ဧဒင်အချစ်ပုံပြင်: အိမ်သာ မရှိတဲ့ ယောက်ျားကို ကျော ခိုင်းခဲ့တဲ့ အိန္ဒိယ အမျိုးသမီး ဆုရ

Saturday 17 March 2012

အိမ်သာ မရှိတဲ့ ယောက်ျားကို ကျော ခိုင်းခဲ့တဲ့ အိန္ဒိယ အမျိုးသမီး ဆုရ




အိမ်သာ မရှိတဲ့ ယောကျာ်းကို ကျောခိုင်းခဲ့တဲ့ အိန္ဒိယ အမျိုးသမီး ဆုရအိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ် ကျေးရွာ တစ်ရွာမှ ပူပူနွေးနွေး လက်ထပ်ပြီးစ အမျိုး သမီးတစ်ဦးဟာ သူ့ယောကျာ်း အိမ်မှာ အိမ်သာ မရှိတဲ့ အတွက်၊ အိမ်သာ ဆောက်ပေးဖို့ ပြတ်ပြတ် သားသား တောင်းဆို ခဲ့တာကြောင့် ယခုနှစ်မှာ သူရဲကောင်းဆု ချီးမြှင့် ခံရပါတယ်။

Anita Narre ဆိုတဲ့ အမျိုးသမီးငယ်ဟာ မနှစ်ကမှ မေလမှာ လက်ထပ်ခဲ့ပြီး၊ နှစ်ရက် အကြာမှာ သူ့ယောကျာ်းShivram ရဲ့ နေအိမ်ကနေ ဆင်းလာခဲ့ပါ တယ်။ အကြောင်းကတော့ သူ့ ယောကျာ်းအိမ်မှာ အိမ်သာမရှိလို့ပါ။

ရှစ်ရက်ကြာပြီးမှ ယောကျာ်းဖြစ်သူ က သူ့ရဲ့ချွေးနည်းစာနဲ့ ကောင်းမွန် တဲ့ အိမ်သာတစ်လုံး ဆောက်လုပ် ပေးမှ Anita Narre က အိမ်ပေါ် ပြန်တက်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ ကို အိမ်သာဆောက်ဖို့ ဖိအားပေးခဲ့ တဲ့ Anita Narre ကို အမျိုးသမီး သူရဲကောင်းအဖြစ် အိန္ဒိယရှိ NGO အဖွဲ့တစ်ဖွဲ့က ဒေါ်လာ ၁ သောင်း မကြာခင်က ဆုချီးမြှင့်ခဲ့ပါတယ်။

အိန္ဒိယလူဦးရေ သန်းတစ်ထောင် ကျော်မှာ တစ်ဝက်က အိမ်သာမရှိဘဲ နေ့စဉ်ကြုံရာ အပြင်ဘက်မှာ အခင်း သွားလေ့ရှိပါတယ်။ မိလ္လာနဲ့ ရေဆိုး စနစ် ညံ့ဖျင်းမှုကြောင့် အမျိုးသမီး တွေမှာ ကျန်းမာရေး မညီညွတ်မှုနဲ့ ကူးစက်ရောဂါတွေရရှိကြပါတယ်။

ခင်ပွန်းသည်Shivram က အလုပ် သမားတစ်ယောက်ဖြစ်လို့ သူ့ဝင်ငွေ နဲ့ အိမ်သာဆောက်နိုင်စွမ်းမရှိ ကြောင်း ပြောပါတယ်။ "ကျွန် တော် စုဆောင်းထားတာလေးရယ်၊ တစ်ရွာလုံးက ကျွန်တော့်အဖြစ်ကို မကြည့်ရက်လို့ ဝိုင်းပေးကြတာရယ် နဲ့ အိမ်သာအမြန်ဆောက်လိုက်ပါ တယ်။

အတော်သန့်ရှင်းသေသပ်တဲ့ အိမ်သာလေးပါ။ အဲဒါဆောက်ပြီးမှာ ကျွန်တော့်မိန်းမ ပြန်လာပါတယ်" Anita Narre ကတော့ ဘီဘီစီကို သူ အိမ်သာတောင်းဆိုရတဲ့ အကြောင်း ပြောပြပါတယ်။

"ကျွန်မတို့ အမျိုးသမီးတွေအနေနဲ့ အိမ်ပြင်ထွက်အခင်းသွားဖို့ဆိုတာ ဘယ်လိုမှ မသင့်တော်ဘူး။ ကျန်းမာ ရေးအတွက်လည်း မကောင်းဘူး၊ အန္တရာယ်လည်းရှိတယ်၊ လူလည်း မြင်တယ်၊ အိမ်တစ်အိမ်မှာ အိမ်သာ တစ်လုံးတော့ ရှိသင့်တာပေါ့။ အမျိုးသမီးတိုင်း အိမ်သာကောင်း ကောင်းရှိတဲ့ ယောကျာ်းမျိုးကိုပဲ လက်ထပ်သင့်တယ်" ယခုတော့ အိန္ဒိယအစိုးရနဲ့ NGOအဖွဲ့တွေ ပူးပေါင်းပြီး လူလတ်တန်းစားတွေ အတွက် ရေဆွဲအိမ်သာ(toilet)နဲ့ ဆင်းရဲသားများအတွက် တွင်း အိမ်သာ (latrine) ရရှိရေး အပူ တပြင်း လှုံ့ဆော်ဆောင်ရွက်နေပါ တယ်။
@ မန္တလေးအလင်း

3 comments:

  1. အမလေး အိမ်သာမရှိရင် ကိစ္စတွေဘယ်လိုများရှင်းမှာလဲနော်

    ReplyDelete
  2. သူတို့နိုင်ငံကအိမ်သာမရှိကြဘူးကို ဟီဟီ

    ReplyDelete
  3. အထူးအဆန်းလေးပဲနော်......မှတ်သားထိုက်ပါပေတယ်....India ရယ်.....

    ReplyDelete

Related Posts Plugin for WordPress, Blogger...