မြန်မာခရီးသွား လုပ်ငန်း၏ သံတမန်အဖြစ်ပါ ရွေးချယ်ပေးအပ် မည့် Miss Myanmar
2012ပြိုင်ပွဲ ကို မတ်လ ၂၅ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး
ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်ကိုပါ တစ်ပါတည်း
ကျင်းပပြုလုပ်သွားရန် စီစဉ်ထားသည် ဟု သတင်းရရှိသည်။ အဆိုပါ Miss Myanmar
2012ပြိုင်ပွဲနှင့်ဈေး ရောင်းပွဲတော်ကို မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့(Myanmar Tourism Board)မှ ကြီးမှူးကျင်းပမည်ဖြစ်ပြီး Myanmar Tourism Services မှ Event Organizer အဖြစ် တာဝန်ယူ ဆောင်ရွက်သွားမည်ဟု သိရှိရသည်။
“ ဒီပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဗဟုသုတ၊ မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ အထွေထွေ ဗဟုသုတကြွယ်ဝမှုနဲ့ အင်္ဂလိပ်ဘာသာစကားမှာလည်း ကျွမ်းကျင်တဲ့၊ ဥာဏ်ပညာထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ကို မြန်မာ့အလှမယ်အဖြစ် ရွေးချယ်ပြီးတော့ ပြည်တွင်းပြည်ပ ခရီးသွားမြှင့်တင်ရေးလုပ်ငန်းတွေမှာ သံတမန်အဖြစ် ထားရှိသွားမှာပါ။ ဒီပွဲကရွေးချယ်ခံရတဲ့ မြန်မာ့အလှမယ်ကိုလည်း စာချုပ်သဘောမျိုးနဲ့ ချုပ်ဆိုပြီး နိုင်ငံတကာပွဲတွေ စေလွှတ်သွားမယ်။ ပြည်တွင်း မှာလုပ်တဲ့ ခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ပွဲတွေ တက်ရောက်စေမယ်။ တခြား စည်းကမ်းချက်လေးတွေ လည်းပါဝင်မှာပါ” ဟု Myanmar Tourism Services မှ ကိုလင်းထိန် က ရှင်းပြခဲ့သည်။
Miss Myanmar 2012 ပြိုင်ပွဲ ၀င်လိုသူများအနေဖြင့် ညနေခင်း ပွဲတက်ဝတ်စုံ၊ အားကစားဝတ်စုံ၊ ရိုးရာဒေသတစ်ခုခုကို ကိုယ်စားပြုသည့် ၀တ်စုံစုစုပေါင်းသုံးစုံဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင် ကာ အခြေခံ အင်္ဂလိပ်ဘာသာစကား ပြောဆိုတတ်ရန် လိုအပ်ပြီး အထွေထွေ ဗဟုသုတရှိသူကိုသာ ဆန်ခါတင် ရွေးချယ်သွားမည်ဟု သိရသည်.။
အနာဂတ်ကောင်းကင်မှဖော်ပြသည် ။
No comments:
Post a Comment