ဧဒင်အချစ်ပုံပြင်: လှိုင်သာယာစက်မှုဇုန် ၃ ရှိ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ

Thursday 9 February 2012

လှိုင်သာယာစက်မှုဇုန် ၃ ရှိ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ

အဆိုပါစက်ရုံကို ၁၉၉၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး လစာကိစ္စအတွက် သုံးနှစ်ဆက်တိုက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည့် စက်ရုံဖြစ်
Posted on Feb 09 12 - 12:28 PM | Hits : 265
လှိုင်သာယာစက်မှုဇုန် ၃ ရှိ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃၊ တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမား ၁,၈၄၅ ဦးသည် ယခုလ ၆ ရက်နေ့မှ စတင်ဆန္ဒပြကာ ယနေ့ လေးရက်မြောက်နေ့တွင် အလုပ်ရှင်ဖက်မှ ကြေငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ယင်းကြေငြာချက်မှာ အလုပ်သမားများတောင်းဆိုသည့် အခြေခံလစာ တစ်နာရီလျှင် ၇၅ ကျပ်ကို တစ်နာရီလျှင် ၁၅၀ ကျပ် တိုးမြှင့်ပေးရန် တောင်းဆိုသည်ကို စက်ရုံပိုင်ရှင်မှ ၁၀ ကျပ်သာ တိုးမြှင့်ပေးသည့် အတွက် အလုပ်သမားများ ဆက်လက်ဆန္ဒပြနေပြီး ၁၁ ရက်နေ့အထိ ဆန္ဒပြသွားမည်ဟု ဆုံးဖြတ်ထားကြောင်း ယင်းနေရာရှိ အလုပ်သမားများက ပြောသည်။ တိုင်ရီစက်ရုံသည် တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြုပ်နှံထားသည့် ဖိနပ်စက်ရုံတစ်ခုဖြစ်ကြောင်း သိရသည်။
အဆိုပါစက်ရုံကို ၁၉၉၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး လစာကိစ္စအတွက် သုံးနှစ်ဆက်တိုက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည့် စက်ရုံဖြစ်သည်။

Credit: 7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...