၁၁-၃-၂၀၁၂ (တနင်္ဂနွေနေ့) တွင် ကျင်းပပြုလုပ်ခဲ့သော ပထမအကြိမ် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူဒါန်း ပွဲကြီးကို မလေးရှားနိုင်ငံ Chinese Assembly Hall (တရုတ်တန်းခမ်းမ) ၊ ကေအယ် ကွာလာလမ်ပူမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
မလေးရှားရောက် မြန်မာများနှင့် နိုင်ငံတကာ မှ အွန်လိုင်း စာဖတ်သူ မိတ်ဆွေများကို တင်ပြနိုင်ဖို့ အတွက် ကိုယ်တိုင် သွားရောက် သတင်း ရယူ၍ အမှတ်တရ ဓာတ်ပုံများဖြင့် တင်ဆက် ပေးလိုက်ပါသည်။
မလေးရှားရောက် မြန်မာများနှင့် နိုင်ငံတကာ မှ အွန်လိုင်း စာဖတ်သူ မိတ်ဆွေများကို တင်ပြနိုင်ဖို့ အတွက် ကိုယ်တိုင် သွားရောက် သတင်း ရယူ၍ အမှတ်တရ ဓာတ်ပုံများဖြင့် တင်ဆက် ပေးလိုက်ပါသည်။

မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့မှ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့လေးကို စတင်ဖွဲ့စည်း ဖြစ်ပေါ်လာဖြစ်ခဲ့ ပုံလေးကို မေးမြန်း ကြည့်တဲ့ အ ခါ .... .....

ကျွန်တော်တို့ ဒီအသင်းလေး စတင်ဖြစ် ပေါ်လာတာကတော့ ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ကျွန်တော်တို့ မိတ်ဆွေ လူနာတစ်ဦးဟာ ဆေးရုံ တင်ထားရပါတယ်။ အဲဒီ မိတ်ဆွေလူနာမှာ အရေးကြီးခွဲစိတ်မှု ခံယူရတဲ့ အခါမှာ အင်မတန်မှ သူ့အတွက် အရေးကြီးတစ်ကြီး လိုအပ်နေတဲ့ သွေးကို ကျွန်တော်တို့ အဖွဲ့သားတွေ အားလုံးမှ သွားရောက်ပြီး လှူဒါန်းခဲ့ပါတယ်။

အဲလို လှူဒါန်းပြီးတဲ့ အချိန်မှာ ဒီလူနာဟာလည်း ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပါတယ်။ သွေးလှူခဲ့တဲ့ အတွက် ကျွန်တော်တို့ အဖွဲ့သားများက အားလုံးပဲ ဝမ်းသာ ပီတိဖြစ်မိပါတယ်။ အဲလို ဝမ်းသာပီတိ ဖြစ်ခဲ့ပြီးတော့မှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံ နာရေးကူညီမှု အသင်းကြီးရဲ့ ဒုတိယ ဥက္ကဌ လည်းဖြစ် မြန်မာနိုင်ငံ ပရဟိတ လုပ်ငန်းများနဲ့ လူမှုရေး လုပ်ငန်းများစွာကို လုပ်ကိုင်လျှက်ရှိတဲ့ စာရေး ဆရာမကြီး ဒေါ်သန်းမြင့်အောင် မှ မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့နဲ့ ပီနန်မြို့တွေမှာ စာပေဟောပြောပွဲ အတွက် ရောက်ရှိခဲ့ပါတယ်။

ဒီလို ရောက်ရှိတဲ့ အချိန်မှာလည်း ဆရာမကြီးက ဘာလုပ်လဲ ဆိုလို့ရှိရင် .... ကျွန်တော်တို့ ဘာလုပ်ဖြစ်လဲ ဆိုရင် စာပေဟောပြောပွဲကို ကြွရောက်လာတဲ့ စာပေဝါသနာရှင်တွေ စာပေ အနုပညာ ရှင်တွေ အားလုံးကို ဆရာမကြီး မေတ္တာ ရပ်ခံတာက တစ်ခြားပရဟိတ လုပ်ငန်း အဖွဲ့အစည်းတွေ ရှိတယ်။ အခုလိုအပ်နေတာက သွေးလှူရှင် အဖွဲ့တွေ လိုအပ်နေတာ သူတွေ့ရတယ်ပေါ့လေ ... အဲအတွက်ကြောင့်မို့ သွေးလှူရှင် အဖွဲ့လေး ဖွဲ့စည်းဖို့ ဆိုပြီးတော့ စာပေဟောပြောပွဲ နေ့လေးမှာ ပီနန်မြို့မှာရော ကွာလာလမ်ပူ မြို့မှာရော ပြောကြားခဲ့ပါတယ်။

အဲဒီအချိန်မှာ ကျွန်တော်တို့လည်း အရမ်းဝမ်းသာ သွားခဲ့ပါတယ်။ ကျွန်တော်တို့ အဖွဲ့သား တွေကလည်း သွေးလှုရှင်များ အဖွဲ့လေးကို ဖွဲ့စည်းချင်နေတဲ့ အချိန်လေး ဖြစ်ပါတယ်။ ဆရာမကြီးက ပြောလိုက်တာနဲ့ သွားဆုံတဲ့ အခါကျတော့ စာပေဟောပြောပွဲ တွေ ပီးသွားပြီး ဆရာမကြီး ပြန်လည် မထွက်ခွာ ခင်မှာ ဆရာမကြီးနဲ့ ကျွန်တော်တို့ ဆွေးနွေးတိုင်ပင် ပြီးတော့မှ ဒီအဖွဲ့လေးကို ဖွဲ့စည်းဖို့အတွက် ဆရာမကြီးနဲ့ တိုင်ပင်ပြီးတော့မှ အကြံညဏ်လေး တောင်းခံ ခဲ့ပါတယ်။

ဆရာမကြီးကလည်း ဒီအဖွဲ့လေး ဖွဲ့စည်းဖို့ အတွက်ကို အကြံကောင်း ညဏ်ကောင်းလေးတွေ ပေးအပ်ပြီးတော့မှ မြန်မာနိုင်ငံကို ပြန်သွားပါတယ်။ ဆရာမကြီး ပြန်သွားပြီး ရက်ပေါင်း ၂၃ ရက်အကြာမှာ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ကျွန်တော်တို့က သူနာပြု ဆရာမကြီး ဒေါ်အေးအေးစိန် ရဲ့နေအိမ်မှာပေါ့နော် ... ကျွန်တော်တို့ လူငယ်များ သွေးလှူရှင် အဖွဲ့လေးကို ဖွဲ့စည်းခဲ့ပါတယ်။

ဒီလို ဖွဲ့စည်းပြီးတော့မှ ကျွန်တော်တို့ ဆရာမ သန်းမြင့်အောင် ကို အကြောင်းကြား ခဲ့ပါတယ်။ အဲလို အကြောင်းကြားတဲ့ အခါမှာ ဆရာမကြီးက အရမ်းကို ဝမ်းသားပြီးတော့မှ ကျွန်တော်တို့ အဖွဲ့ကို နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ဆိုပြီး နာမည်လေး ပေးခဲ့ပြီးတော့မှ ကျွန်တော်တို့ အဖွဲ့လေးကို ဖွဲ့စည်း တည်ထောင် ခဲ့ပါတယ်။

ဒီနေ့ လုပ်ဖြစ်တဲ့ ပထမအကြိမ် သွေးလှူပွဲကြီးနဲ့ ပက်သက်ပြီး မေးမြန်းတဲ့ အခါမှာတော့

ဒီနေ့လုပ်ဖြစ်တဲ့ ပွဲလေးနဲ့ ပက်သက်ပြီးတော့ ကျွန်တော်တို့က အတိုင်းမသိ အရမ်းပဲ ဝမ်းသာ ပီတိ ဖြစ်မိပါတယ်။ ကျွန်တော်တို့ ယူနီဖာစတီ ဆေးရုံမှာ ပေါ့နော် .... ပထမဦးဆုံး အကြိမ် သွေးလှူဒါန်းမှု အတွက်ကို ကျွန်တော်တို့က လူအယောက် ၃၀ နဲ့ ကြိုတင်ပြင် ဆင်ထားခဲ့ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ကလည်း လှူတဲ့နေရာမှာတော့ ဘယ်သူမှ လိုက်လို့ မမှီပါဘူး။ သွေးလှူပွဲ့ လုပ်မယ်လို့ ကြေငြာလိုက်ရော စာစောင်ထဲ ကြေငြာလိုက်တာနဲ့ တစ်ခါတည်း အယောက် ၆၀ အထိ ဖြစ်သွားပါတယ်။ အခု ဒီနေ့ အခမ်းအနား ကျင်းပနေတဲ့ အချိန်မှာ သွေးလှူဖို့ စရင်းပေးတဲ့ သူတွေဟာ အယောက် ၁၃၀ အထိ ဖြစ်နေပါတယ်။

သူတို့ရဲ့ သွေးလှုတဲ့ စိတ်ဓာတ် လေးတွေပေါ့ ။ သွေးတောင်မှ လှူချင်တဲ့ သူတို့ရဲ့ စိတ်ဓာတ်လေးတွေ မြင်ရတွေ့ရတယ်။ အရမ်းကို အားရဖို့လည်း ကောင်းပါတယ်။ ကျွန်တော်တို့ အခမ်းအနား ကျင်းပတဲ့ အခန်းကြီးတောင် ပြည့်လျှံပြီးတော့ အပြင်ထိတောင် ထွက်ထိုင် ရတဲ့ အနေ အထားမျိုးထိ ရောက်သွားပါတယ်။ ဒါတွေကိုကြည့်ခြင်း အားဖြင့် ကျွန်တော်တို့ရဲ့ သွေးလှူရှင်များ အဖွဲ့က အင်မတန် ဝမ်းသာ ကြည်နူးဖြစ်မိ ပါကြောင်း ကျွန်တော် ပြောချင်ပါတယ် လို့ .... ကိုစိုးဝင်း မှ ဖြေကြား ပေးသွားခဲ့ပါတယ်။

လူသားတို့၏ အသက်ကယ် ဆေးကုသမှုတွင် အရေးတကြီး လိုအပ်နေသော သွေးများကို အချိန်မီ ပေးအပ် လှုဒါန်းနိုင်ရန် ရည်ရွယ်၍ နှလုံးလှ ပရဟိတ လူငယ်များ သွေး လှူရှင်အဖွဲ့မှ ကြီးမှူးကာ ၂၀၁၂ ခုနှစ် ၁၁-၃-၂၀၁၂ (တနင်္ဂနွေနေ့) (တောင်သူလယ်သမားနေ့) အထိမ်းအမှတ်အဖြစ် ပထမအကြိမ် သွေးလှူဒါန်း ပွဲကြီးကို နံနက် (၁၀) နာရီ မှ ညနေ (၅) နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ပြီး .....
၎င်း သွေးလှူဒါန်းပွဲကြီးသို့ သွေး လာရောက်လှူကြသော ဧည့်ပရိတ်သတ်များအား အစားအသောက်များဖြင့် ဧည့်ခံကာ သွေးလှူဒါန်းရခြင်း နှင့် ပက်သက်သော ကျန်းမာရေး အသိပညာများ ကို တာဝန်ရှိသူများမှ အသိပေးပြောကြားပြီး အခမ်းအနားတွင် နှလုံးလှ ပရဟိတ လူငယ်များ အဖွဲ့မှ တာဝန်ရှိသူများမှ မိတ်ဆက်စကားပြောကြားခြင်း နှင့် ကျေးဇူးတင် စကားများကို ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ ကြောင်း သတင်း ရရှိပါသည်။

၎င်း သွေးလှူဒါန်းပွဲကြီးသို့ သွေး လာရောက်လှူကြသော ဧည့်ပရိတ်သတ်များအား အစားအသောက်များဖြင့် ဧည့်ခံကာ သွေးလှူဒါန်းရခြင်း နှင့် ပက်သက်သော ကျန်းမာရေး အသိပညာများ ကို တာဝန်ရှိသူများမှ အသိပေးပြောကြားပြီး အခမ်းအနားတွင် နှလုံးလှ ပရဟိတ လူငယ်များ အဖွဲ့မှ တာဝန်ရှိသူများမှ မိတ်ဆက်စကားပြောကြားခြင်း နှင့် ကျေးဇူးတင် စကားများကို ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ ကြောင်း သတင်း ရရှိပါသည်။
ဆက်လက်၍ မလေးရှားနိုင်ငံမှ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့လေးအား အသေးစိမ် အင်တာဗျုး မေးမြန်းချက် အစီအစဉ်လေးကို ကျွန်တော် အဆင်ပြေတဲ့ အချိန်လေးမှာ ထပ်မံတွေ့ဆုံပြီး အင်တာဗျုး သီးသန့် တင်ဆက် ပေးသွားမှာပါ။

အင်တာဗျုး ဖြေကြားချက်များကို စာနဲ့ ဖြစ်စေ ကျွန်တော်ရဲ့ မလေးရှား အွန်လိုင်း ရေဒီယို အသံလွင့် အစီအစဉ် ကနေ ဖြစ်စေ စောင့်မျှော် အားပေးကြပါလို့ အသိပေး ပြောကြားလိုက်ပါတယ် ခင်ဗျာ။
ဒီလိုအသင်းလေးတွေရှိနေတာ ကြားရတော့ဝမ်းသာပီတိဖြစ်မိပါတယ်
ReplyDeleteသွေးလှူသူအားလုံးလဲ စိတ်နှလုံးချမ်းမြေ့ပါစေလို့
ခင်မင်တဲ့ sis jasmine