ယင်းကဲ့သို့ ဖော်ပြလိုက်သဖြင့် လူထူးလူဆန်းများဟု မထင်စေလိုပါ။ ထိုဆိုင်၏ ဖောက်သည်များမှာ ခွေးများသာ ဖြစ်ကြကုန်သည်။ အဆိုပါ ဘီယာဆိုင်သည် ခွေးများအတွက် အထူးစီမံထုတ်လုပ်ထားသော ခွေးသောက် ဘီယာများကို စတင်ရောင်းချပေး နေပြီဖြစ်ကြောင်း Metroသတင်းဌာနက ဇန်နဝါရီလ ၉ရက်နေ့တွင် ခွေးအပေါင်းအား သတင်းကောင်း ပါးခဲ့သည်။ အဆိုပါ ဘီယာဆိုင်မန်နေဂျာ ဒေ့ဗ်ကားက သူသည် တိရိစ္ဆာန်များ ချစ်ကြည်ရင်းနှီးကြသည့် ဝန်းကျင်တစ်ရပ်ကို ဖန်တီးပေးလိုသော်ကြောင့် ယခုကဲ့သို့ခွေးဘီယာဆိုင်ကို ဖွင့်လှစ်ရခြင်းဖြစ်သည် ဟုဆိုသည်။ အဆိုပါ ဘီယာဆိုင်တွင် ခွေးများအတွက် အမြည်းအဖြစ် ခွေးစား ဘီစကွတ်များကိုလည်း ရောင်းချပေးသည်။ ခွေးသူစိမ်းများကြား၌ ရန်လိုတတ်ကြသည်ဟု ထင်မှတ်ထားကြသော်လည်း သူ၏ဘီယာဆိုင်တွင်မူ ခွေးအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကိုပြသကာ တစ်ကောင်နှင့် တစ်ကောင် ခင်မင်ရင်းနှီးစွာ ဘီယာများအတူတကွ သောက်သုံးကြသည် ဟုဆိုသည်။ အဆိုပါဆိုင်တွင် ခွေးစားကြက်ကြော် အမြည်းများနှင့် အလွန်အရသာရှိသော အကင်များလည်း ရရှိနိုင်သည် ဟုဆိုသည်။
Wednesday, 25 January 2012
နယူးကာဆယ်၌ ခွေးများအတွက် အထူး ခွေးသောက် ဘီယာများ ရောင်းချပေး

Subscribe to:
Post Comments (Atom)
No comments:
Post a Comment