ဧဒင်အချစ်ပုံပြင်: မှန်တင် ခုံရှေ့ အလှပြင်ရာဝယ် "ထွန်းအိန္ဒြာဗို"

Sunday 18 March 2012

မှန်တင် ခုံရှေ့ အလှပြင်ရာဝယ် "ထွန်းအိန္ဒြာဗို"

မှန်တင်ခုံရှေ့အလှပြင်ရာဝယ် ထွန်းအိန္ဒြာဗိုမင်းသမီးလေးက အသားအ ရေလှလိုက်တာ မင်းသမီးရဲ့ မိတ် ကပ်က ပါးပါးလေးနဲ့ ဝင်းနေတာပဲ ကြည့်ကောင်းလိုက်တာ . . . အသားအရေကောင်းလိုက်တာ သူ ဘာတွေသုံးလဲမသိဘူးနော် . . .
လို့ သိချင်ကြတဲ့ အလှကြိုက်ပျိုပျို တို့အတွက် ဆန္ဒပြည့်စေဖို့ ဒီကဏ္ဍ လေးကိုတင်ဆက်လိုက်ပါတယ်။ ကိုယ်က Cosmeticတွေကို မျိုးစုံသုံးတယ်။ ဘာကြောင့်လဲဆို တော့ နိုင်ငံခြားကိုသီချင်းဆိုလို့ပဲ သွားသွား၊ အလည်ပဲသွားသွား ကိုယ်က အနုပညာရှင်တစ်ယောက် ဆိုတော့ လက်ဆောင်ပေးတဲ့သူ တွေက Cosmetic တွေပဲပေးကြ တယ်။ Brand ကလည်း အစုံပါ တယ်။ နောက်ဆုံးကျတော့ မြန်မာ ပြည်က ရာသီဥတုနဲ့ကိုက်တဲ့ မြန် မာပြည်အခြေစိုက် Cosmetic Brandတွေနဲ့ အတည့်ဆုံးဖြစ်နေ တယ်။
အခုအသက်အရွယ်မှာ ဂရု စိုက်ရတဲ့အပိုင်းက မျက်လုံးဖြစ်သွား ပြီ။
မျက်အိတ်ကပြန်ကျတော့ နက် နက်ခြယ်ရတယ်။ နောက်တစ်ဖက် နဲ့တစ်ဖက် မညီတာကလည်း ပိုသိ သာလာတယ်။ ငယ်ငယ်တုန်းက တော့ သိပ်မ သိသာ သလိုပဲ။ Body ပိုင်းကတော့ ကျန်းမာရေးအတွက် လမ်းလျှောက်တယ်။ နံနက် ၇နာရီ ခွဲ နေရောင်ခြည်နဲ့ လမ်းလျှောက် တယ်။ နာရီဝက်လောက်လျှောက် ပြီး အခန်းထဲမှာ ၁၅မိနစ်လောက် စက်ဘီးစီးတယ်။ ရေကတော့ 2Liter ရအောင်သောက်တယ်။ အစား အသောက်ကတော့ကျန်းမာရေးဦးစီး ဌာနက ညွှန်ကြားထားတဲ့ အုပ်စုသုံး စုလုံး နေ့တိုင်းပါအောင်စားတယ်။
ရောဂါကာကွယ်တဲ့အုပ်စု၊ ခန္ဓာ ကိုယ်ကြီးထွားစေတဲ့အုပ်စု၊ အသား ဓာတ်ရစေသောအုပ်စု စသည်ဖြင့် ပေါ့။ နည်းနည်းစီပဲစားတယ်။ ထပ် စားချင်တဲ့အချိန်မှာ တော်လိုက် တယ်။ အငတ်ခံမှဖြစ်မှာလေ။ အ အေးတို့၊ ရေခဲရေတို့တော့ ရှောင် တယ်။ အရသာအလွန်တွေဆိုရင် လည်း မစားတော့ဘူး။
8 Days

2 comments:

  1. ဒီအကြောင်းလေးကို ဂျာနယ်ထဲ ဖတ်ပြီးပေမယ့် တစ်ခေါက်ပြန်ဖတ် ဖြစ်တယ်။ အရမ်းသဘောကျတဲ့ အနုပညာရှင် မို့လို့။ :P ပြီးတော့ သူ လက်ရှိ လုပ်ဆောင်နေတဲ့ ခန္ဓာကိုယ်နဲ့ အသားအရေ ထိန်းသိမ်းတဲ့ နည်းလမ်းကို ထောက်ခံတယ်။ ခု ကိုယ့်ဟာကိုယ်လည်း သိသာတယ်။ လမ်းကို တစ်နေ့ နှစ်နာရီလျှောက်တယ်။ ထမင်း တစ်နပ်တည်း စားတယ်။ ရေများများသောက်တယ်။ တစ်လအတွင်း အရမ်းသိသာပါတယ်။ :)

    ReplyDelete
  2. သူ့ကိုငယ်ငယ်ကတဲက အရမ်းကြိုက်ခဲ့တာခုထိကြိုက်နေတုန်းပဲလေ
    သူ့စတိုင်လေးကိုသဘောကျတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...