောင်း၊ ဦးသိန်းဇော်၊ ဦးအောင်ကြည်၊ ဦးအုန်းမြင့်၊ ဗိုလ်မှူးကြီးသန်းအောင်၊ ဦးခင်ထိန်နန်၊ ဗိုလ်မှူးကြီးမြင့်ဆွေ (မပခ တိုင်း)၊ ဗိုလ်ချုပ် ဇော်ဝင်း၊ ဦးထွန်းသိန်းနဲ့ ဦးထွန်းထွန်း စသူတို့ ပါဝင်တယ်လို့ အစည်းအဝေးရောက်နေသူ တဦးက ပြောပါတယ်။
-----------------------------------------------------------------------------------------------------------------------
ပြည်တွင်းစစ်ပဲဖြစ်ဖြစ်....နယ်ချဲ့စစ်ပဲဖြစ်ဖြစ်စစ်ရဲ့အကျိုးတွေကိုကျွန်တော်တို့ပြည်သူတွေပဲ
တိုက်ရိုက်ခံစားရပါတယ်...ဘာလို့လဲဆိုတော့ကျွန်တော်ကလက်တွေ့ကြုံခဲ့ဖူးလို့ပါ..
အင်မတန်ဒုက္ခရောက်တယ်..ကလေးတွေအသက်ကြီးသူတွေအတွက်နေရေး၊စားရေးလုံခြုံရေး
ဒီကြားထဲခေတ်ပျက်ချိန်သူခိုး၊ဓါးပြတွေရယ်ရန်...ဘာမှမကောင်းပါဘူးဗျာ..
အချင်းချင်းလည်းမကောင်းသလိုသူများတွေနဲ့လည်းမကောင်းပါဘူး။
ကိုယ်တိုင်ကငြိမ်းချမ်းစွာနေချင်ရင်ဘယ်လူသားကလည်းငြိမ်းချမ်းစွာမနေချင်ရမှာလဲ..
ဒါကြောင့်အားလုံးအားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ကျန်ရှိနေတဲ့ဘဝအချိန်လေးမှာအတူတကွ
ပျော်ရွှင်အောင်နေထိုင်ပြီးကိုယ်ပတ်ဝန်းကျင်ကိုပိုမိုလှပပျော်ရွှင်အောင်ဆောင်ရွှက်ကြပါစို့။

ကုန်လွန်ခဲ့သောနှစ်တွေကအမေရိကန်ကအီရတ်စစ်ပွဲမှာကုန်ကျခဲ့ တာတွေနဲ့ 
ဘာတွေအကျိုးရှိအောင်လုပ်နိုင်မလည်းလို့စစ်တမ်းလေးပါ...
အီရတ်နိုင်ငံကို ကျူးကျော်ဝင်ရောက်ဆင်နွှဲပြီး ရှစ်နှစ်ကြာအောင် စစ်တပ်တွေချထား၊သိမ်းပိုက်ခဲ့ တဲ့ စစ်ပွဲ
အတွက်အမေရိကန်နိုင်ငံက ဒေါ်လာ ၂ ထရီလီယံ ကုန်ကျသုံးစွဲခဲ့ ရပါတယ်...
ထိုသို့ မလိုအပ်ပဲ စစ်ရေးအတွက်အလွန်အကျွံသုံးစွဲမယ့် အစား အကျိုးရှိရာကိစ္စတွေအမြောက်အများပြုနိုင်မှာဖြစ်ပါတယ်...
အဆိုပါကုန်ကျငွေဖြင့် ဘယ်လိုအကျိုးရှိမယ့် ကိစ္စတွေဆောင်ရွက်နိုင်မလည်းဆိုတာကြည့် ကြရအောင်....

ရွှေပြည်ကြီးမှာလည်းနေ့ စဉ် တစ်အုံးအုံး၊ တစ်ဂျိမ်းဂျိမ်း ပစ်နေ၊ခတ်နေ စစ်တွေတိုက်နေကြတဲ့ လူ၊သူလက်နက်အင်အား ကုန်ကျနေတာတွေဟာ ဘယ်ဖက်ကမှ အလကားရနေတာမဟုတ်ပါဘူး...
တိုက်ပွဲအကြီးအသေးအလိုက်နေ့ စဉ် သိန်းပေါင်း ရာထောင်ချီပြီးကုန်ကျနေရတာပါ...
စစ်ပွဲတွေရပ်ဆိုင်းပြီးထာဝရငြိမ်းချမ်းရေးရယင် ထိုကုန်ငွေတွေကို လက်ငင်းလိုအပ်မယ့် ၊ ရေရှည်အကျိုး
ရှိမယ့် အရေးတွေမှာ အသုံးပြုနိုင်မှာမို့  စစ်ပွဲဆိုယင် ဘယ်စစ်ပွဲမဆိုမဖြစ်စေချင်တာပါပဲ...

 တစ်ကမ္ဘာလုံးမှာရှိတဲ့ ကလေးသူငယ်တွေအားလုံး အသက်ဘေးအန္တရယ်ဖြစ်နိုင်သည့် ရောဂါများမှ
ကာကွယ်ကုသနိုင်ဖို့ ( ကာကွယ်ဆေးထိုးဖို့ ) တစ်နှစ်ကို ၁.၃ ဘီလီယံဒေါ်လာ ကုန်ကျမှာမို့ 
နှစ်ပေါင်း ၅၈၃ နှစ်စာ ကုန်ကျခံနိုင်မှာဖြစ်ပါတယ်...

 ဖွံ့ ဖြိုးဆဲနိုင်ငံတွေမှာ ကူးစက်ပျံ့ နှံ့ ဖြစ်ပွားနေတဲ့ အေ့ ဒ်စ် ( အေအိုင်ဒီအက်စ် ) ရောဂါတိုက်ဖျက်ဖို့ 
အတွက် တစ်နှစ်ကို ၁၅ ဘီလီယံ နှင့် ၁၃၃ နှစ် စာကာကွယ်ကုသပေးနိုင်မှာဖြစ်ပါတယ်...
 တစ်ကမ္ဘာလုံးဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အကောင်အထည်ဖော်ဖို့ ကုန်ကျငွေ ၁ နှစ် ၁၃၅ ဘီလီယံ ဒေါ်လာနှင့်  ၁၄ နှစ်တိုင်တိုင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်...
 အမေရိကန်နိုင်ငံသားတိုင်းအတွက် ကျန်းမာရေးစောင့် ရှောက်မှုအတွက် ကုန်ကျငွေအားလုံး အခမဲ့ ဖြစ်
အောင် စိုက်ထုတ်ပေးနိုင်ဖို့ တစ်နှစ်လျှင် ဒေါ်လာ ၁၀၀ ဘီလီယံဖြင့် နှစ်ပေါင်း ၂၀

 တစ်ကမ္ဘာလုံး စာတတ်မြောက်ရေးလှုပ်ရှားမှုအတွက် ၁ နှစ်ကုန်ကျငွေ ၅ ဘီလီယံဒေါ်လာဖြင့် 
နှစ်ပေါင်း ၄၀၀ တိုင်တိုင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်...

 ဒါမှမဟုတ်ယင်လည်း အမေရိကန်နိုင်ငံသားတိုင်းကို တစ်ဦးလျှင် ဒေါ်လာ ၆၆၀၀ အလကားပေး
နိုင်မှာဖြစ်ပါတယ်...

 သို့ တည်းမဟုတ် ထိုငွေ ၂ ထရီလီယံ ဒေါ်လာဖြင့် အမေရိကန်နိုင်ငံအတွက် စားသုံမည့် 
ဝက်ဆားနယ်ခြောက် စားနပ်ရိက္ခာကို နောင် နှစ်ပေါင်း ၁၀၀၀ စာဝယ်ယူသိုလှောင်ထားနိုင်မှာ
ဖြစ်ပါတယ်...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...